နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ်သာ ပါပြီး ခံစစ် ပါမလာခဲ့တာကြောင့် သရေ တစ်မှတ်ပဲ ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ နောက်အကျဆုံး ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဘုန်းမောက်တို့ ၄-၄ ရလဒ်နဲ့ သရေကျသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရသလို ယူနိုက်တက်က ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် သွင်းယူနိုင်ခဲ့ပေမယ့် အားနည်းလွန်းတဲ့ ခံစစ်ကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် Top 4 အတွက် ပြီးခဲ့တဲ့ အခွင့်အရေး နှစ်ကြိမ်ကို လက်လွှတ်ခဲ့ရပြီးနောက် ဒီတစ်ပတ် မှာလည်း အခွင့်အရေး ထပ်ရခဲ့တာပါ။ အိမ်ကွင်းမှာ သေချာပေါက် အမှတ်ပြည့်ယူရမယ့် အဲဗာတန်၊ ဝက်စ်ဟမ်း တို့နဲ့ ပွဲတွေမှာ ၁ မှတ်သာ ရခဲ့သလို အခု ဘုန်းမောက်နဲ့ပွဲ မှာလည်း ခံစစ်က ပြောစရာ မရှိလောက်အောင် ဆိုးရွားလွန်းတာကြောင့် ကိုယ့်အသင်းက အကြိမ်ကြိမ် ဦးဆောင်ခွင့်ရပြီးမှ ၄-၄ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မလိုချင်လို့လား ဆိုပြီး မေးခွန်းတောင် ထုတ်ရမလိုပါပဲ။ 

ဒီနေ့ပွဲမှာ ယူနိုက်တက် ဘက်က ရှေ့တန်းနဲ့ ကွင်းလယ်မှာ လူစုံခဲ့ပေမယ့် ခံစစ်ပိုင်း မှာတော့ ဒီလစ်ဂျ်၊ မက်ဂွိုင်းယား၊ မက်ဇ်ရာရီတို့ မပါနိုင်လို့ အီဒင် ဟဲဗန်း၊ လီနီ ယိုရို၊ လုခ် ရှော တို့ကို သုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမော်ရင် ရွေးချယ်ခဲ့တဲ့ ၃ ယောက်တန်း ခံစစ်က‌ တော်တော်လေးကို လျော့ရဲနေခဲ့ပါတယ်။ ဟဲဗန်းနဲ့ ယိုရိုတို့ အကြားမှာ အမြဲတမ်း နေရာလွတ်တွေ ဖြစ်နေခဲ့သလို ဒါတွေကို ဘုန်းမောက်က အသုံးချပြီး ဂိုးတွေ ယူသွားခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်ရဲ့ အသင်းက High Pressing ကို ကောင်းကောင်း ကစားနိုင်တာကြောင့် ဂိုးတွေ ရှယ်ရခဲ့ပေမယ့် ခံစစ် ကတော့ ရသလောက် ပြန်ပေးခဲ့ရတာက စိတ်ပျက်စရာပါ။

ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် Top 4 အတွက် ပြီးခဲ့တဲ့ အခွင့်အရေး နှစ်ကြိမ်ကို လက်လွှတ်ခဲ့ရပြီးနောက် ဒီတစ်ပတ် မှာလည်း အခွင့်အရေး ထပ်ရခဲ့တာပါ။
ပရီးမီးယားလိဂ် Top 4 အတွက် အခွင့်အရေး ၃ ကြိမ်ကို အသုံးမချနိုင်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် အတွက် ဦးဆောင်ဂိုးတွေ ကိုတော့ အာမက်ဒ်၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ကူညာ တို့က သွင်းယူပေးခဲ့ပြီး ဘုန်းမောက် ဘက်က ဆီမီညို၊ အီဗန်နီလ်ဆင်၊ တာဗာနီယာ၊ ခရော့ပီ တို့က လိုက်လံ ချေပခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် နောက်ထပ် အားနည်းချက် တစ်ခုက ကွင်းလယ်က ကတ်စ်မဲရိုးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ နှစ်ဦးစလုံးက Tempo အတင်၊ အချ လုပ်နိုင်တဲ့ အပိုင်းမှာ အားနည်းပြီး တိုက်စစ်ကိုပဲ လိုက်ချင်တာကြောင့် ခံစစ်ကို ပြန်ပြီးတော့ Cover လုပ်ပေးမဲ့သူ မရှိပါဘူး။ ယူနိုက်တက် တိုက်စစ် ကစားရင် တစ်ဖက် ကွင်းဘက်ခြမ်းမှာ မေဆန် မောင့်၊ ကူညာ၊ အမ်ဘူမို၊ အာမက်ဒ် ဒီယာလို၊ ဒါလော့တ်၊ လုခ်ရှော၊ ကတ်စ်မဲရိုး၊ ဘရူနို ဖာနန်ဒက်စ်တို့ အားလုံး တက်သွားပြီး ဒီကြားထဲ ဟဲဗန်း ကလည်း တစ်ကိုယ်တော် အစွမ်းနဲ့ တိုက်စစ် လိုက်ကစားတတ်လို့ ခံစစ်မှာ ယိုရို တစ်ယောက်ပဲ နေခဲ့ရတာမျိုးတွေလည်း ရှိပါတယ်။ 

