လက်စတာစီးတီး – အာဆင်နယ်
ပရီးမီးယားလိဂ် ကလည်း ပွဲစဉ် ၂၄ အထိ ရောက်လာပြီး အကြိတ်အနယ် ရှိသထက် ရှိလာပြီ ဖြစ်ပါတယ်။ အသင်းတိုင်း ရည်ရွယ်ချက် ကိုယ်စီနဲ့ အသည်းအသန် ကစားနေရပြီး ပွဲတိုင်းလိုလိုက အကြိတ်အနယ် ဖြစ်လာပါတယ်။ အခုတစ်ပတ်မှာ ယှဉ်ပြိုင် ကစားမယ့် လက်စတာစီးတီးနဲ့ အာဆင်နယ် ပွဲစဉ်ရဲ့ ပွဲကြို အချက်အလက်နဲ့ အကြောင်းအရာ တွေကို ဖော်ပြပေးချင်ပါတယ်။
လက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ နည်းနည်း ဝေးကွာနေလို့ စိတ်အေးသွားရပြီ ဆိုပေမယ့် တတ်နိုင်သမျှတော့ အမှတ်ယူထားရဦးမှာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ယူနိုက်တက်ကို ဂိုးပြတ် ရှုံးခဲ့ပြီး အခုလည်း ဇယားထိပ်က အာဆင်နယ်နဲ့ လာတွေ့နေတာကြောင့် မြေခွေးတို့ အတွက်တော့ အမှတ် ဆုံးရှုံးရဖို့ များနေပါတယ်။v
မီခဲလ် အာတေတာရဲ့ အာဆင်နယ် ကတော့ အက်စတွန်ဗီလာကို နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး တဖက်မှာ မန်စီးတီးက သရေကျသွားလို့ တစ်ပွဲလျော့၊ ၂ မှတ် အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်စတာ အတွက် ယူရီ တေးလီမန့်စ် ပြန်လည် ပွဲထွက် ကစားပေးနိုင်ဖို့ ရှိပြီး နောက်ခံလူ ဂျွန်နီ အီဗန့်စ် ကတော့ အနားယူရဦးမှာပါ။ အာဆင်နယ်မှာ ဆာကာလည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်၀နေပြီး သောမက်စ် ပါတေး ဆက်လွဲချော်ဖွယ် ရှိလို့ အိုဒီဂတ်၊ ချာကာနဲ့ ဂျော်ဂျင်ဟို အတွဲအဖက်ကို ဆက်လက် မြင်တွေ့ရဦးမှာ သေချာပါတယ်။ တိုက်စစ်မှာတော့ ခြေစွမ်း ပျောက်နေတဲ့ အထောင် တိုက်စစ်မှူး အန်ကတ်တီးယား နေရာမှာ မာတင်နယ်လီကို သုံးပြီး မာတင်နယ်လီ နေရာမှာတော့ ထရော့ဆက်ဒ်ကို ပွဲထွက်ခွင့်ပေးဖွယ် ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လက်စတာစီးတီး – ဝါ့ဒ်၊ ကက်စတာနီ၊ ဆူတာ၊ ဖေးစ်၊ ခရစ္စတန်ဆန်၊ မန်ဒီ၊ ဒူးစ်ဘယ်ရီဟော၊ တီတီ၊ မက်ဒီဆင်၊ တေးလီမန့်စ်၊ အီရန်နာချို

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ၀ှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဇင်ချန်ကို၊ ချာကာ၊ ဂျော်ဂျင်ဟို၊ အိုဒီဂတ်၊ ဆာကာ၊ ထရော့ဆက်ဒ်၊ မာတင်နယ်လီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံတဲ့ ၅ ပွဲမှာ အာဆင်နယ်က ၄ ပွဲ အထိ အနိုင်ရခဲ့ပြီး လက်စတာ ၁ ပွဲသာ အနိုင်ရခဲ့ကာ ဂိုးပေါ် ၂ ပွဲ ပါဝင်ခဲ့ပါတယ်။ လက်စတာက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲ နိုင်၊ ၂ ပွဲ ရှုံးပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။ အာဆင်နယ် ကလည်း အလားတူပါပဲ။ လက်စတာက နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ ဂိုးပေါ်ခဲ့ပြီး အာဆင်နယ်က ၃ ပွဲ ဂိုးပေါ်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ လက်စတာ နိုင်ရင် ၅ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၆၅ ဆရမှာပါ။ Handicap မှာ အာဆင်နယ်က ၁ ဂိုး သွင်းရင် အပြည့်နီးပါးနိုင်မယ့် ကြေးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ ထိပ်တိုက် တွေ့ဆုံမှုအရ အာဆင်နယ်က အပြတ်သာလွန်နေပြီး လက်ရှိခြေစွမ်းအရလည်း ပိုကောင်းပါတယ်။ လက်စတာကွင်း ဆိုရင်လည်း အာဆင်နယ်က နိုင်ပွဲ ရအောင်ကစားနိုင်ပါတယ်။ ဒီပွဲမှာ အာဆင်နယ် ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပြီး လက်စတာ ခံစစ်ရဲ့ ဂိုးတွေ အများကြီး ပေးနေရမှုကြောင့် ဂိုးပေါင်း အပေါ်နဲ့ပါ တွဲဆော့သင့်ပါတယ်။
ခန့်မှန်းရလဒ်
လက်စတာစီးတီး ၁-၃ အာဆင်နယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.