ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို အပြီးသတ် မခေါ်ယူပဲ ဒဏ်ကြေး ပေါင် ၅ သန်း ပေးဆောင်ကာ ယူနိုက်တက်ဆီ ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ ယူနိုက်တက် ကလည်း ဆန်ချိုကို အသင်းရဲ့ အနာဂတ်မှာ ထည့်သွင်းထားခြင်း မရှိတာကြောင့် လက်ရှိမှာ အင်္ဂလန်သား အနေနဲ့ နောက်ထပ် ကလပ် တစ်ခုကို ရှာဖွေရဖို့ ရှိနေရတာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးဟာ အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကို အပြီးသတ် ရောက်ရှိဖို့လည်း နီးစပ်ခဲ့တာပါ။ ဒါပေမယ့်လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု မရခဲ့တာကြောင့် ချဲလ်ဆီးက အသင်းဟောင်း ယူနိုက်တက်ဆီ ပြန်လည် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသင်းသစ် ရှာဖွေနေတဲ့ ဂျေဒန် ဆန်ချိုကို လက်ရှိမှာ စိတ်ဝင်စားနေတဲ့ ကလပ် အသင်း များစွာ ရှိနေပြီးတော့ ဒီအထဲမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဒေါ့မန်လည်း ပါဝင်နေပါတယ်။
ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာ အရင်က နှစ်ကြိမ်တိုင်တိုင် ကစားခဲ့ဖူးပြီးတော့ အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမားဟာ ဒေါ့မန် အတွက် ပထမ တစ်ကြိမ်မှာ ၁၃၇ ပွဲ ကစားကာ ဂိုး ၅၀ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို အငှားနဲ့ သွားရောက် မကစားခင်မှာလည်း ဒေါ့မန် အတွက် ၂၁ ပွဲ ကစားကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီလို ဂျာမန် ကလပ်မှာ ကစားချိန်တိုင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆန်ချိုကို ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် ကနေ အငှား စာချုပ်နဲ့ ဒေါ့မွန်ကို ပြန်လည် ရောက်ရှိခဲ့ပြီးနောက်မှာလည်း အဝါရောင် တံတိုင်းဆီမှာ အပြီးသတ် ဆက်ရှိနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဒေါ့မန်ရဲ့ အားကစား ဒါရိုက်တာ ဆဘက်ရှန် ကားလ်က ဂျေဒန် ဆန်ချိုကို ဒီနွေရာသီမှာ အသင်းဆီ တတိယအကြိမ်မြောက် ပြန်လည် ခေါ်ယူဖို့နဲ့ ပတ်သတ်လို့ အသင်းရဲ့ ရပ်တည်ချက်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့ပါတယ်။ ကားလ်က အင်တာဗျူး တစ်ခုမှာ “ကျွန်တော် တို့နဲ့ ဂျေဒန် အကြားမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတာကြောင့် အမြဲတမ်းလိုလိုတော့ အဆက်အသွယ် ရှိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူ့ကို ခေါ်ယူဖို့ ကတော့ အဓိက ဦးစားပေး ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော် တို့မှာ တခြား ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ဆန်ချိုရဲ့ ကိစ္စက အသင်းတွင်းမှာ ဆွေးနွေးနေတာထက် မီဒီယာတွေမှာ ပိုပြီး ချဲ့ကား ပြောဆိုနေကြတာ ဖြစ်နိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဆန်ချိုဟာ ဒေါ့မန် အတွက် အကျိုးပြုခဲ့တဲ့ ကစားသမား ဖြစ်တာကြောင့် အဝါရောင် ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို ဒေါ့မန် ပရိသတ်တွေကို ပြန်လည် ခေါ်ယူစေလို နေပြီးတော့ လက်ရှိမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် ဒေါ့မန်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဒေါ့မန် ပြီးရင်တော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ဆန်ချိုကို မျက်စိကျနေပြီးတော့ အဲလ်ဟီလာ၊ အဲလ်အစ်တီဟတ်နဲ့ အဲလ်နာဆာ တို့က ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။ ဆန်ချိုကို ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ နောက်ထပ် ကလပ် တစ်ခု အဖြစ် နယူးကာဆယ်လည်း ပါဝင်နေပြီးတော့ နည်းပြ အက်ဒီဟောင်းဝ် သဘောကျတဲ့ ကစားသမား ဖြစ်နေတယ်လို့ သိရပါတယ်။ အက်ဒီဟောင်းဝ် ကတော့ ဆန်ချို အနေနဲ့ သူ့ရဲ့ ၄-၃-၃ အခင်းအကျင်းမှာ ဟာဗီ ဘန်းစ်၊ ဂေါ်ဒွန်၊ ဂျက်ကော့ဘ် မာဖီ တို့နဲ့ အတူ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဆန်ချိုကို မေဂျာလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာနဲ့ နာပိုလီ တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာ ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် နေရာမှာ ဆန်ချိုနဲ့ အစားထိုးချင်နေသလို ပီအက်စ်ဂျီ ကလည်း ခါဗစ်ချာ ခါဗရာစခီလီယာရဲ့ နေရာမှာ အစားထိုးဖို့ တောင်ပံ ကစားသမားသစ် တစ်ဦး ရှာဖွေနေပြီး ဆန်ချို ကလည်း ရွေးချယ်မှု တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.