ဒီပွဲရလဒ်က ယူနိုက်တက်ကို အိမ်ကွင်း ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးစေခဲ့ပါတယ်။ ဒီပွဲရလဒ်က မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးစေခဲ့ပြီး အခုပွဲ နိုင်ရင် ချဲလ်ဆီးနဲ့ အမှတ်တူ၊ အဆင့် ၅ နေရာကို ရောက်လာမှာ ဖြစ်ပေမယ့် ယူနိုက်တက်ဟာ ၂ မှတ် ဖြုန်းတီးခဲ့ပြန်တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ကစားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တာပါ။ 

 ပွဲအပြီး မှာတော့ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ဘုန်းမောက်နဲ့ ၄ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ အခုရလဒ်ထက် ကွဲပြားခြားနားတဲ့ ရလဒ် ရခဲ့သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အမော်ရင်က “တကယ်ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ အရမ်းကောင်းတဲ့ ပထမပိုင်းလည်း ရှိခဲ့တယ်။ ရလဒ် ကတော့ လုံးဝ ကွဲပြားခြားနားသင့်တယ်။ ကျွန်တော်တို့ စုစည်းမှု ဆုံးရှုံးခဲ့ပြီး သူတို့က ၂ ဂိုး သွင်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ဂိုး ထပ်သွင်းနိုင်ပြီး အဲဒီနောက် ပွဲပြီးဆုံးအောင် လုပ်ဆောင်ခဲ့ရမှာပါ။ ကျွန်တော်တို့ ဒါမျိုး ထပ်မဖြစ်ရေး စဉ်းစားတွေးတောဖို့ လိုပါတယ်။ ဒါပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို ချဉ်းကပ်ရမှာပါ။ ကောင်းတဲ့ အရာတွေ များစွာ ရှိပေမယ့် အလုပ်တွေလည်း များစွာ လုပ်ရဦးမယ်။ ကျွန်တော် တို့ဟာ တစ်ခါတစ်ရံ နောက်တန်း ၃ ယောက်၊ ၄ ယောက်၊ ၅ ယောက် စတဲ့ အချက်အလက်တွေအရ ပွဲတွေကို အနိုင်မရပါဘူး။ ဒါဟာ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုတာ၊ ပွဲအရှိန်အဟုန်ကို နားလည်ဖို့ လိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။”

“ကျွန်တော်တို့ ပိုပြီး လက်တွေ့ကျဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ယနေ့မှာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာဖြစ်ပြီး ပွဲအနိုင်ရဖို့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေ့ စွမ်းဆောင်ရည်မျိုးကို ကျွန်တော်တို့ အာရုံစိုက်ထားဖို့ လိုပါတယ်။ နောက်ဆုံး အိမ်ကွင်း နှစ်ပွဲ နဲ့တော့ ခြားနားပါတယ်။ ဒါဟာ ကျွန်တော်တို့ အလေးထား ဂရုပြုရမယ့် အချက် တစ်ချက်ပါပဲ။ ရလဒ်ကလည်း အတူတူ ဖြစ်ပြီး အခြေအနေအရ စိတ်ပျက်ရပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် ကတော့ ကွဲပြားခြားနားပါတယ်။” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်