နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သားဖြစ်သူရဲ့ အပြောင်းအရွှေ့မှာ အာနေး ဆလော့တ်က အဓိကကျခဲ့တယ် ဆိုပြီး ဖွင့်ဟလာတဲ့ ဝစ်ဇ်ရဲ့ ဖခင် ဟန်စ် ယိုအာချင်မ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် အနေနဲ့ ဖလော်ရီယန် ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ဘာကြောင့် အားသာခဲ့ရသလဲ ဆိုတာ ကိုတော့ ဝစ်ဇ်ရဲ့ ဖခင် ဖြစ်သူက ဖွင့်ဟလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ + အပိုဆုကြေး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်ဟာ ဝစ်ဇ်ကို ၂၀၃၀ ခုနှစ် အထိ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ် အသင်းရဲ့ သမိုင်းမှာ ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အပိုဆုကြေးတွေပါ အပြည့်အဝ ပေးချေရမယ် ဆိုရင်တော့ ဂျာမန် လက်ရွေးစင်ဟာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင်လည်း ဖြစ်လာမှာပါ။ ဒါကြောင့် ဝစ်ဇ်ရဲ့ ဘေယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး တို့ကို ငြင်းပယ်ပြီးတော့ လစ်ဗာပူးလ်ကို ရွေးချယ်ခဲ့တဲ့ အပေါ် ထင်ကြေးပေး ပြောဆိုမှုမျိုးစုံလည်း ပေါ်ထွက်ခဲ့ပါတယ်။

အခုတော့ ဝစ်ဇ်ရဲ့ ဖခင်က သူ့ရဲ့ သား ဖြစ်သူ ဘာကြောင့် ပရီးမီးယားလိဂ် ကလပ်ကို ရွေးချယ်ခဲ့သလို ဆိုတာ ဖြေရှင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဟန်စ် ယိုကာချင်မ်ရဲ့ ပြောကြားချက်အရ ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ရဲ့ တိုက်ရိုက် သြဇာလွှမ်းမိုးမှုဟာ မည်သည့် ဘဏ္ဍာရေးဆိုင်ရာ မက်လုံးများထက်မဆို သာလွန်သွားစေခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ဝစ်ဇ် ဘေယန်မြူးနစ်ကို ငြင်းပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အဓိက အချက်လည်း ဖြစ်ခဲ့ကြောင်း ကစားသမားရဲ့ ဖခင်က ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဝစ်ဇ်ရဲ့ ဖခင်လည်း ဖြစ်သလို တွဲဖက် အေးဂျင့်လည်း ဖြစ်တဲ့ ဟန်စ် ယိုအာချင်မ်ရဲ့ ပြောကြားချက်အရ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် နှစ်သင်း အကြားမှာ ဘဏ္ဍာရေးအရ ကြီးမားတဲ့ ကွာဟချက် မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် မန်နေဂျာ အာနေး ဆလော့တ် ကတော့ ဝစ်ဇ်ကို အားကစားရှုထောင့် ကနေ ဝစ်ဇ်ကို အကောင်းဆုံး စွဲဆောင်နိုင်ခဲ့ပြီး နယ်သာလန်သား နည်းပြ ကလည်း အရမ်းကို ဖော်ရွေတဲ့သူ ဖြစ်ကြောင်း ဝစ်ဇ်ရဲ့ ဖခင်က ပြောကြားခဲ့ပါတယ်။

အဲနောက် “ဖလော်ရီယန်ရဲ့ အကောင်းဆုံး နည်းပြတွေဟာ အမြဲတမ်း သူ့ကို လွတ်လပ်မှု များစွာ ပေးခဲ့ကြသူတွေပါပဲ။ ပြီးတော့ သူ့ကို ကောင်းကောင်း နားလည်မှု ရှိတဲ့သူတွေက ဖလော်ရီယန်နဲ့ အနီးစပ်ဆုံးကို ရောက်သွားကြပါတယ်။ သူဟာ အရှိန်အဟုန်နဲ့ လန်းဆန်း တက်ကြွသူ ဖြစ်တာကြောင့် အင်္ဂလိပ် ဂိမ်းတွေကို စိတ်ဝင်စားစရာ ကောင်းစေမှာ သေချာပါတယ်။ အာနေး ဆလော့တ်က သူ့ရဲ့ ကစားပုံ ခံယူချက်၊ အသင်း နည်းဗျူဟာတွေကို ပိုင်နိုင်ပြီး ဖလော်ရီယန်က အဲဒီမှာ သူ့ရဲ့ အားသာချက်တွေကို ဘယ်လို တိုးတက်အောင်လုပ်နိုင်သလဲ ဆိုတာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။” လို့ ဟန်စ် ယိုအာချင်မ်က ဆိုပါတယ်။

နောက်ဆုံး မှာတော့ သူက “လစ်ဗာပူးလ်မှာ ရှိတဲ့ လေ့ကျင့်ရေး အခြေအနေတွေ ကလည်း လုံးဝကို အထင်ကြီးစရာပါပဲ။ ဒါ့အပြင် ဖလော်ရီယန်က အခုအချိန်မှာ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့ ကစားဖို့က အရွယ်ကောင်း ဖြစ်နေပါပြီ။ နောက်ပြီး ကျွန်တော်တို့ ၃ ယောက်စလုံး တူညီတဲ့ ခံယူချက်ရှိတာကြောင့် လစ်ဗာပူးလ် ကိုပဲ ရွေးချယ်ဖို့ အတူတကွ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ လေဗာကူဆင်က ဂျရယ်မီ ဖရင်ပေါင်နဲ့ ဖလောရီယန် ဝစ်ဇ် အပြင် မီလော့စ် ကာကက်ဇ် ကိုလည်း ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ တိုက်စစ်ပိုင်း အတွက် အိဆက်ခ်နဲ့ အစ်ကီတီကီ တို့ကို လိုက်နေပြီး ထပ်မံ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်