အန်ဒရီ မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ကို စိတ်ပျက်စရာ အဆုံးသတ်ခဲ့ရပြီးနောက် လာမယ့် ရာသီ မှာတော့ သိသိသာသာ တိုးတက် ကောင်းမွန်လာစေရန် ပစ်မှတ်ထားနေပါတယ်။ ဒီအခြေအနေမှာ ဂိုးသမား အန်ဒရီ အိုနာနာ ကလည်း အချိန်မှီ ကြံ့ခိုင်လာဖို့ မျှော်လင့်နေကာ အသင်းနဲ့ ပူးပေါင်းနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာသာ ရခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ပြီး ဥရောပ ပွဲစဉ်တွေနဲ့ လွဲချော်ထားပါတယ်။
မည်သို့ပင်ဆိုစေကာမူ အိုနာနာ ကတော့ ဩဂုတ်လ ၁၇ ရက်နေ့ အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ ပထမဦးဆုံး ပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေး အစီအစဉ်တွေမှာ မတူညီတဲ့ ခံစားချက်တွေ ရှိနေပြီ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
“စည်းလုံး ညီညွတ်မှုဟာ ကွာခြားချက်လို့ ကျွန်တော် ထင်ပါတယ်။” လို့ အိုနာနာက NBC Sports ကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “ကျွန်တော်တို့ အတူတူ ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အတွက် ခက်ခဲတယ် ဆိုတာ ကျွန်တော်တို့ သိပြီး နောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ သေချာအောင် လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့ ကြိုးကြိုးစားစား လေ့ကျင့်တယ်။ အတူတကွ လေ့ကျင့်ရတာကို ပျော်ပါတယ်။ အဲဒါက အဓိကပါပဲ။ ကျွန်တော်တို့ အတူတူ ရှိနေတဲ့အခါ ကျွန်တော် တို့ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရပါလိမ့်မယ်။”

“လက်ရှိသွားတဲ့ ပုံစံတွေအရ ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစား၊ ဂိုးတွေ သွင်းပြီး အသင်းက တိုးတက်နေတာကြောင့်လည်း ပျော်ပါတယ်။ ကြည့်လိုက်ကြရအောင်ပါ။ အာဆင်နယ်နဲ့ ပွဲမှာ အကောင်းဆုံး စတင်နိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးရင်တော့ အရာအားလုံး ဖြစ်လာနိုင်ပါလိမ့်မယ်။”
အိုနာနာ ကတော့ အာဆင်နယ်နဲ့ ပွဲစဉ်အမှီ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ် တစ်လျှောက် မှာတော့ ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို အဲလ်တေး ဘေယင်ဒါနဲ့ တွမ် ဟီတန် တို့က တလှည့်စီ တာဝန်ယူခဲ့ကြရပါတယ်။ အိုနာနာ ကတော့ ရာသီကြို ခြေစမ်းပွဲတွေ မတိုင်ခင် လေ့ကျင့်ရေး အစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ၈ ပတ် ဝန်းကျင် အနားယူရဖို့ ရှိခဲ့ပေမယ့် အလျင်အမြန် သက်သာလာခဲ့တာ ဖြစ်ပါယ်။ ဒီကာလ အတွင်းမှာ ယူနိုက်တက်က ဂိုးသမားသစ် တစ်ဦး ခေါ်ယူဖို့ စဉ်းစားခဲ့ရသေးပေမယ့် ကင်မရွန်း ဂိုးသမား အလျင်အမြန် သက်သာလာမှုနဲ့ အတူ ရာသီသစ်ကို ဟီတန်၊ ဘေယင်ဒါ၊ အိုနာနာ တို့ ၃ ဦးနဲ့ပဲ ယှဉ်ပြိုင်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။
နောက်ဆုံး မှာတော့ အိုနာနာက ဒဏ်ရာ အခြေအနနဲ့ ပတ်သတ်ပြီးတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “နေကောင်းပါတယ်။ ခံစားချက်တွေ အရမ်းကောင်းနေပါတယ်။ ခက်ခဲတဲ့ ရက်သတ္တပတ် အနည်းငယ်ကို ဖြတ်သန်းခဲ့ရပေမယ့် ရာသီအစမှာ ကျွန်တော် ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ဟာ ကောင်လေးတွေနဲ့ လေ့ကျင့်ရေးမှာ ပျော်ရွှင်နေပြီး ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်နေကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ အိုနာနာ ကတော့ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲ ၁၀၀ ကျော် ကစားထားပါတယ်။ အိုနာနာဟာ ပွဲစဉ် တော်တော်များများမှာ ဟာသဆန်ဆန် လွဲချော်မှုတွေ ရှိခဲ့တာကြောင့် အများစုက သူ့ရဲ့ လက်စွမ်းကို ဝေဖန်ခဲ့ကြပေမယ့် အချက်အလက်တွေ အရ ဆိုရင်တော့ တခြားသော ဂိုးသမားတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.