နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တန်းတက် ကလပ် နှစ်သင်းရဲ့ အားပြိုင်ပွဲမှာ ဘယ်အသင်းက အသာရသွားမလဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘန်လေ – ဆန်းဒါးလန်း

ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ တန်းတက် ကလပ် နှစ်သင်း ဖြစ်တဲ့ ဘန်လေနဲ့ ဆန်းဒါးလန်း တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။ ဂိုးပြတ် နိုင်ပွဲနဲ့ အဖွင့်လှခဲ့တဲ့ ဆန်းဒါးလန်းတို့ ထိပ်တိုက် တွေဆုံချိန်တိုင်း ခက်ခက်ခဲခဲ ရင်ဆိုင်ရလေ့ ရှိတဲ့ ဘန်လေကို အဝေးကွင်းမှာ အသာရနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘန်လေက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ တွေ့ဆုံခဲ့ပြီး ၃ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့ပါတယ်။ စကော့တ် ပါကားရဲ့ အသင်းက အသင်းငယ်တွေ ထုံးစံအတိုင်း ခံစစ်ပိတ် မကစားပဲ အပြန်အလှန် တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပြီးတော့ ခံစစ်က ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း မက်ဂျ်ဘရီနဲ့ အန်သိုနီ တို့ရဲ့ တောင်ပံတွေနဲ့ ပြိုင်ဘက် နောက်တန်းကို ဒုက္ခပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် လိုအပ်နေတဲ့ သွင်းဂိုးတွေနဲ့တော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ရဲ့ ခံစစ် အကောင်းဆုံး အသင်း ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ သူတို့ရဲ့ နောက်တန်းက အလုပ်သိပ်မဖြစ်ပါဘူး။ ဝါရင့် နောက်ခံလူ ဝေါလ်ကာကို ဗဟိုခံစစ်မှာ ထားကစားတာ ကလည်း သိပ်တော့ အဆင်မပြေတာ တွေ့ရပါတယ်။

ဆန်းဒါးလန်း ကတော့ လုံလောက်တဲ့ ကစားသမား အားဖြည့်မှုတွေ ပြုလုပ်ထားနိုင်သလို အဖွင့်လည်း လှခဲ့ပါတယ်။ ၈ နှစ်အကြာမှ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့ ကြောင်နက်တွေက တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ မြင်ရတာ အားရစရာ ကောင်းလွန်းနေပါတယ်။ ပြီးခဲ့တဲ့ ပွဲက ခြေစွမ်းအတိုင်း ဆိုရင်တော့ ဆန်းဒါးလန်း အနေနဲ့ ဘန်လေကို အသာရဖို့ မခက်ပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဘန်လေ ဘက်က အာမန်ဒို ဘရိုဟာ၊ တွမ်ဇီဘီ တို့ ပါဝင် ကစားဖို့ မသေချာသေးပဲ ဟမ့်ဖရေး၊ ရောဘတ်၊ ဘီယာ၊ အမ်ဒူနီ တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

၈ နှစ်အကြာမှ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့ ကြောင်နက်တွေက တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ မြင်ရတာ အားရစရာ ကောင်းလွန်းနေပါတယ်။
အဖွင့်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဆန်းဒါးလန်း

ဆန်းဒါးလန်း ဘက်မှာတော့ အလက်ဆီ၊ စီယာကင်၊ ဂျဲလ်ဒီ၊ အိုနီရန်၊ မန်ဒဲလ် တို့ လွဲချော်မှာ ဖြစ်ပြီး မာဆူအာကူ၊ မူကီလီ တို့ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘန်လေ – ဒူဗရက်ဗ်ကာ၊ ဝေါလ်ကာ၊ အက်စတိဗ်၊ အက်ခ်ဒဲလ်၊ ဟတ်မန်း၊ ကယ်လန်၊ လောရန့်တ်၊ ချာအူနာ၊ အက်ဒ်ဝက်ဒ်၊ အန်သိုနီ၊ ဖော်စတာ

ဆန်းဒါးလန်း – ရိုအက်ဖ်၊ ဟူမီ၊ အော်လ်ဒါရက်တီ၊ ဘဲလ်လန်း၊ ရိန်နီလ်ဒို၊ ဆာဒီကီ၊ ချာကာ၊ ဒီယာရာ၊ တဲလ်ဘီ၊ မာယန်ဒါ၊ အဒင်ဂရာ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘန်လေက ၄ ကြိမ်နိုင်၊ ဆန်းဒါးလန်းက ၃ ကြိမ်နိုင်ပြီး ၅ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ တစ်ကြိမ်စီ အနိုင်ရထားပြီး ၂ ကြိမ် သရေကျထားပါတယ်။ ဘန်လေ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲ မှာတော့ ဘန်လေက ၂ ပွဲ နိုင်၊ ဆန်းဒါးလန်းက ၁ ပွဲ နိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘန်လေ နိုင်ရင် ၂.၂၅ ဆ၊ ဆန်းဒါးလန်း နိုင်ရင် ၃.၁၃ ဆ၊ သရေ ဆိုရင်တော့ ၂.၉၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဘန်လေ ဘက်က ခပ်ပါးပါး ကြေးကြောပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ကြေးဖွင့်မှုအရ အနည်းငယ် အန္တရာယ်များပြီး ခန့်မှန်းရခက်ပါတယ်။ အစဉ်အလာအရ သိပ်မကွာပေမယ့် လက်ရှိ ခြေစွမ်းအရတော့ ဆန်းဒါးလန်းက အသာရနေပါတယ်။ ဆန်းဒါးလန်း ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဘန်လေ ၀-၂ ဆန်းဒါးလန်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်