နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗီလာရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် ဘရန့်ဖို့ဒ်က ဆူးညှောင့် တစ်ခု ဖြစ်လာမလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – ဘရန့်ဖို့ဒ်

ပရီးမီးယားလိဂ် ချန်ပီယံ စိန်ခေါ်မှုကြီးကို ရာသီကုန်ချိန်အထိ ဆက်လက်ထိန်းထားဖို့ ကြိုးစားနေတဲ့ အက်စတွန်ဗီလာက ဒီတစ်ပတ် မှာတော့ ဘရန့်ဖို့ဒ်ကို ဗီလာပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဗီလာဟာ ပြီးခဲ့တဲ့ တပတ်က စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်ကို အနိုင်ရပြီး အားတက်စရာ ရလဒ်ကောင်း တစ်ခု ဖော်ဆောင်နိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကတော့ အနောက်လန်ဒန်က သူတို့ အိမ်ကွင်းမှာပဲ နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ထားပါတယ်။

အဲဗာတန်ကို အိမ်ကွင်းမှာ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲ ဆက်တိုက် ပြန်လည် အနိုင်ရထားပါတယ်။ လက်ရှိမှာ ဗီလာက အာဆင်နယ်နဲ့ ၄ မှတ် အကွာမှာ ရှိနေပြီး ပရီးမီးယားလိဂ် ဆုဖလား အတွက် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရက်ဘူးလ် ဆဲလ်ဘတ်နဲ့ ပွဲမှာ မိနစ် ၆၀ အထိ ၂ ဂိုးပြတ်နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အံ့အားသင့်ဖွယ် အနိုင်ရကာ ယူရိုပါလိဂ် League Phase မှာ အဆင့် ၂ နေရာကို အရယူနိုင်ခဲ့ပါတယ်။ အိမ်ကွင်း ၁၁ ပွဲမှာ ၂၅ မှတ် အထိ ရယူထားနိုင်တဲ့ ဗီလာရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်က မန်စီးတီးနဲ့ အာဆင်နယ် (၂၉ မှတ်စီ) ပြီးရင် လိဂ်မှာ တတိယ အကောင်းဆုံး ဖြစ်ပါတယ်။

နည်းပြ ကိသ် အန်ဒရူးရဲ့ ဘရန့်ဖို့ဒ် ကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ ဝေဝါးစပြုလာပြီး ၂၀၂၄ ဒီဇင်ဘာ နောက်ပိုင်း ပထမဆုံးအကြိမ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို ရှောင်လွှဲဖို့ ဗီလာပါ့ခ်ကို လာရောက်မှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်က ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို ဆက်တိုက် ရှုံးနိမ့်ထားပြီး အထူးသဖြင့် ပြီးခဲ့တဲ့ တပတ်က အီဂေါ ဂျေဇုစ်နဲ့ တိုင်ဝို အေတန်နီယီ တို့ရဲ့ ဂိုးတွေကြောင့် ဘရန့်ဖို့ဒ်ဟာ ဒီရာသီ သူတို့ အိမ်ကွင်းမှာ ဒုတိယမြောက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ခြေချော်မှုတွေ ရှိနေပေမယ့် ဘရန့်ဖို့ဒ်ဟာ အမှတ်ပေးဇယား အဆင့် ၈ မှာ ရှိနေပြီး အဆင့် ၅ နေရာက ချဲလ်ဆီးနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ ဒါဟာ ရာသီမစခင်က တန်းဆင်းဇုန် တိုက်ပွဲဝင်ရမယ်လို့ ခန့်မှန်းခဲ့ကြတာနဲ့ စာရင် အလွန် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ အဝေးကွင်း မှတ်တမ်းက သိပ်မကောင်းလှပေမယ့် လတ်တလော အဝေးကွင်း ၄ ပွဲမှာ ၃ ပွဲ အထိ အနိုင်ရထားတာကြောင့် ဗီလာတို့ ပေါ့ဆလို့ မရပါဘူး။ ဘရာဇီးလ် တိုက်စစ်မှူး အီဂေါ သီယာဂိုဟာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဘရာဇီးလ် ကစားသမား တစ်ဦးရဲ့ ဂိုးသွင်း အများဆုံး စံချိန်ကို ချိုးဖျက်ထားနိုင်ပြီး၊ ၂၃ ပွဲမှာ ၁၆ ဂိုး အထိ သွင်းယူထားပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဗီလာဟာ ဆဲလ်ဘတ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ အဓိကတိုက်စစ်မှူး အိုလီ ဝက်ကင်န် ဒဏ်ရာရရှိသွားခဲ့တာကြောင့် တော်တော်လေး စိုးရိမ်နေရပါတယ်။ အသင်း အတွက် ဂိုးအများဆုံး သွင်းပေးထားတဲ့ ဝက်ကင်န်က Hamstring ဒဏ်ရာရရှိသွားတယ်လို့ ယူဆရပြီး လူစားလဲခဲ့ရတာပါ။ ဝက်ကင်န်ရဲ့ ဒဏ်ရာ အခြေအနေကို အသေးစိတ်သိရဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေရတာကြောင့် အသင်းကို ပြောင်းရွှေ့လာတဲ့ တမ်မီ အေဘရာဟမ် အနေနဲ့ ပွဲထွက်ကစားသမား အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။ ဗီလာရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ဝက်ကင်န် အပြင် အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘူဘာကာ ကာမာရာ (ဒူးဒဏ်ရာ)နဲ့ ယူရီ တေးလီမန့်စ် (ခြေကျင်းဝတ်ဒဏ်ရာ) တို့လည်း ရှိနေပါတယ်။ ဂျွန် မက်ဂင်း ကလည်း ဒူးဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဗီလာက ၃ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၁ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ပွဲဆက် ရှုံးထားတဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်မှာလည်း ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ပထမပိုင်းမှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ခရစ္စတိုဖာ အေဂျာနဲ့ မစ်ကယ် ဒမ်းစ်ဂတ် တို့ရဲ့ ကြံ့ခိုင်မှု အတွက် စိုးရိမ်နေရပါတယ်။ နည်းပြ ကိသ် အန်ဒရူးစ် ကတော့ ဒီကစားသမား နှစ်ဦး အခုတစ်ပတ် အတွင်း ပြန်လည် ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပေမယ့် အဆင်မပြေခဲ့ရင်တော့ ဆက်ပ် ဗန်ဒန်ဘက်ဂျ်နဲ့ ဒန်ဂို ဝပ်တရာ တို့က ပွဲထွက် လူစာရင်းမှာ အစားထိုး ပါဝင်လာဖို့ ရှိနေပါတ်။ ဧည့်သည် အသင်း အတွက် ကာလရှည် အနားယူနေရဆဲ ကစားသမားတွေ ကတော့ ဖေဘီယို ကာဗာဟို (ဒူးဒဏ်ရာ) နဲ့ နောက်ခံလူ ဂျော့ရှ် ဒါဆေးလ်ဗား တို့ပဲ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ အက်ဇ်ရီ ကွန်ဆာ၊ ပါအူ၊ မတ်ဆင်၊ အိုနာနာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ဆန်ချို၊ မော်ဂန် ရော်ဂျာစ်၊ ဘူအန်ဒီယာ၊ အေဘရာဟမ်

