အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ နာပိုလီ ကွင်းလယ် ကစားသမား စကော့တ် မက်တော်မီနေးကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ စကော့တလန် လက်ရွေးစင် ကစားသမားကို ပရီးမီးယားလိဂ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပြီး ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေပါတယ်။
တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီမှာ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို အပြီးသတ် ရောင်းချဖို့ အတွက် အက်စတွန်ဗီလာဆီ ကနေ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဒေါ့မန် ကလည်း ပါလ်မီးရက်စ် တိုက်စစ်မှူး ဗစ်တာ ရိုကေးကို ခေါ်ယူချင်နေသလို ဆန်ချိုကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အာဆင်နယ်ဟာ နည်းပြ မီခဲလ် အာတေးတားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်အေးလက်အေး ရှိနေပါတယ်။ သူဟာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လကို နီးကပ်လာပေမယ့် ထွက်ခွာဖို့ မစဉ်းစားသေးပါဘူး။
နော့တင်ဟမ်ဖောရက်စ်ဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူချင်နေတဲ့ ကွင်းလယ် ကစားသမား အဲလီယော့တ် အန်ဒါဆန်ကို ခေါ်ယူဖို့ အသင့် ရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။
ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကတော့ လာမယ့် နွေရာသီမှာ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးရီးအေ ကလပ်ဟာ ပြင်သစ် လက်ရွေးစင် ကစားသမားကို ထိန်းသိမ်းနိုင်စွမ်း အပေါ် ယုံကြည်မှု လျော့နည်းလာနေပါတယ်။
ဇန်နဝါရီလတွင် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ တောင်ပံ ကစားသမား ရိုဒရီဂိုကို ပေါင် သန်း ၇၀ (ဒေါ်လာ ၉၂.၁ သန်း) အထိ တန်ကြေးရှိသော သဘောတူညီချက်ဖြင့် ခေါ်ယူဖို့ မန်ချက်စတာစီးတီးက ဦးဆောင်နေပါတယ်။ ဒီကစားသမားကို ချဲလ်ဆီးက စိတ်ဝင်စားနေပေမယ့်လည်း အက်စတီဗာအိုရဲ့ တိုးတက်လာမှုကြောင့် လက်လျှော့သွားဖွယ် ရှိနေပြီး စပါး ကလည်း ပစ်မှတ်ထားလာဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဘုန်းမောက် တောင်ပံကစားသမား အန်တိုနီ ဆီမီညို ကတော့ ဇန်နဝါရီမှာ ကလပ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားခဲ့ပါတယ်။
လစ်ဗာပူးလ်ရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ကတော့ ဘေယန်မြူးနစ် တောင်ပံကစားသမား ဆာ့ဂျ် ဂနာဘရီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် ကတော့ ဂျာမန် လက်ရွေးစင်ကို စိတ်ဝင်စားနေပေမယ့်လည်း ဘဏ္ဍာရေး အခြေအနေ အရ လစ်ဗာပူးလ်ကို ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ကူကြောင်း သိရပါတယ်။
နာပိုလီ ကတော့ ဇန်နဝါရီမှာ လစ်ဗာပူးလ် တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ခီယေဇာက ပရီးမီးယားလိဂ်မှာ အဆင်မပြေတာကြောင့် စီးရီးအေကို ပြန်လည် ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
အဲဗာတန် ကွင်းလယ်လူ ဂျိမ်းစ် ဂါနာကို နယူးကာဆယ်က စိတ်ဝင်စားခဲ့ပေမယ့်လည်း တော်ဖီတွေ ကတော့ သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေကြောင်း Football Insider က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


