နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတဲ့ ဝှာတန်၊ နီကို ပက်ဇ် အတွက် တရားဝင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်လာတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက် အားလုံးကို ငြင်းဆန်နေဆဲ ဖြစ်ပြီး ဒီနွေရာသီမှာ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။ တစ်ဘက် မှာလည်း ရီးရဲလ်မက်ဒရစ်က အင်တာမီလန်က အလက်ဆန်ဒရို ဘတ်စတိုနီဟာ ထိပ်တန်း ပစ်မှတ် အဖြစ် ပေါ်ထွက်လာနေပြီး ပိုကောင်းတဲ့ အစားထိုး ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ 

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ကွင်းလယ် ပစ်မှတ် အာဒမ် ဝှာတန် ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ ဝှာတန် ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေပါတယ်။

အေစီမီလန် ကတော့ ရာဖေးလ် လီယာအိုရဲ့ အနာဂတ် အပေါ် ယုံကြည်မှု ရှိနေပေမယ့် ပေါ်တူဂီ တိုက်စစ် ကစားသမား ကတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ရဲ့ အနာဂတ် ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ပရီးမီးယးလိဂ် ကလပ် ချဲလ်ဆီး ကတော့ ကိုမို ကြယ်ပွင့် နီကို ပက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တရားဝင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ယူရို ၉ သန်း (ပေါင် ၇.၉ သန်း၊ ဒေါ်လာ ၁၀.၄ သန်း) တန် ပြန်လည် ဝယ်ယူခွင့် စာချုပ် ချုပ်ဆိုထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ကတော့ စပိန် ထိပ်သီး တို့ကို အသာရနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်လျက် ရှိကြောင်း CaughtOffside က ဖော်ပြပါတယ်။

မန်ချက်စတာစီးတီး ကတော့ အမ်းမရိတ်စ်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အာဆင်နယ် နောက်ခံလူ ဘင်ဂျာမင် ဝှိုက် အတွက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့တစ်ခုကို စီစဉ်နေကြောင်း Arsenal Insider က ဖော်ပြလာပါတယ်။

ဆဲလ်တစ် ကတော့ လစ်ဗာပူးလ် နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန် အတွက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒါကြောင့် စကော့တလန်သားက လာမယ့် ဇန်နဝါရီမှာ ပရီးမီးယားလိဂ် ကနေ မွေးရပ်မြေဆီ ပြန်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယးလိဂ် ကလပ် ချဲလ်ဆီး ကတော့ ကိုမို ကြယ်ပွင့် နီကို ပက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တရားဝင် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
နီကို ပက်ဇ်ကို သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်နဲ့ အပြိုင်လုရဖွယ် ရှိနေတဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးကို ခေါ်ယူဖို့ တွန်းအားပေးခဲ့တယ်လို့ ယူဆရတဲ့ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ မကြာခင်မှာ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေကြောင်း Football Transfers က ဖော်ပြပါတယ်။

အက်ဒီ ဟောင်းဝ် လက်ထက်မှာ ပရီးမီးယားလိဂ် ရာသီအစ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့် နယူးကာဆယ် ယူနိုက်တက် ကတော့ သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ရည်ရွယ်ချက် မရှိသေးကြောင်း Chronicle Live က ဖော်ပြပါတယ်။

ဝက်စ်ဟမ်း ကတော့ နီကိုးလက်စ် ဖူးလ်ခရက်ချ်ကို ဝုဖ်ဘာ့ဂ်နဲ့ အော့ဂ်စ်ဘာ့ဂ် တို့က စိတ်ဝင်စားလာတာကြောင့် လာမယ့် ဇန်နဝါရီလမှာ အသင်း ကနေ ထွက်ခွာခွင့်ပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ ဒူးဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဆက်စ်ကိုဟာ ဒီဒဏ်ရာကြောင့် မိခင်နိုင်ငံ ဆလိုဗေးနီးယား အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကိုတော့ လွဲချော်ခဲ့ရတော့မှာပါ။ ၎င်းဟာ စပါးနဲ့ ပွဲမှာ လူစားဝင်ခဲ့ပြီး ၈၈ မိနစ်မှာ စပါးနောက်ခံလူ မစ်ကီ ဗန်ဒီဗန်နဲ့ ထိခိုက်မိကာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဆက်စ်ကို အနေနဲ့ ကွင်းထဲကနေ ကောင်းမွန်စွာ လမ်းလျှောက်မထွက်နိုင်ခဲ့တာကြောင့် နည်းပြ အမော်ရင်လည်း စိတ်ပူခဲ့ရပါတယ်။ ဆက်စ်ကိုရဲ့ ဒဏ်ရာကို နိုင်ငံတကာရက်သတ္တပတ် အတွင်း စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ပေါင် ၇၃.၇ သန်းတန် တိုက်စစ်မှူးဟာ ယူနိုက်တက် အတွက် ၁၂ ပွဲ ကစားပြီး နှစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်