ဇူလိုင်လ ၅ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အတွက် ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ရောင်းချဖို့က ဦးစားပေး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒိန်းမတ် လက်ရွေးစင် အတွက် အသင်းသစ် ရှာဖွေမပေးနိုင်ခဲ့ရင်တော့ ဈေးကွက် အတွင်း ရောင်းထုတ်ဖို့ ပိုမို လွယ်ကူမယ့် ဂျော်ရွှာ ဇီယက်ခ်ဇီး ကိုသာ ရှင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် အသင်းမှာ ရှိတဲ့သူတွေကို အရင်ဆုံး ရှင်းထုတ်ဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဘရန့်ဖို့ဒ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း တောင်းဆိုထားပြီး ယူနိုက်တက် ဘက်က ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ဂိုးသမား ပစ်မှတ် စာရင်းမှာ ဘိုတာဖိုဂိုက ဂျွန် ဗစ်တာ ပါဝင်နေကြောင်း သိရပါတယ်။ UOL ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ဗစ်တာကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ပြီး ဘရာဇီးလ် ကလပ် ဘက်ကတော့ သူတို့ရဲ့ ဂိုးသမားကို အမေရိကန်ဒေါ်လာ ၈ သန်း (ပေါင် ၅.၉ သန်း) တန်ကြေး သတ်မှတ်ထားပါတယ်။
ချဲလ်ဆီး ကတော့ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား မိုဟာမက် ကူဒု့စ်ကို စပါးနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းထောက် ဆိုင်မွန် ဖီးလစ်က ဖော်ပြပါတယ်။ ဝက်စ်ဟမ်း ကတော့ ကူဒု့စ် အတွက် ချဲလ်ဆီး ထံမှ ပေါင် သန်း ၅၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

GIVEMESPORT ရဲ့ ဖော်ပြချက်အရ အဲလ်နာဆာက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် တောင်ပံကစားသမား ဂါဘရီရယ် မာတင်နယ်လီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ မာတင်နယ်လီ အတွက် ယူရို ၈၅ သန်း (ပေါင် ၇၃.၃ သန်း) ပြင်ဆင်ထားပေမယ့် အာဆင်နယ် နဲ့တော့ အဆက်အသွယ် မလုပ်ရသေးပါဘူး။
ဗစ်တာ ယိုကီးရက်စ် ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့လာဖို့ တဖြည်းဖြည်း ပိုသေချာလာပြီ ဖြစ်ကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဆွီဒင်သားဟာ ဂန်းနား ဖြစ်လာဖို့ အတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချထားပြီး မန်နေဂျာ မီခဲလ် အာတေးတားနဲ့လည်း တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးထားပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ယာအို ဖီးလစ် ကိုတော့ ဂါလာတာဆာရေးထံ ပြောင်းရွှေ့နိုင်ဖို့ ကစားသမားရဲ့ အေးဂျင့်တွေက ကြိုးပမ်းပေးလျက် ရှိကြောင်း ချဲလ်ဆီး သတင်းတွေမှာ ဖော်ပြနေပါတယ်။ တူရကီ ကလပ် ဘက်ကတော့ ယာအို ဖီးလစ် အတွက် တရားဝင် ချဉ်းကပ်မှု ပြုလုပ်ဖို့ ချိန်ဆနေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဇန်နဝါရီတုန်းက ခေါ်ယူခဲ့တဲ့ နီကို ဂွန်ဇာလက်ဇ် အပေါ်မှာ ယုံကြည်မှု မရှိတော့ကြောင်း သိရပါတယ်။ အသင်းကို တီဂျန်နီ ရီအင်ဒါ ရောက်ရှိလာခြင်းနဲ့ အတူ ရိုဒရီ ကလည်း ပြန်လာနိုင်ပြီ ဖြစ်တာကြောင့် နီကို အနေနဲ့ အသင်းမှာ နေရာ ပျောက်ဆုံးဖို့ များနေပြီလည်း ဖြစ်ပါတယ်။
နယူးကာဆယ် ကတော့ အတ္တလန္တာ ဗဟိုနောက်ခံလူ ဂျော်ဂျီယို စကယ်လ်ဗီနီကို နွေရာသီ ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း The Times က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ငှက်ကြားတွေက မာဆေးလ်က လီယိုနာဒို ဘယ်လာဒီကို ဖြစ်နိုင်ခြေ ရှိတဲ့ အစားထိုး ပစ်မှတ် အဖြစ် ရှုမြင်ထားကြောင်းလည်း သိရပါတယ်။
အင်တာမီလန်ရဲ့ နောက်ကွယ်က တင်းမာမှုတွေဟာ လူငယ် နောက်ခံလူ ယန်း ဘစ်ဆက်ခ် အတွက် ထွက်ပေါက် တစ်ခု ဖြစ်သွားစေနိုင်ကြောင်း သိရပါတယ်။ La Repubblica ရဲ့ ဖော်ပြချက်အရ ဒီ ဂျာမနီ ခံစစ် ကြယ်ပွင့် ကိုတော့ အဲဗာတန်၊ ယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့က ခေါ်ယူချင်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.