အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ လာမယ့် နွေရာသီ ကွင်းလယ် ပစ်မှတ်တွေ ကတော့ ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့နဲ့ စတုဂတ်က အိန်ဂျယ်လို စတယ်လာတို့ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန် အပြင် ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန် တို့ကိုလည်း မျက်စိကျနေပါသေးတယ်။
နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အန်ဒါဆန်ဟာ မန်စီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေပြီး ဖောရက်စ် ဘက်ကတော့ ပေါင် သန်း ၇၀ လောက် ရမှပဲ ရောင်းထုတ်နိုင်ချေ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လစ်ဗာပူးလ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ အင်္ဂလန် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို စတင် ကြိုးစားလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဂူဟီ ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ အပြင် လာလီဂါ ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ကပါ စိတ်ဝင်စားနေကြပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ နာပိုလီ ကွင်းလယ် ကစားသမား စကော့တ် မက်တော်မီနေးကို ခေါ်ယူဖို အံ့အားသင့်ဖွယ် စိတ်ဝင်စားလာခဲ့ပါတယ်။ မက်တော်မီနေး ကလည်း လက်ရှိ ကလပ် နာပိုလီမှာ ခြေစွမ်းပြနေပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာချင်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။
မိုဟာမက် ဆာလာ ကတော့ နာမည် မဖော်ပြထားတဲ့ ဆော်ဒီပရိုလိဂ် ကလပ် အသင်း တစ်သင်းထံက တစ်နှစ် ယူရို သန်း ၁၅၀ တန် ကမ်းလှမ်းမှု ရရှိထားကြောင်း သိရပါတယ်။ ဆာလာဟာ ဒီရာသီ လစ်ဗာပူးလ်မှာ ခြေစွမ်း သိသိသာသာ ကျဆင်းနေတာကြောင့် လာမယ့် အပြောင်းအရွှေ့တွေ မှာတော့ အသင်း ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဗင်နီးစီးယပ်စ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ မန်စီးတီး တို့က ထိပ်ဆုံးက စိတ်ဝင်စားနေပါတယ်။ ဗင်နီဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ပြဿနာ အကြီးအကျယ် တက်ထားပြီး အသင်း ဘက်ကလည်း သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားလျက် ရှိပါတယ်။
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်က ဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ချဲလ်ဆီး ကလည်း စပါးကို ၀-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် ၄ ပွဲဆက် အရှုံးကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး ကလည်း နိုင်ပွဲ ပြန်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ဗီလာ နည်းပြ အူနိုင်း အမ်မရီ ကတော့ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပေမယ့် နိုင်ပွဲတွေ မကြာခင်ရောက်လာတော့မှာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါး နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ သူတို့ အသင်းဟာ အာရုံစူးစိုက်မှု နည်းပါးလွန်းတာကြောင့် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ် ကတော့ ခရီမိုနိစ်ကို ၁-၂ နဲ့ အနိုင်ရခဲ့ကာ ဘေယန်မြူးနစ် ကလည်း လေဗာကူဆင်ကို ၃ ဂိုးပြတ်နဲ့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။ ဂျူဗင်တပ်စ် ကတော့ နည်းပြ စပယ်လက်တီ လက်ထက်မှာ ပွဲဦးထွက် နိုင်ပွဲ ရခဲ့တာလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ လေဗာကူဆင်ကို ဂိုးပြတ် အနိုင်ရပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပေမယ့် နိုဝင်ဘာလမှာ ဘာဖလားမှ မပေးဘူး ဆိုပြီး အသင်းသားတွေကို ဆက်လက် သတိထားကြဖို့ နည်းပြ ဗင်းန်ဆင့် ကွန်ပနီက ပြောဆိုလိုက်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


