နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Top 4 လမ်းကြောင်းပေါ်က ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းအသာရသွားမလဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နယူးကာဆယ် – အက်စတွန်ဗီလာ

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် နယူးကာဆယ်တို့ အက်စတွန်ဗီလာကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ နှစ်သင်းစလုံးက ဥရောပဝင်ခွင့် အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်လို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

နယူးကာဆယ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးပွဲ မရှိထားပဲ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ ရလဒ် ရရှိထားပါတယ်။ အက်ဒီဟောင်းဝ်ရဲ့ အသင်းက နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပိုင်း ပြန်လည် တည်ငြိမ်လာပြီး အမှတ်ပေးဇယား အပေါ်ပိုင်းကို တဖြည်းဖြည်း တက်လှမ်းလာခဲ့သလို ဥရောပ ဝင်ခွင့် အတွက်လည်း အားစိုက်လာပါတယ်။ ငှက်ကြားတွေဟာ မြန်နှုန်းမြင့် တိုက်စစ်နဲ့ အတူ ကြံ့ခိုင်မှု အသားပေး ကစားပြီး အိမ်ကွင်းမှာ ဆိုရင် စွမ်းဆောင်ရည် ပိုကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ အားနည်းချက် ကတော့ အသင်းက ဒဏ်ရာ ပြဿနာတွေ မကြာခဏ ရှိနေပြီး ခံစစ်ပိုင်း ကလည်း တခါတရံမှာ အာရုံစိုက်မှု လျော့ကျတတ်တာ ဖြစ်ပါတယ်။ High Pressing ကစားပြီး ပရိသတ် အင်အားက ပွဲရလဒ်ကို တော်တော်လေး အထောက်အကူ ဖြစ်နေစေတာ တွေ့ရပါတယ်။

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ ကတော့ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပိုင်း ယိမ်းယိုင်လာတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ ရှိထားပြီး တချို့ပွဲတွေမှာ မလိုလားအပ်ပဲ ရမှတ်တွေ ဆုံးရှုံးနေရပါတယ်။ ဗီလာက နည်းဗျူဟာပိုင်းမှာ စနစ်တကျ ကစားတတ်ပြီး အဝေးကွင်းမှာ ဆိုပေမယ့် ထိရောက်ပြီး အန္တရာယ် ရှိတဲ့ တန်ပြန်တိုက်စစ်နဲ့ ကစားတတ်တဲ့ အသင်းပါ။ ကွင်းလယ်က ထိန်းချုပ်မှုကောင်းပြီး တိုက်စစ် ကူးပြောင်းမှု မြန်ဆန်သလို အခွင့်အရေးရရင် အမှားမလုပ်တတ်ပါဘူး။ အားနည်းချက် ကတော့ ဖိအားတွေ များလာချိန် ဆိုရင် ခံစစ်က သိသိသာသာ ပြိုဆင်းသွားတတ်ပြီး အဝေးကွင်းမှာ တချို့ပွဲတွေ ဆိုရင် ခြေစွမ်း မတည်ငြိမ်တတ်ပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ နယူးကာဆယ် ဘက်က ဘရူနို ဂီမာရေးစ်၊ ဒန်ဘန်း၊ ခရက်ဖ်၊ ရှား၊ လက်ဆဲလက်စ်၊ လစ်ဗရာမန်တို၊ မာဖီ၊ အိုဆူလာတို့ လွဲချော်ဖို့ ရှိနေပါတယ်။ 

အက်စတွန်ဗီလာ မှာတော့ အမ်မီ မာတီနက်ဇ်၊ ဘူဘေကာ ကာမာရာ၊ မက်ဂင်းန်၊ ဘာကလေ၊ အက်ဒ်ဝက်ဒ် တို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ ရှိထားပြီး တချို့ပွဲတွေမှာ မလိုလားအပ်ပဲ ရမှတ်တွေ ဆုံးရှုံးနေရပါတယ်။
ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ ၇ မှတ် ကွာ အဆင့် ၃ နေရာမှာ ရှိနေတဲ့ အက်စတွန်ဗီလာ

နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ သီယော၊ ဘော့တ်မန်း၊ ဟောလ်၊ မိုင်လီ၊ တိုနာလီ၊ ဂျိုးလင်တန်၊ ဘန်းစ်၊ ဝေါလ်တီမာဒါ၊ ဂေါ်ဒွန်

အက်စတွန်ဗီလာ – ဘီဇော့တ်၊ ကတ်ရှ်၊ ကွန်ဆာ၊ တောရက်စ်၊ မက်ဆန်၊ တေးလီမန့်စ်၊ အိုနာနာ၊ ဆန်ချို၊ ရော်ဂျာစ်၊ ဘူအန်ဒီယာ၊ ဝက်ကင်န်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး ၂၈ ကြိမ် တွေ့ဆုံမှုမှာ နယူးကာဆယ်က ၁၂ ကြိမ် နိုင်၊ ဗီလာက ၆ ကြိမ် နိုင်ပြီး ၁၀ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ နယူးကာဆယ်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဗီလာက ၁ ကြိမ် နိုင်ထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၄ ကြိမ် မှာတော့ နယူးကာဆယ်က ဗီလာကို လုံးဝ ရှုံးနိမ့်ထားခြင်း မရှိပါဘူး။ တွေ့ဆုံချိန် အများစုမှာ ဂိုးများတတ်ပြီး လက်ရှိမှာ နှစ်ဖက်စလုံးက ဂိုးသွင်းနိုင်စွမ်း အပြည့် ရှိနေကြပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၀၅ ဆ နီးပါး ရမှာ ဖြစ်ပြီး အက်စတွန်ဗီလာ နိုင်ရင်တော့ ၃.၁၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အိမ်ရှင် နယူးကာဆယ် ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကတော့ ပုံမှန်ပါပဲ။ နယူးကာဆယ်ရဲ့ High Pressing နဲ့ ဗီလာရဲ့ Build-up play အားပြိုင်ရမယ့် ပွဲဖြစ်ပါတယ်။ ဘယ်အသင်းရဲ့ အလယ်တန်းက ပွဲကို ပိုပြီး ထိန်းချုပ်နိုင်မလဲ၊ တန်ပြန် တိုက်စစ်မှာ ဘယ်အသင်းက ပိုပြီး ထိရောက်မလဲ ဆိုတာတွေက ပွဲရလဒ်ကို ဆုံးဖြတ်ပေးသွားဖို့ ရှိနေပါတယ်။ နယူးကာဆယ်က ပွဲစကတည်းက ဖိအားပေး ကစားဖို့ ရှိပြီး ဗီလာ ကတော့ ပြိုင်ဘက်ရဲ့ အမှားကို စောင့်ပြီး တန်ပြန် တိုက်စစ်နဲ့ ကစားပါလိမ့်မယ်။ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အပြန်အလှန် ဂိုးတွေလည်း မြင်ရဖို့ များပါတယ်။ BTTS သေချာပြီး ဂိုးပေါ် ၃.၀၀ ကတော့ အကြိုက်ဆုံးပါပဲ။ ထိပ်တိုက် တွေ့ဆုံမှု အရတော့ အနိုင် ဆိုရင်တော့ နယူးကာဆယ် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

နယူးကာဆယ် ၂-၂ အက်စတွန်ဗီလာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်