မန်ချက်စတာယူနိုက်တက် – အဲဗာတန်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ နောက်အကျဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အဲဗာတန်နဲ့ တွေ့ဆုံချိန်တွေ ဆိုရင် ရလဒ်ကောင်းတတ်တဲ့ ယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲ ဆက်လက် ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရူဘင် အမော်ရင်ရဲ့ မန်ချက်စတာယူနိုက်တက်က နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာပြီး ရှုံးပွဲတွေနဲ့ ဝေးလာပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ဖောရက်စ်နဲ့ စပါးကို သရေကျခဲ့တယ် ဆိုပေမယ့် အဝေးကွင်းတွေမှာ ဖြစ်ပြီး အရှုံးကနေ လိုက်ကစားနိုင်တာ ကိုတော့ ချီးကျူးရပါမယ်။ ဒါက ယခင် ယူနိုက်တက်နဲ့ ကွဲပြားခြားနားသွားတဲ့ ပုံစံ တစ်ခု ဖြစ်ပြီး ဒီအခြေအနေကပဲ အသင်းကို အများကြီး အပေါင်း လက္ခဏာဆောင်သွားစေတာ တွေ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်ဟာ ဒီရာသီ အိမ်ကွင်း မှာလည်း ၄ ပွဲနိုင်ကာ ၁ ပွဲပဲ ရှုံးထားပါတယ်။ အဆင့် ၄ နေရာက ပဲလေ့စ်နဲ့ ၂ မှတ်သာ ကွာဟနေပြီး ဒီပွဲမှာ ရလဒ်ကောင်းခဲ့ရင်တော့ ဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းလာနိုင်မှာ ဖြစ်ပါတယ်။
ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ အနည်းငယ် ပြန်လည် ရုန်းကန်နေရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲ၊ သရေ ၁ ပွဲနဲ့ ရှုံးပွဲ ၂ ပွဲ ရှိထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ တော်ဖီတွေက အဝေးကွင်း မှာတော့ ခြေစွမ်းပိုင်းက အားရစရာ မရှိပါဘူး။ ဒါပေမယ့်လည်း အဲဗာတန်က နောက်ဆုံး ၂ ပွဲမှာတော့ ဆန်းဒါးလန်းနဲ့ သရေ၊ ဖူလ်ဟမ်ကို အနိုင်ကစားထားလို့ လျှော့တွက်လို့ မရပါဘူး။
နှစ်ဖက်အသင်း သတင်းများ

အဲဗာတန် မှာတော့ ဘရန့်ဝိတ်သ်၊ ပက်တာဆန်နဲ့ ရိုဟဲလ်တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာယူနိုက်တက် – လမ်မန်စ်၊ ယိုရို၊ ဒီလစ်ဂျ်၊ ရှော၊ မက်ဇရာရီ၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဒေါကူ၊ အမ်ဘူမို၊ အာမက်ဒ်၊ ဇစ်ခ်ဇီး
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရိုင်ယန်၊ ကိန်း၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ ဂါနာ၊ ဂူရီ၊ အန်ဒီယာရီ၊ ဒူးစ်ဘာရီဟောလ်၊ ဂရီးလစ်ရှ်၊ ဘာရီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြိုင်ပွဲစုံ နောက်ဆုံး ၃၆ ကြိမ် တွေ့ဆုံမှုမှာ ယူနိုက်တက်က ၁၉ ကြိမ်နိုင်၊ ၁၁ ကြိမ် သရေကျပြီး အဲဗာတန်က ၆ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ အကြိမ် ၃၀ တွေ့ဆုံထားပြီး ယူနိုက်တက်က ၁၅ ကြိမ်နိုင်၊ ၉ ကြိမ် သရေကျကာ၊ အဲဗာတန်က ၆ ကြိမ် အနိုင်ရထားပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ယူနိုက်တက်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၁.၇၅ ဆ၊ အဲဗာတန် နိုင်ရင် ၄.၁၀ ဆ၊ သရေ ဆိုရင်တော့ ၃.၅၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက်က သရေအရှုံး ကနေ စဖွင့်ထားပြီး ဂိုးပေါင်းကြေး ကတော့ ၂.၅၀ က စပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့အခါ နှစ်သင်းစလုံး ဂိုးသွင်းဖို့ အားပေးတာက အမြဲတမ်း စိတ်ချရတဲ့ မျှော်လင့်ချက် တစ်ခု ဖြစ်ပါလိမ့်မယ်။ အဲဗာတန်ရဲ့ တိုက်စစ်မှူး ရှားပါးမှုက အားနည်းချက် ဖြစ်လာနိုင်ပေမယ့်လည်း သူတို့မှာ ယို့ယွင်းနေတဲ့ သရဲနီတွေရဲ့ ခံစစ်ကို ထိုးဖောက်နိုင်တဲ့ ကစားသမားတွေ ရှိနေပါသေးတယ်။ ယူနိုက်တက် ကလည်း ရှုံးပွဲမရှိ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားဖို့ ကြိုးစားမှာ ဖြစ်တာကြောင့်လည်း အကြိတ်အနယ် ရှိလာဦးမှာပါ။ ယူနိုက်တက် ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာယူနိုက်တက် ၂-၁ အဲဗာတန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


