နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့်ရရင် တိုနာလီကို ခေါ်ယူဖို့ ကမ်းလှမ်းမယ့် ယူနိုက်တက်၊ ဘော့တ်မန်းကို စိတ်ဝင်စားလာတဲ့ ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

နွေရာသီ အပြောင်းအရွှေ့ နီးလေ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ပိုမို ပေါ်ထွက်လာလေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါ မှာလည်း ဘောလုံး ပရိသတ်တွေ စိတ်ဝင်စားနိုင်မယ့် အပြောင်းအရွှေ့ သတင်းတချို့ကို ဆက်လက် ဖော်ပြပေးချင်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ရင်တော့ ဒီနွေရာသီမှာ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ယူရို သန်း ၁၀၀ (ပေါင် ၈၄.၄ သန်း) နဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ တိုနာလီ ကတော့ ဒီရာသီမှာ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ငှက်ကြား အဖြစ် ဆက်လက် ဖြတ်သန်းဖို့ ဆုံးဖြတ်ထားကြောင်း ပြောကြားထားခဲ့ဖူးပါတယ်။ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဘရူနို ဖာနန်ဒက်စ်ကို ၃ နှစ် စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံရပြီးနောက် တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေတဲ့ အာဆင်နယ် နောက်ခံလူ ယာကုဗ် ခီဗီယော ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကတော့ ခီဗီယောရဲ့ အေးဂျင့်တွေထံ စာချုပ်သစ် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် နယ်သာလန် ကစားသမား ကတော့ ပရီးမီးယားလိဂ်ကို မပြောင်းရွှေ့ခင် ပြင်သစ် ကလပ် လိုင်လီမှာ ၂ ရာသီကြာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီမှာ ကစားခဲ့ဖူးတဲ့ ဘော့တ်မန်း

လေဗာကူဆင် ဗဟိုနောက်ခံလူ ဂျွန်နသန် တာ့ရ် ကတော့ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆန္ဒရှိနေပြီးတော့ ဒီအပြောင်းအရွှေ့မှာ ယူနိုက်တက်က ဘေယန်မြူးနစ်ကို အသာရသွားဖွယ် ရှိနေပါတယ်။ ဂျွန်နသန် တာ့ရ် ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် တို့လို အသင်းတွေနဲ့ သတင်းတွေ ထွက်နေသလို ဘေယန်မြူးနစ် ကလည်း ဂျာမန်သားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ယူရို ၇၅ သန်း (ပေါင် ၆၃.၁ သန်း) နဲ့ ခေါ်ယူဖို့ ပထမဦးဆုံး အကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ယိုကီးရက်စ် အတွက် အာဆင်နယ်ထက် ပိုပြီးကောင်းတဲ့ ကမ်းလှမ်းမှု ပြုလုပ်နိုင်ဖွယ် ရှိနေပြီး ဒီအခြေအနေ ကိုတော့ ဂန်းနားတွေ ဘက်က စိုးရိမ်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ ဘီလ်ဘာအို ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရိုဒရီဂိုထက် ဦးစားပေး ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ နီကို ဝီလီယမ်စ် ကိုတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အဓိက စိတ်ဝင်စားနေကြတာ ဖြစ်ပြီးတော့ ရိုဒရီဂို ကိုတော့ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့က ခေါ်ယူချင်နေကြတာ ဖြစ်ပါတယ်။

တချို့သော သတင်းတွေ မှာတော့ အာဆင်နယ်ဟာ သူတို့ ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့တဲ့ လိုင်လီ တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်ကို ခေါ်ယူဖို့ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း တို့ထက် အခြေအနေကောင်းနေကြောင်း သိရပါတယ်။ ကနေဒါ တိုက်စစ်မှူး ကတော့ မကြာခင်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား ဖြစ်ပြီး သူ့ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွားက အလိုရှိနေကြပါတယ်။

အဲဗာတန် ကွင်းလယ်လူ အက်ဘ်ဒူလာရီ ဒူကိုရေး ကတော့ ဆော်ဒီပရိုလိဂ် ကလပ် ကလပ် အဲလ်ရှာဘက် ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ နယူးကာဆယ် ဗဟိုခံစစ်မှူး ဆဗန် ဘော့တ်မန်းကို ဒီနွေရာသီမှာ ခေါ်ယူဖို့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် နယ်သာလန် ကစားသမား ကတော့ ပရီးမီးယားလိဂ်ကို မပြောင်းရွှေ့ခင် ပြင်သစ် ကလပ် လိုင်လီမှာ ၂ ရာသီကြာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဘိုလော့ဂ်နာ ဗဟိုနောက်ခံလူ ဂျွန်လူကူမီကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ လစ်ဗာပူးလ် တို့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ချဲလ်ဆီးက အလေးအနက်ထား ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ စထရက်စ်ဘော့ဂ် တိုက်စစ်မှူး အီမန်နျူရယ် အီမက်ဂ်ဟာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်