နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

မာရက်စကာ အတွက် ချဲလ်ဆီးတို့ မန်စီးတီးကို ဘာကြောင့် လျော်ကြေးပေးရတာလဲ၊ ဘယ်လောက်ပေးရသလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းဟာ ပပ် ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံဖို့ အတွက် ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စကာဟာ အသင့်တော်ဆုံး အဖြစ် သတ်မှတ်ထားပါတယ်။ လက်ရှိမှာ မန်စီးတီးတို့ မာရက်စ်ကာကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းဆီ ပေးလျော်ရမယ့် လျော်ကြေးငွေ ပမာဏ ထွက်ပေါ်လာခဲ့ပြီး ဒါဟာ တော်တော်လေးကို များပြားတဲ့ ပမာဏ ဖြစ်နေပါတယ်။ 

Sky Sports ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ မာရက်စကာကို သူတို့ရဲ့ နည်းပြသစ် အဖြစ် တရားဝင် ကြေညာနိုင်ဖို့ အတွက် ချဲလ်ဆီး အသင်းဆီ လျော်ကြေးငွေ ပေါင် ၁၇ သန်း / ယူရို သန်း ၂၀ ထက် မနည်း ပေးချေရမှာ ဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီးနဲ့ အီတလီလူမျိုး နည်းပြ မာရက်စကာတို့ အကြား နှုတ်ကတိအရ သဘောတူညီမှု ရခဲ့တာ တစ်လနီးပါး ရှိနေပြီ ဖြစ်ပြီး၊ အီတီဟတ်ကွင်းမှာ ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံဖို့ ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာပါ။

မာရက်စကာဟာ မန်စီးတီး အသင်း ၂၀၂၂-၂၃ ရာသီက ဖလားသုံးလုံး (Treble) ရခဲ့တုန်းက ဂွါဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးသူပါ။ အဲဒီနောက် လက်စတာစီးတီး အသင်းဆီ ပြောင်းရွှေ့ပြီး ၂၀၂၃-၂၄ ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်အောင် စွမ်းဆောင်ပေးခဲ့ပြီးမှ ၂၀၂၄ နွေရာသီမှာ ချဲလ်ဆီး အသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သူဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၁ ရာသီနဲ့ ၅ လကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့မှာ ပြဿနာပေါင်းစုံနဲ့ အတူ အသင်း ကနေ ရုတ်တရက် လမ်းခွဲခဲ့ရပါတယ်။ ချဲလ်ဆီး ကနေ သူ ထွက်ခွာခဲ့ရတဲ့ ပုံစံကြောင့်ပဲ အခု မန်စီးတီး နည်းပြသစ် အဖြစ် တရားဝင် ကြေညာမယ့်ကိစ္စမှာ ကြန့်ကြာမှုတွေ ဖြစ်နေရတာပါ။

 

မာရက်စကာ အတွက် မန်စီးတီးက ချဲလ်ဆီးကို ဘာလို့ လျော်ကြေးပေးရတာလဲ

မာရက်စကာဟာ ၂၀၂၄ နွေရာသီက ချဲလ်ဆီးနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်လို့ သူ အသင်း ကနေ ထွက်ခွာချိန်မှာ စာချုပ်သက်တမ်း ၃ နှစ်ခွဲအထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက သူ့ကို တိုက်ရိုက် ထုတ်ပယ်ခဲ့တာ မဟုတ်ဘဲ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ သုံးနှုန်းခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ထုတ်ပြန်ချက်ထဲမှာ “ချဲလ်ဆီး အသင်းနဲ့ နည်းပြချုပ် အန်ဇို မာရက်စကာတို့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အပါအဝင် ပြိုင်ပွဲ ၄ ခုစလုံးမှာ အဓိက ရည်မှန်းချက်တွေ ရောက်ဖို့ ကျန်နေသေးတာကြောင့် အခုလို အပြောင်းအလဲ လုပ်တာက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်လို့ အန်ဇိုရော၊ ကလပ် အသင်း ကပါ ယုံကြည်ပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ မာရက်စကာ ချဲလ်ဆီး နည်းပြ အဖြစ် ရှိနေဆဲ၊ စာချုပ်သက်တမ်း ရှိနေဆဲ အချိန် မှာတင် ချဲလ်ဆီးရဲ့ ခွင့်ပြုချက်မရဘဲ ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တိတ်တဆိတ် ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။ ဒီအချက် နှစ်ခုကြောင့်ပဲ ချဲလ်ဆီး အသင်းက မန်စီးတီးကို စည်းမျဉ်းပြင်ပ ကနေ တရားမဝင် ချဉ်းကပ်မှုနဲ့ ပရီးမီးယားလိဂ်ထံ တိုင်ကြားဖို့ အပြင်၊ မာရက်စကာ ကိုလည်း စာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲဖို့ အထိ ပြင်ဆင်ခဲ့တာပါ။

