နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၅–၂၆ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဘယ်ကစားသမားတွေ အပြိုင်အဆိုင် ဖြစ်နေသလဲ

အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီ မှာတော့ မိုဟာမက် ဆာလာက ဂိုးသွင်း အများဆုံး ကစားသမားဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဒီနှစ်ယောက် အကြား ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြတာပါ။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပြိုင်ပွဲ စတင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက ရာသီ အလိုက် ဂိုးအများဆုံးသွင်းသူတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မြင့် ဂိုးသွင်းရှင် အများအပြားဟာ အင်္ဂလန်မြေမှာ သူတို့ရဲ့ အရည်အချင်းတွေကို လာရောက် စမ်းသပ်ခဲ့ကြဖူးပြီး ၂၀၂၂ ခုနှစ်မှာ ဒေါ့မန် ကနေ ရောက်ရှိလာတဲ့ ဟာလန်း ကလည်း ဒီဆုကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေပါတယ်။ နော်ဝေ ဂိုးသွင်းစက်က ပထမဆုံးရာသီမှာတင် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းယူခဲ့တဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ မိုဆာလာဆီ ဒီဆုကို လက်လွှတ်ခဲ့ရပေမယ့် ဒီနှစ် မှာတော့ ပြန်လည် ရယူဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ တိုက်စစ်မှူး တစ်ယောက်ပမာ အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။

လက်ရှိ ၂၀၂၅-၂၆ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဦးဆောင်နေတဲ့ ထိပ်တန်း ဂိုးသွင်းရှင် ၅ ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

၅။ အိုလီ ဝက်ကင်န် (အက်စတွန်ဗီလာ)

  • ကစားပြီး ပွဲအရေအတွက် – ၂၃ ပွဲ
  • သွင်းဂိုး – ၈ ဂိုး

ရာသီအစ ပထမ ၁၃ ပွဲမှာ ၁ ဂိုးပဲ သွင်းနိုင်ခဲ့လို့ ရုန်းကန်ခဲ့ရပေမယ် ခရစ္စမတ်ကာလ မှာတော့ အိုလီ ဝက်ကင်န် တစ်ယောက် ဂိုးသွင်းခြေ ပြန်တွေ့ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း မှာတင် ၅ ဂိုး သွင်းခဲ့ပြီး နှစ်သစ်ရဲ့ ပထမဆုံး ပွဲစဉ် မှာလည်း နောက်ထပ် ၁ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ သူခြေစွမ်းပြလာတာနဲ့ အမျှ အူနိုင်း အမ်မရီရဲ့ အသင်း ကလည်း ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိလာခဲ့ပြီး မထင်မှတ်တဲ့ အနေအထား ကနေ အမှတ်ပေးဖလား အတွက် ယှဉ်ပြိုင်နိုင်တဲ့ အသင်း အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်ခဲ့ပါတယ်။

 

၄။ ဒေါမနစ် ကဲလ်ဗတ်-လီဝင်း (လိဒ်စ်ယူနိုက်တက်)

  • ကစားပြီးပွဲအရေအတွက် – ၂၀ ပွဲ
  • သွင်းဂိုး – ၉ ဂိုး

ဒေါမနစ် ကဲလ်ဗက်-လီဝင်း ကတော့ လိဒ်စ်ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် အများစုက သံသယရှိခဲ့ကြပေမယ့် သူဟာ ယော့ခ်ရှိုင်းယားမြေမှာ ခြေစွမ်းပြပြီး ဝေဖန်သူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် အကုန်မှာ မန်စီးတီး၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့လို အသင်းကြီးတွေနဲ့ အပါအဝင် ၆ ပွဲ ဆက်တိုက် ဂိုးသွင်းယူပြီး သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ အင်္ဂလန် ကစားသမား ၁၀ ဦးသာ ဒီလို စံချိန်မျိုး ရရှိခဲ့ဖူးပြီး လိဒ်စ်ယူနိုက်တက် မှာတော့ ၁၉၅၉-၆၀ ရာသီက ဂျွန် မက်ကိုးလ် နောက်ပိုင်း ဘယ်သူမှ ဒီလို ခြေစွမ်းမျိူး မပြနိုင်ခဲ့ပါဘူး။

 

၃။ အန်တိုနီယို ဆီမီညို (မန်ချက်စတာစီးတီး)

  • ကစားပြီးပွဲအရေအတွက် – ၂၂ ပွဲ
  • သွင်းဂိုး – ၁၁ ဂိုး

အန်တိုနီယို ဆီမီညို ကတော့ ရာသီဝက် အထိ ဘုန်းမောက်မှာ တားမရဆီးမရ ခြေစွမ်းပြခဲ့ပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဇန်နဝါရီမှာ မန်စီးတီးဆီ ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မန်စီးတီး အတွက် ဖလားပြိုင်ပွဲတွေမှာ ဂိုးတွေ စတင် သွင်းယူခဲ့သလို၊ ဝုဗ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း မန်စီးတီး အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

 

၂။ အီဂေါ သီယာဂို (ဘရန့်ဖို့ဒ်)

ဒါကြောင့်လည်း အခု ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဒီနှစ်ယောက် အကြား ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြတာပါ။
ဒီရာသီမှာ ဘရန့်ဖို့ဒ် အတွက် ၁၆ ဂိုး သွင်းယူထားတဲ့ အီဂေါ သီယာဂို
  • ကစားပြီးပွဲအရေအတွက် – ၂၂ ပွဲ
  • သွင်းဂိုး – ၁၆ ဂိုး

ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ပွဲဦးထွက်ရာသီ အပြီး မှာတော့ ဘရန့်ဖို့ဒ်ဟာ အီဂေါ သီယာဂိုရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တွေကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။ သီယာဂိုက အိုင်ဗန် တိုနေးရဲ့ နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာ ဖြစ်ပြီး တိုနေးလိုမျိုး ဂိုးဖန်တီးမှု အပိုင်းမှာ မပြောင်မြောက်သေးပေမယ့် ဒီဘရာဇီးလ်သားဟာ နေရာယူ မှန်ကန်စွာနဲ့ အခွင့်အရေးတွေကို အပိုင်နိုင်ဆုံး အသုံးချနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အဲဗာတန်နဲ့ ပွဲမှာ ပထမဆုံး ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆု အတွက် အိပ်မက်ကို လက်မလျှော့သေးကြောင်း ပြသနေပါတယ်။

 

၁။ အားလင်း ဟာလန်း (မန်ချက်စတာစီးတီး)

  • ကစားပြီးပွဲအရေအတွက် – ၂၃ ပွဲ
  • သွင်းဂိုး – ၂၀ ဂိုး

အာလင်း ဟာလန်း အတွက်တော့ နောက်ထပ် ထူးခြားဆန်းပြားတဲ့ ရာသီ တစ်ခု ဖြစ်နေပြီး တတိယမြောက် ရွှေဖိနပ်ဆုကို သိမ်းပိုက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ မန်စီးတီးဟာ ဟာလန်းရဲ့ အညှာအတာမဲ့တဲ့ ဂိုးသွင်း စွမ်းရည် အပေါ် အများကြီး အမှီပြုနေရပါတယ်။ မကြာသေးတဲ့ ရက်သတ္တပတ်တွေ အတွင်း သူဟာ အရင်ကလောက် ဂိုးတွေ မသွင်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက် နောက်ခံလူတွေ အတွက်တော့ ကြောက်စရာ ကောင်းနေဆဲ ဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု သမိုင်းကြောင်း

ပရီးမီးယားလိဂ် အစောပိုင်းနှစ်တွေ မှာတော့ ၄-၄-၂ ကစားကွက်နဲ့ ပြည်တွင်းဖြစ် အင်္ဂလန် တိုက်စစ်မှူးတွေ ကပဲ ကြီးစိုးခဲ့ကြပြီး ပထမဆုံး ရွှေဖိနပ်ဆု ၇ ခုစလုံးကို အင်္ဂလန် ကစားသမားတွေကပဲ ရရှိခဲ့တာပါ။ ဒါပေမယ့် ၁၉၉၀ ပြည့်လွန် နှစ်တွေရဲ့ အကုန်ပိုင်းမှာတော့ နိုင်ငံခြားသား ကစားသမားတွေရဲ့ လွှမ်းမိုးမှု စတင်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာ ဟယ်ရီကိန်း တစ်ဦးတည်းသာ အင်္ဂလန် ကစားသမား အနေနဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ဖူးပါတယ်။ ဟယ်ရီကိန်းဟာ ရွှေဖိနပ်ဆု ၃ ကြိမ် ရရှိခဲ့ပြီး သီယာရီ အွန်နရီနဲ့ မိုဟာမက် ဆာလာ (၄ ကြိမ်စီ) တို့သာ သူ့ထက် ပိုရဖူးပါတယ်။ မို ဆာလာ ကတော့ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ်တို့ ဖလားရချိန်မှာ ၄ ကြိမ်မြောက် ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။

ဟယ်ရီကိန်းဟာ ၂၀၂၁ ခုနှစ်မှာ အလန် ရှီးယားရဲ့ ၃ ကြိမ် ရခဲ့တဲ့ စံချိန်ကို အမှီလိုက်နိုင်ခဲ့ပါတယ်။ အလန် ရှီးယားဟာ အသင်း နှစ်သင်းနဲ့ ရွှေဖိနပ်ဆုရခဲ့တဲ့ ကစားသမား နှစ်ဦး ထဲက တစ်ဦး ဖြစ်ပြီး နောက်တစ်ဦး ကတော့ ရော်ဘင် ဗန်ပါစီ ဖြစ်ပါတယ်။ ဗန်ပါစီကတော့ အာဆင်နယ်နဲ့ တစ်ကြိမ်၊ မန်ယူနဲ့ တစ်ကြိမ် နှစ်နှစ် ဆက်တိုက် ရရှိခဲ့တာပါ။ဒါ့အပြင် မိုက်ကယ် အိုဝင်၊ ဟက်ဆဲဘိန့်ခ်၊ ဒီဒီယာ ဒရောဘာနဲ့ ဟာလန်း တို့ဟာလည်း ရွှေဖိနပ်ဆုကို အနည်းဆုံး နှစ်ကြိမ်စီ ရရှိထားကြပါတယ်။ အိုဝင်ရဲ့ ဆုတွေ ကတော့ တခြားသော ကစားသမားတွေနဲ့ ပူးတွဲ ရရှိခဲ့တာ ဖြစ်ပြီး၊ ပရီးမီးယားလိဂ် သမိုင်းမှာ ဒီဆုကို ပူးတွဲ ရရှိတာ ၅ ကြိမ် ရှိခဲ့ပြီး နောက်ဆုံး အကြိမ် ကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မို ဆာလာနဲ့ ဆွန်ဟောင်မင်တို့ ပူးတွဲရရှိခဲ့တာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်