ဖူလ်ဟမ် – ဘရိုက်တန်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာတော့ ဖူလ်ဟမ်က ဘရိုက်တန်ကို ခရေဗင်ကော့တေ့ဂျ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အကြိတ်အနယ် ကစားရလေ့ရှိတဲ့ ဒီနှစ်သင်းရဲ့ အားပြိုင်မှုမှာ ဘယ်အသင်းက ရလဒ်ကောင်းတစ်ခု ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မာကို ဆေးလ်ဗားရဲ့ အသင်း ကတော့ တောက်လျောက် ရလဒ်တွေ ကောင်းနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးပြီး ရှုံးပွဲမရှိမှု ရပ်တန့်ခဲ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ ဖူလ်ဟမ်က အဆင့် ၆ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာ ကွာဟနေလို့ ဥရောပဝင်ခွင့် မျှော်လင့်လို့ ရနေတဲ့ အသင်း ဖြစ်ပါတယ်။ ကော့တေဂျာ တို့ဟာ ဒီရာသီ အိမ်ကွင်းမှာ ဆိုရင် တိုက်စစ်ပိုင်း အားကောင်းတာ တွေ့ရပြီး ကွင်းလယ်မှာ ဘောလုံးကို တည်ငြိမ်စွာ ထိန်းချုပ်ကစားနိုင်တာလည်း တွေ့ရပါတယ်။ တိုက်စစ်က တစ်ခါတစ်ရံ မှာတော့ အဆုံးသတ်ပိုင်း အားနည်းပြီး နောက်တန်း ကတော့ လျင်မြန်တဲ့ တိုက်စစ်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အားနည်းချက် ရှိနေပါတယ်။
ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီးတော့ နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။ မန်စီးတီးနဲ့ ဘုန်းမောက် တို့ကို ၁-၁ စီနဲ့ သရေကျထားခဲ့တာ ဖြစ်လို့ ဘရိုက်တန်ရဲ့ ခြေစွမ်းက လျှော့တွက်လို့တော့ မရပါဘူး။ ဘရိုက်တန်ဟာ ဘောလုံးထိန်းချုပ်မှုနဲ့ အသင်းလိုက် ကစားပုံ ကောင်းမွန်တဲ့ အသင်း ဖြစ်ပါတယ်။ ကွင်းလယ် တောင့်တင်းပြီး ဖိအားပေး ကစားပုံနဲ့ အရွေ့တွေမှာ အားကောင်းတာ တွေ့ရပါတယ်။ အဝေးကွင်း ပွဲစဉ်တွေ မှာလည်း Pressing ကောင်းကောင်းနဲ့ ကစားနိုင်ပေမယ့် နောက်တန်း ကတော့ မကြာခဏ အမှားတွေ လုပ်တတ်တဲ့ ပြဿနာတော့ ရှိနေဆဲပါ။ ဒါကြောင့်လည်း Clean Sheet ရယူဖို့ အမြဲတမ်း ခက်ခဲနေတာ တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖူလ်ဟမ်မှာ လက်တလော တီတီနဲ့ ရိုဒရီဂို မူနစ်ဇ်တို့ ဒဏ်ရာရနေပြီး ကျန်အဓိက ကစားသမား အားလုံး ပြန်လည် ကစားနိုင်ဖို့ ရှိနေပါတယ်။ ဘရိုက်တန် မှာတော့ အဒမ် ဝက်ဘ်စတား၊ ဝိုင်ဖာ၊ မာ့ချ်နဲ့ ဇီမက်စ်တို့ အခု ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ် – လန်နို၊ ကတ်စတန်ဂ်ညီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ရော်ဘင်ဆင်၊ ဘာ့ဂျ်၊ အီဝိုဘီ၊ ချုကွီဇီ၊ ဝီလ်ဆင်၊ ကီဗစ် ဟင်မီနက်ဇ်
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ကာဒီယိုဂလူ၊ အယာရီ၊ ဂရော့စ်၊ မင်တာ့ရ်၊ ရက်တာ၊ မီတိုမာ၊ ဝဲလ်ဘက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၁၉ ကြိမ် မှာတော့ ဖူလ်ဟမ်က ၈ ကြိမ်နိုင်၊ ဘရိုက်တန်က ၆ ကြိမ်နိုင်ပြီး ၅ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဖူလ်ဟမ်က ၂ ကြိမ်နိုင်၊ ဘရိုက်တန်က ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်ဆက် မရှုံးထားပဲ ၄ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကစားထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂.၄၄ ဆ၊ ဘရိုက်တန် နိုင်ရင် ၂.၆၀ ဆ၊ သရေ ဆိုရင်တော့ ၃.၂၄ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေတာ တွေ့ရပါတယ်။ ဘရိုက်တန်က possession control နဲ့ build-up play ကောင်းသလို ဖူလ်ဟမ်က တန်ပြန် တိုက်စစ်ကို အားပြုကစားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ပွဲက အကြိတ်အနယ် ရှိနိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါတယ်။ တိုက်စစ်ပိုင်း မှာတော့ ဘရိုက်တန်က ပိုပြီး ထိထိရောက်ရောက် ရှိတာကို သတိပြုရပါမယ်။ ဒီပွဲ ကိုတော့ သရေ၊ BTTS နဲ့ Correct Score ၁-၁၊ ၂-၂ တို့ အကြိုက်တွေ့နေမိသလို ဂိုးပေါ် ၂.၅၀ ကလည်း မျှော်လင့်ထားချင်စရာပါ။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၂-၂ ဘရိုက်တန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


