ဝက်စ်ဟမ်း – အက်စတွန်ဗီလာ
တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ ကန်မယ့် နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ ကတော့ ဝက်စ်ဟမ်းယူနိုက်တက်-အက်စတွန်ဗီလာ ပွဲဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲ မရောက်အောင် ရုန်းရမယ့် ဝက်စ်ဟမ်းတို့ အစဉ်အလာ အတိုင်း အက်စတွန်ဗီလာကို အသာရနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ တော်တော်လေး ခြေစွမ်း ကျဆင်းသွားပြီး တန်းဆင်းဇုန် အနားထိ ရောက်နေပါတယ်။ အဆင့် ၂၀ နေရာက ဘုန်းမောက်နဲ့တောင် ၅ မှတ်ပဲ ကွာဟလို့ ဝက်စ်ဟမ်းရဲ့ အခြေအနေက စိုးရိမ်စရာ ကောင်းနေပါတယ်။ ကစားသမားကောင်းတွေ ရှိနေရက်နဲ့ ဘာကြောင့် ရလဒ်ကောင်းတွေနဲ့ ဝေးနေရသလဲ ဆိုတာ ဒေးဗစ် မွိုက်စ် တစ်ယောက် အဖြေ ရှာရခက်နေဆဲပါ။ ဒီကြားထဲ ယူရိုပါ ကွန်ဖရင့်လိဂ် ကိုလည်း အာရုံစိုက်နေရတဲ့ အတွက် ဝက်စ်ဟမ်း တို့ ဗျာများနေတဲ့ သဘော ရှိပါတယ်။
အက်စတွန်ဗီလာ ကလည်း နည်းပြ အူနိုင်း အန်မေရီ လက်အောက် တိုးတက်လာတယ် ဆိုပေမယ့် ရှုံးရင် ဆက်တိုက် ရှုံးပြီး နိုင်ရင်လည်း ဆက်တိုက် နိုင်နေပါတယ်။ လက်စတာ၊ မန်စီးတီး၊ အာဆင်နယ် တို့ကို ဆက်တိုက် ရှုံးပြီး ပြီးခဲ့တဲ့ ပွဲတွေ မှာတော့ အဲဗာတန်နဲ့ ပဲလေ့စ်ကို ပြန်နိုင်ထားပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဗီလာတို့ အမှတ်မလိုပေမယ့် တတ်နိုင်သမျှ ဇယား ထိပ်ပိုင်းကို တက်လှမ်းဖို့ ရည်ရွယ်နေလို့ အားစိုက် ကစားလာဖို့တော့ ရှိပါတယ်။
ဒီပွဲကို ဝက်စ်ဟမ်း ဘက်က မစ်ချယ် အန်တိုနီယို၊ ဖေဘီယန်းစကီးနဲ့ ဒေါင်းနက်စ်တို့ လွဲချော်ဖို့ ရှိပြီး ဗီလာ ဘက်ကတော့ ကော်တင်ဟို၊ ဒန်ဒွန်ကာ၊ စတီယာ၊ ကားလို့စ်၊ ကာမာရာ တို့ လွဲမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝက်စ်ဟမ်း – အာရီယိုလာ၊ အဂူရက်ဒ်၊ အော့ဂ်ဘွန်နာ၊ အီမာဆင်၊ ဂျွန်ဆင်၊ ရိုက်စ်၊ ဆိုချက်ခ်၊ ပက်ကေးတာ၊ ဘိုဝင်၊ ဘန်ရားမား၊ အင့်ဂ်
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ မင်းဂ်၊ ကွန်ဆာ၊ ကတ်ရှ်၊ ဒစ်ဂ်နီး၊ လူးဝစ်ဇ်၊ ချမ်ဘားစ်၊ မက်ဂင်းန်၊ ရမ်ဆေး၊ ဘိုင်လီ၊ ဝက်ကင်န်




ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပရီးမီးယားလိဂ် မှာ ဝက်စ်ဟမ်းတို့ ဗီလာကို နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်စလုံး အနိုင်ရထားပါတယ်။ အဲ့ဒီ ၅ ပွဲမှာ ၄ ပွဲထိ ဂိုးပေါ်ခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ မှာလည်း ဝက်စ်ဟမ်းတို့ ဗီလာပါ့ခ်မှာ ဖော်နဲလ်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၃ ပွဲ ရှုံးထားပါတယ်။ ဗီလာ ကလည်း အတူတူပါပဲ။ ဒါ့အပြင် နှစ်သင်းစလုံး ဂိုးပေါ် ၃ ပွဲ၊ ဂိုးအောက် ၂ ပွဲ ကစားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၂.၂၁ ဆ၊ ဗီလာ နိုင်ရင်တော့ ၃ ဆ ပေးထားပါတယ်။ Asia Handicap မှာတော့ ဝက်စ်ဟမ်း ဘက်က သရေ အရှုံး ပေးထားပြီးတော့ ဂိုးပေါင်း ကတော့ ၂ လုံး သရေပါ။ နှစ်သင်းစလုံးရဲ့ လက်ရှိ ခြေစွမ်းက မတိမ်းမယိမ်းပါ။ အစဉ်အလာ အရ ဝက်စ်ဟမ်းတို့ အပြတ်အသတ် အသာရခဲ့ပေမယ့် ဗီလာရဲ့ လက်ရှိ ခြေစွမ်းအရ အနိုင်ရပါ့မလား ဆိုတာ သံသယ ဖြစ်မိပါတယ်။ သရေကျသွားဖို့ များပြီး ဂိုးပေါ်နဲ့ တွဲဆော့သင့်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.