ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ချဲလ်ဆီး တောင်ပံကစားသမား နိုနီ မာဒူခေးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း မနေ့ကပဲ တရားဝင် ကြေညာသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရိသတ်တချို့ ဆန့်ကျင်နေတဲ့ကြားက အင်္ဂလန် တောင်ပံ ကစားသမားကို အရ ခေါ်ယူကာ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မာဒူခေး အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၈.၅ သန်း + အပိုဆုကြေး ၄ သန်း ပေးချေခဲ့ရပြီးတော့ ၅ နှစ် သတ်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာဒူခေးဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ကျောနံပါတ် ၂၀ ဝတ်ဆင်သွားမှာလည်း ဖြစ်ပါတယ်။
ဒီလို စာချုပ်ချုပ်ဆို အပြီး အာဆင်နယ်နဲ့ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “အသင်းနဲ့ အတူ ရှိသမျှ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။ ဒီအရာကို ကျွန်တော်တို့ လုပ်နိုင်စွမ်း အပြည့် ရှိတယ် လို့လည်း ယုံကြည်ပါတယ်။ အသင်းကို ကျွန်တော် တတ်စွမ်းသမျှ နည်းလမ်း မှန်သမျှနဲ့ အကူအညီပေးသွားချင်ပါတယ်။ ကစားသမား တစ်ဦး အနေနဲ့ သာမက လူပုဂ္ဂိုလ် တစ်ဦး အနေနဲ့ပါ ရင့်ကျက် တိုးတက်လာရင်းနဲ့ပေါ့။” လို့ မာဒူခေးက ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မာဒူခေးက အာဆင်နယ်မှာ သူလုပ်စွမ်းနဲ့ ပတ်သတ် ပြီးတော့လည်း အခုလိုပဲ ဆက်လက် ပြောကြားခဲ့ပါသေးတယ်။ “ဘယ်/ညာ တောင်ပံ နှစ်ဖက်စလုံး ကနေ ခြိမ်းခြောက်နိုင်မှုကို ပေးစွမ်းဖို့ ကျွန်တော် ကြိုးစားသွားပါမယ်။ ဟုတ်ပါတယ်။ ဘယ်ခြမ်းမှာ ကစားရတာနဲ့ ညာခြမ်းမှာ ကစားရတာက ကျွန်တော့် အတွက် အနည်းငယ် ခြားနားမှုတော့ ရှိပါတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်တော့် အတွေးထဲမှာ ရှိတာ တစ်ခု ကတော့ ဘောလုံး ခြေထောက်ထဲ ရောက်လာတဲ့အခါ နေရာလွတ်လည်း ရှိတယ် ဆိုရင် ပြိုင်ဘက် အစွန်လူကို ဖြတ်ကျော်ဖို့ပါပဲ။ ဒါက ကျွန်တော့်ရဲ့ အဓိက အားသာချက် တစ်ခုပါ။” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တစ်ဖက် ဧရိယာထဲ အထိ ဘောလုံးနဲ့ အတူ ဆွဲဝင်နိုင်မှု အများဆုံး လုပ်ဆောင်နိုင်ခဲ့သူ ကတော့ မာဒူခေး ဖြစ်ပြီး ဒိုကု ပြီးရင် အများဆုံး ဖြစ်ပါတယ်။
နောက်ဆုံး မှာတော့ မာဒူခေးက “ကျွန်တော် ဒီကလန် ရိုက်စ်၊ စကယ်လီ၊ ဆာကာ တိုနဲ့ စကားပြောပြီးပါပြီ၊ တင်ဘာ နဲ့တောင် ပြောဖြစ်ခဲ့ပါသေးတယ်။ သူတိုက ဒီကလပ်ရဲ့ အံ့ဖွယ်အကြောင်းတွေနဲ့ ထုံးတမ်း ဓလေ့တွေ အကြောင်းကို ပြောပြပါတယ်။ ဘယ်လို နွေးထွေးပြီး ဘယ်လောက်အထိ မိသားစုဆန်တယ် ဆိုတာတွေ ကိုပေါ့။ အာဆင်နယ် မိသားစုဝင် တစ်ယောက် ဖြစ်လာရတာကို ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် အရမ်းပျော်ပြီး အသင်းသားတွေနဲ့ လက်တွဲ အလုပ်လုပ်ရဖို့ ကိုလည်း ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။”
“အခုတော့ ကျွန်တော် နားရက် တချို့ ယူရဦးမှာ ဖြစ်ပြီး အသင်းနဲ့ ပူးပေါင်းဖို့ကို မစောင့်နိုင်တော့ပါဘူး။ ကျွန်တော့် အနေနဲ့ နားရက်တောင် မယူချင်တဲ့ အကြောင်းကို သူငယ်ချင်း တချို့ကို လမ်းလျှောက်ရင်း ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ပြန်လည် အားဖြည့်ဖိုရာ အနားယူဖို့ လိုအပ်တယ် ဆိုတာ နားလည်ထားပါတယ်။ ကျွန်တော် ပြန်လာတဲ့အချိန် ကျရင်တော့ စိတ်အားထက်သန် ခွန်အားပြည့်ဝစွာနဲ့ ရှိနေပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
မာဒူခေး ကတော့ အာဆင်နယ်နဲ့ အတူ အာရှ ခြေစမ်းပွဲ ခရီးစဉ်တွေ လိုက်ပါလိုပေမယ့်လည်း အသင်း ဘက်ကတော့ ကလပ် ကမ္ဘာ့ဖလား ကစားထားရတဲ့ အင်္ဂလန်သားကို အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.