ဒါကြောင့် မန်စီးတီးဘက်က ချဲလ်ဆီး အသင်း စိတ်ကျေနပ်သွားစေဖို့နဲ့ မာရက်စကာကို အမြန်ဆုံး နည်းပြသစ် အဖြစ် ကြေညာနိုင်ဖို့ အတွက် ဒီပြဿနာကို ငွေနဲ့ပဲ ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး၊ အစောပိုင်းက သတင်းထွက်ခဲ့တဲ့ ပေါင် ၁၀ သန်းထက် ပိုများတဲ့ ဒေါ်လာ ၂၂.၈ သန်းအထိ လျော်ကြေးပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

 

မန်စီးတီးက မာရက်စကာကို ဘယ်တော့ တရားဝင် ကြေညာမလဲ

ESPN ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း အကြား ညှိနှိုင်းမှုတွေက ပြီးစီးလုနီးပါး ဖြစ်နေပြီမို့ အစောဆုံး ဒီအပတ်အတွင်းမှာတင် မာရက်စကာကို နည်းပြသစ် အဖြစ် တရားဝင် မိတ်ဆက်ဖွယ် ရှိနေပါတယ်။ ချဲလ်ဆီး အသင်း ကတော့ လာမယ့်ရာသီ ဥရောပပြိုင်ပွဲတွေ ဝင်ခွင့် လွဲချော်သွားခဲ့တာကြောင့် ငွေကြေး လိုအပ်နေချိန်မှာ အခုလို လျော်ကြေးငွေ အများအပြား ရရှိမှာ ဖြစ်လို့ အသက်ရှူချောင်သွားမှာ ဖြစ်ပြီး၊ မန်စီးတီး ကလည်း သူတို့ အသင်းကို ဦးဆောင်မယ့် နည်းပြသစ်ကို မကြာခင်မှာ ကြေညာနိုင်တော့မှာပါ။

မန်စီးတီးမှာ ဆယ်စုနှစ်တစ်ခုနီးပါး အောင်မြင်မှုတွေ အလီလီ ရယူပေးခဲ့တဲ့ ပပ် ဂွါဒီယိုလာရဲ့ ခြေရာကို နင်းဖို့ဆိုတာ ဘယ်နည်းပြအတွက်မဆို ဖိအား တော်တော်ကြီးမယ့် ကိစ္စပါ။ ဒါပေမယ့် မန်စီးတီး ဘုတ်အဖွဲ့ ကတော့ မာရက်စကာဟာ အသင်းကို နောက်ထပ် အောင်မြင်တဲ့ ခေတ်သစ်တစ်ခုဆီ အကောင်းဆုံး ဦးဆောင် မောင်းနှင်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီး အသင်းဟာ သူတို့ အတွက် တည်ငြိမ်မှု ရှာဖွေပေးနိုင်ပြီး အသင်းကို အရင်လို ထိပ်တန်းအဆင့် ပြန်ရောက်အောင် ကူညီပေးနိုင်မယ့် နည်းပြအဖြစ် ဇာဘီ အလွန်ဆို ကို ရွေးချယ်ကာ ခေတ်သစ် တစ်ခု အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲ ဇာတ်လမ်းတွေကြောင့်ပဲ လာမယ့် ၂၀၂၆-၂၇ ပရီးမီးယားလိဂ် ရာသီရဲ့ ဒီဇင်ဘာ ၁၂ ရက် အီတီဟတ်ကွင်းမှာ ကစားမယ့် မန်စီးတီးနဲ့ ချဲလ်ဆီးပွဲ၊ အထူးသဖြင့် ၂၀၂၇ ဧပြီ ၂၄ ရက် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ကစားမယ့် အပြန်အလှန် ပွဲစဉ်တွေဟာ ပရိသတ်တွေ လက်လွှတ်မခံဘဲ မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းတွေ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်