နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာဖင်ညာကို ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက်၊ အမ်ဘူမိုကို ယူနိုက်တက်ထက် လုပ်ခလစာ ပိုပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ စပါး | ပရီးမီးယားလိဂ်

ဇွန်လ ၁၈ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာ တိုက်စစ်မှူး ရာဖင်ညာကို ယူရိုသန်း ၁၅၀ (ပေါင် ၁၂၇ ဒသမ ၇ သန်း)နဲ့ ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဘာစီလိုနာ ဘက်ကတော့ ရာဖင်ညာကို မရောင်းချချင်သလို သက်တမ်းလည်း တိုးဖို့ ရှိပေမယ့်လည်း အခုလိုမျိုး ထူးခြားတဲ့ ကမ်းလှမ်းချက် ရရှိရင်တော့ နားထောင်ဖွယ် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ နယူးကာဆယ်က တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် အတွက် ဘာစီလိုနာရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့ကြောင်း El Nacional က ဖော်ပြပါတယ်။ ငှက်ကြားတွေဟာ အိဆက်ခ်ရဲ့ အပြောင်းအရွှေ့ အတွက် ရာဖင်ညာကို အလဲအလှယ် အနေနဲ့ ထည့်သွင်းမှသာ ဆွေးနွေးမှုတွေ စတင်မှာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ အိဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင် သန်း ၁၅၀ အထိ အလိုရှိနေပါတယ်။

FootballTransfers ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ရဲ့ ကိုယ်စားလှယ်တွေဟာ အလားအလာ ရှိတဲ့ နွေရာသီ အပြောင်းအရွှေ့ အတွက် ယူနိုက်တက်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီကစားသမားရဲ့ တန်ကြေး ကတော့ ယူရို ၄၅ သန်း (ပေါင် ၃၈.၃ သန်း)သာ ရှိတာကြောင့် သရဲနီတွေ အတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ နည်းပြ သောမက်စ် ဖရန့်ခ်နဲ့ အမ်ဘူမို တို့ရဲ့ ရင်းနှီးမှုကို အသုံးချကာ အပြောင်းအရွှေ့မှာ အသာရဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ် ကိုသာ ပြောင်းရွှေ့ချင်နေဆဲ ဖြစ်တဲ့ အမ်ဘူမို

တော့တင်ဟမ်ဟော့စပါး ကတော့ ဘရန့်ဖို့ဒ် တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို မန်ချက်စတာယူနိုက်တက်ထက် လုပ်ခလစာ ပိုမို မြင့်မားစွာ ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း Manchester Evening News က ဖော်ပြပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ နည်းပြ သောမက်စ် ဖရန့်ခ်နဲ့ အမ်ဘူမို တို့ရဲ့ ရင်းနှီးမှုကို အသုံးချကာ အပြောင်းအရွှေ့မှာ အသာရဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကင်မရွန်း တိုက်စစ်မှူး ကတော့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိနေဆဲ ဖြစ်သည်။

လစ်ဗာပူးလ် ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ TEAMtalk က ဖော်ပြခဲ့ပါတယ်။ အလဲအလှယ်စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် လစ်ဗာပူးလ်က ဒါဝင် နူညက်ဇ်နဲ့ ဖက်ဒရစ်ကို ခီယေဇာ တို့ကို အလိုက်ပေး ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ ဖလော်ရီယန် ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် အလုပ်ရှုပ်နေဆဲ ဖြစ်ပြီး မကြာခင်မှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

အိုဆင်မ်ဟန် အနေနဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ ညှိနှိုင်းမှုတွေ အဆုံးသတ်သွားခဲ့ပေမယ့်လည်း Sabah ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

အကယ်၍ မန်စီးတီး အနေနဲ့ ဂိုးသမား အီဒါဆင်ကို ဆုံးရှုံးခဲ့ရမယ် ဆိုရင် ပီအက်စ်ဂျီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန် ကလည်း ပရီးမီးယားလိဂ် ကလပ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးက ဝက်စ်ဟမ်း တိုက်စစ်မှူး ဂျရော့ဒ် ဘိုဝင်ကို ခေါ်ယူဖို့ ရှိနေတယ် ဆိုတဲ့ ကောလာဟလတွေဟာ ၁၀၀ ရာခိုင်နှုန်း အဓိပ္ပာယ် မရှိကြောင်း Claret & Hugh က ဖော်ပြခဲ့ပါတယ်။ အဲဗာတန် နည်းပြ ဒေးဗစ် မွိုက်စ် ကတော့ စတုဂတ် တိုက်စစ်မှူး နစ်ဝဲလ်တီမာဒီကို ခေါ်ယူလိုနေကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ ဒီဂျာမန်သား ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်