နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီသစ် အတွက် ပထမဦးဆုံး နိုင်ပွဲကို ရှာဖွေကြရမယ့် ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂) အစောဆုံး ပွဲစဉ် အဖြစ် ချဲလ်ဆီးက လန်ဒန်မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ နိုင်ပွဲကိုယ်စီ ပျောက်ဆုံးနေတဲ့ နှစ်သင်းစလုံး ဒီရာသီ အတွက် ပထမဦးဆုံး နိုင်ပွဲ ရှာဖွေရမှာ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။

ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ကလပ် ဆန်းဒါးလန်း ကိုတောင် ၃-၀ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ထားပါတယ်။ ဝက်စ်ဟမ်းက အဲဒီပွဲမှာ ခြေစွမ်းပိုင်း တော်တော်လေး စုတ်ပြတ်နေခဲ့ပြီး တစ်သင်းလုံး ပုံမှန် ခြေစွမ်းအောက်မှာ ရှိနေခဲ့ပါတယ်။ အားအနည်းဆုံး ကတော့ တိုက်စစ်ပိုင်း ဖြစ်ပြီး ကစားသမားသစ်နဲ့ အဟောင်းတွေ ကြားမှ နားလည်မှု တည်ဆောက်ဖို့ လိုအပ်နေသေးပုံပါပဲ။

ချဲလ်ဆီး ကလည်း အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ပုံစံကောင်း ပျောက်ဆုံးနေပြီး VAR ကြောင့်သာ ကံကောင်းလို့ သရေ တစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ချဲလ်ဆီးက ဘောလုံး ပိုင်ဆိုင်မှု သာနေခဲ့တာက လွဲရင် တိုက်စစ်ပိုင်းက ပဲလေ့စ်လောက် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့ပါဘူး။ Big Chance တွေ ရခဲ့ပေမယ့် တိုက်စစ်က အဆုံးသတ် အားနည်းချက်တွေ ရှိခဲ့ပါတယ်။ နောက်ပြီး အန်ဇို မာရက်စ်ကာရဲ့ အသင်းက ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုး မရသေးပါဘူး။ ရာသီအစ မို့လို့ ဖြစ်သလို ပဲလေ့စ်လို အသင်းနဲ့ ကစားခဲ့ရတာ ဖြစ်လို့ အခက်တွေ့ခဲ့တာ ဖြစ်နိုင်ပြီး ဒီပွဲမှာတော့ ကျိန်းသေပေါက် ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဝက်စ်ဟမ်း ဘက်က ဂူဟာမီနဲ့ ဆမ်းမားဗီးလ်တို့ လွဲချော်ဖို့ ရှိနေပြီး ဂျော့ဂျ် အာသီ ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ချဲလ်ဆီး ဘက်မှာတော့ ဘာဒီယာရှီးလ်၊ လီဗီ ကိုးလ်ဝဲလ်၊ တိုဆင်၊ ကယ်လီမန်း၊ လာဗီယာ တို့ ဆက်လက် လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ချဲလ်ဆီးက ၃ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျကာ ဝက်စ်ဟမ်းက ၁ ကြိမ်နိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းခဲ့တဲ့ ချဲလ်ဆီး

ဝက်စ်ဟမ်း – ဟာမန်ဆန်၊ တိုဒီဘို၊ ကေးလ်မန်း၊ အဂူရက်ဒ်၊ ဝမ် ဘစ်ဆာခါ၊ အဲလ်ဗာရက်ဇ်၊ ဆိုချက်ခ်၊ ဒီယော့ဖ်၊ ဘိုဝင်၊ ဝီလ်ဆင်၊ ပက်ကေးတား

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ရိစ် ဂျိမ်းစ်၊ အက်ချင်မ်ပေါင်၊ ချာလိုဘာ့၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို ဖာနန်ဒက်ဇ်၊ နီတို၊ ပါးလ်မား၊ အက်စတီဗာအို၊ ယာအို ပက်ဒရို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဝက်စ်ဟမ်းက ၈ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၆ ကြိမ် အနိုင်ရပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ချဲလ်ဆီးက ၃ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျကာ ဝက်စ်ဟမ်းက ၁ ကြိမ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၃ ကြိမ် ဆက်တိုက် ချဲလ်ဆီးတို့ အနိုင်ရထားတာ ဖြစ်ပါတယ်။

လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၄.၄၀ ဆ၊ ချဲလ်ဆီး နိုင်ရင် ၁.၆၆ ဆ၊ သရေ ဆိုရင်တော့ ၃.၆၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ချဲလ်ဆီးက သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး ပြန်ခွာကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ထုံးစံ အတိုင်း ၃ လုံးက စဖွင့်ပါတယ်။ နှစ်သင်းစလုံးက ပြီးခဲ့တဲ့ ပွဲတွေမှာ ရုန်းကန်ခဲ့ရပေမယ့် ဒီပွဲမှာတော့ လိုအပ်နေတဲ့ ၃ မှတ် အတွက် အမှားတွေကို ပြင်ဆင်လာပါလိမ့်မယ်။ ကြေးအရ ဆိုရင်တော့ ချဲလ်ဆီး ကိုပဲ ယုံကြည်ထားသင့်ပါတယ်။ ဝက်စ်ဟမ်းရဲ့ အိမ်ကွင်း ရုန်းအားကြောင့် ချဲလ်ဆီးတို့ ခက်ခဲနိုင်ပေမယ့် တစ်ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားဖို့ များပါတယ်။ ဂိုးပေါင်း အောက်လည်း သဘောကျမိပါတယ်။

 

ခန့်မှန်းရလဒ်

ဝက်စ်ဟမ်း ၀-၁ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်