ဘရန့်ဖို့ဒ် – ဖလက်ကန်၊ ကာယိုဒီ၊ ဗန်ဒန်ဘက်ဂျ်၊ ကောလင်းန်၊ ဟင်နရီ၊ ယာမိုလစ်ခ်၊ ဂျနဲလ်၊ ယန်ဆန်၊ အော့တာရာ၊ ချာဒီ၊ သီယာဂို 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံရာမှာ ဗီလာက ၄ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၅ ကြိမ် နိုင်ပြီး ၈ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဗီလာက ၃ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၁ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ဗီလာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်မှာတော့ ဗီလာက ၂ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဗီလာ နိုင်ရင် ၂.၀၉ ဆ၊ ဘရန့်ဖို့ဒ် နိုင်ရင် ၃.၁၈ ဆ၊ သရေ ဆိုရင်တော့ ၃.၂၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဗီလာ ဘက်က ကြေးဖွင့်ထားပါတယ်။ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာတဲ့ ကစားသမား အများအပြားကြောင့် ဆုဖလား မျှော်လင့်ချက်ကို ဆက်လက် အကောင်အထည်ဖော်နေတဲ့ အက်စတွန်ဗီလာ အတွက် အားအင်သစ်တွေနဲ့ လန်းဆန်း တက်ကြွနေမှာ သေချာပါတယ်။ တစ်ဖက်မှာလည်း ဘရန့်ဖို့ဒ်က ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲမှာ ၈ ပွဲ အထိ ရှုံးနိမ့်ထားတာကြောင့် ဗီလာပါ့ခ်ကို လာရောက် ကစားရမယ့် ခရီးစဉ်ဟာ သူတို့ အတွက်တော့ ခက်ခဲကြမ်းတမ်းတဲ့ နေ့လယ်ခင်း တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ ဗီလာ ကတော့ အဓိက ကစားသမား တချို့ မပါနိုင်ပေမယ့် အိမ်ကွင်း ခြေစွမ်း အလွန်မာကျောတဲ့ အပြင် တမ်မီ အေဘရာဟမ်လို ကစားသမားသစ်တွေရဲ့ သက်သေပြလိုစိတ်က သူတို့ကို အသာစီးရစေမှာပါ။ ဘရန့်ဖို့ဒ်ရဲ့ အဝေးကွင်း အားနည်းချက်က ဒီပွဲမှာ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်

ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၁ ဘရန့်ဖို့ဒ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်