နော့တင်ဟမ်ဖောရက်စ် – တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက နှစ်ကျော့စလုံးမှာ ဖောရက်စ်ကို အသာမရခဲ့တဲ့ စပါးတို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာရော ဘယ်လိုရလဒ်မျိုး ထွက်ပေါ်အောင် ကစားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ နည်းပြ ရှောင်ဒိုက်ချ် လက်ထက်မှာ ရလဒ်ကောင်းတွေ ပြန်လည် ရှာတွေ့နေပေမယ့် ရှုံးပွဲနဲ့ သရေပွဲတွေလည်း ရှိနေဆဲပါ။ ဖောရက်စ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးခဲ့ပေမယ့် တန်းဆင်းဇုန်ရဲ့ အထက်မှာ ကပ်လျက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ နောက်ဆုံး ပွဲမှာ ဆိုရင် ဖောရက်စ်က အဲဗာတန်ကို ၃ ဂိုး ဂိုးမရှိနဲ့ပါ ရှုံးထားပြီး ဒါကို ကြည့်ခြင်းအားဖြင့် ဖောရက်စ်တို့ ဘယ်လောက်အထိ ခြေစွမ်းမတည်ငြိမ်သလဲ ဆိုတာ သိသာပါတယ်။ ဖောရက်စ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။

တော့တင်ဟမ်ဟော့စပါး ကလည်း သောမက်စ် ဖရန့်ခ် လက်ထက်မှာ ဘာမှအထွေအထူး တိုးတက်လာတာတော့ မတွေ့ရသေးပါဘူး။ စပါး ပရိသတ် တချို့ ကတော့ အသင်းရဲ့ လက်ရှိ လူစာရင်းနဲ့ နည်းပြ ဘာလုပ်နိုင်မှာလဲလို့ နားလည်ပေးနိုင်ကြပေမယ့် အခုထက် ပိုတဲ့ အဆင့် တစ်ခုမှာ ရှိနေသင့်တာ ကတော့ အမှန်တရားပါ။ စပါးက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ အထိ အခြေအနေ ဆိုးနေပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲစုံ မှာတော့ နောက်ဆုံး ၂ ပွဲဆက် ပေးဂိုး မရှိ အနိုင်ရထားတာကြောင့် ဒီအနေအထား တစ်ခုကို ဆက်ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ စပါးရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ အားရစရာ ကောင်းပြီး ၄ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဖောရက်စ် ဘက်က ရိတ်စ်၊ ဂန်း၊ အိုင်နာ၊ ဝုဒ်၊ အေဝန်နီရီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။ စပါး ဘက်မှာတော့ ဒီဂျန် ကူလူဆက်ဗ်စကီး၊ အူဒိုဂီ၊ တာကာအီ၊ ဒရာဂူဆန်၊ မက်ဒီဆင်၊ ဘစ်ဆူးမား၊ ဆိုလန်ကီ တို့ လွဲချော်ပါမယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ ဆာဗိုနာ၊ မီလန်ကိုဗစ် ဆာဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ ဆန်ဂါရေးစ်၊ အန်ဒါဆန်၊ ဟန်ချင်ဆန်၊ အန်ဒိုရီ၊ ဂစ်ဘ်ဝှိုက်၊ ဂျေဇုစ်
တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ရိုမီယို၊ ဗန်ဒီဗန်၊ စပန့်စ်၊ ဘန်တန်ကာ၊ ဂရေး၊ ကူဒု့စ်၊ ဆီမွန်စ်၊ ကိုလို မူအာနီ၊ ရစ်ချာလီဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၈ ကြိမ် တွေ့ဆုံမှု မှာတော့ နော့တင်ဟမ်ဖောရက်စ်က ၃ ကြိမ်နိုင်၊ စပါး ကတော့ ၅ ကြိမ်နိုင်ပြီး သရေ လုံးဝ မရှိထားပါဘူး။ ပရီးမီးယားလိဂ် မှာတော့ ၆ ကြိမ် တွေ့ဆုံထားပြီး ဖောရက်စ်က ၂ ကြိမ်နိုင်ပြီး စပါးက ၄ ကြိမ် နိုင်ထားပါတယ်။ ဖောရက်စ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ မှာတော့ ဖောရက်စ်က ၁ ကြိမ်နိုင်ပြီး စပါးက ၂ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၂.၃၆ ဆ နီးပါး ရမှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး နိုင်ရင်တော့ ၂.၇၄ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၁၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပေါက်နေပြီး ဂိုးပေါင်း ကလည်း ၂.၂၅၊ ၂.၅၀၊ ၂.၇၅ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ ဧည့်သည် အသင်းဟာ အိမ်ရှင် အသင်းနဲ့ ယှဉ်ရင် အနားယူရက် ပိုရနေပေမယ့် ရှောင်ဒိုက်ချ်ရဲ့ အသင်းက ခံစစ်က စပါးရဲ့ တိုက်စစ်ကို အကောင်းဆုံး အံတုရင်း သရေ တစ်မှတ် အရယူသွားနိုင်လို့ မျှော်လင့်ပါတယ်။
ခန့်မှန်းရလဒ်
နော့တင်ဟမ်ဖောရက်စ် ၁-၁ တော့တင်ဟမ်ဟော့စပါး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


