နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆုဖလား အများဆုံး ရရှိထားတဲ့ ကစားသမား စာရင်းမှာ အဆင့် ၇ နေရာမှာသာ ရှိနေတဲ့ ရော်နယ်ဒို | ဘောလုံး

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ နေးရှင်းလိဂ် ဆုဖလားကို ပူပူနွေးနွေး ရရှိထားပါတယ်။ ဒီဆုဖလားဟာ သူ့ရဲ့ ဆုဖလား ရရှိမှု မှတ်တမ်းကို တိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း ဆုဖလား အများဆုံး ရရှိထားတဲ့ ဘောလုံးသမား စာရင်း မှာတော့ ရော်နယ်ဒိုက အဆင့် ၇ နေရာမှာသာ ရှိနေတာ တွေ့ရပါတယ်။

ပေါ်တူဂီ နာမည်ကျော် တိုက်စစ်မှူးကြီးဟာ ကစားသမား ဘဝ ဆယ်စုနှစ် ၂ ခုကျော်ကြာ ဖြတ်သန်းပြီးချိန်မှာ ဆုဖလား ၃၆ လုံး အထိ အောင်မြင်မှု ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို ရရှိထားတဲ့ အဓိက ဆုဖလားတွေထဲမှာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခရာဘောင်ဖလား ၂ ကြိမ်၊ လာလီဂါ ဖလား ၂ ကြိမ်၊ စပိန့် ဘုရင့်ဖလား ၂ ကြိမ်၊ စီးရီးအေ ဖလား ၂ ကြိမ်၊ ကိုပါအီတလီယာ ဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၅ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၄ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ်၊ ယူရို ဖလား ၁ ကြိမ်နဲ့ နေးရှင်းလိဂ် ဖလား ၂ ကြိမ် ပါဝင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်နဲ့ ကိုပါအီတလီယာဖလားကို နောက်ဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ကတည်းက လက်ရှိ အချိန်ထိ အဓိက ဆုဖလားတွေနဲ့ ဝေးကွာနေသူ ဖြစ်ပါတယ်။ ဒါကြောင့် နေးရှင်းလိဂ် ဖလားဟာ သူ့ အတွက် ပျော်ရွှင်စရာ ဆုဖလား အောင်မြင်မှု ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ မက်ဆီနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် ခြွင်းချက်မရှိ ပူးတွဲ ရပ်တည်နေဆဲ ဖြစ်ပေမယ့် ဆုဖလား အရေအတွက်မှာ ၁၀ လုံး အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမား ဘဝ တစ်ကိုယ်ရည် အောင်မြင်မှုတွေ အဖြစ် ဘယ်လွန်ဒေါဆု ၅ ကြိမ် အပါအဝင် လိဂ်အသီးသီးရဲ့ ရွှေဖိနပ်ဆုတွေ၊ ဥရောပ ရွှေဖိနပ်ဆုတွေ အပြင် အခြားသော ဆုတံဆိပ်ပေါင်း၊ စံချိန်ပေါင်း များစွာ ရရှိထားပေမယ့် ဆုဖလား အောင်မြင်မှု မှာတော့ တခြားသော ကစားသမားတွေကို ကျော်ဖြတ်ဖို့ ခက်ခဲနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် သမိုင်းတစ်လျှောက် ဆုဖလား အများဆုံး ရရှိထားတဲ့ ဘောလုံးသမားတွေကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ်။
ကစားသမားဘဝ ဆုဖလား ၄၆ လုံး ရရှိထားတဲ့ မက်ဆီ

လက်ရှိမှာ မက်ဆီက ဆုဖလား အများဆုံး အဖြစ် ၄၆ လုံး ရရှိထားပြီး ဘောလုံးသမိုင်း တစ်လျှောက် အများဆုံး အဖြစ် စံချိန်တင်ထားပါတယ်။ မက်ဆီရဲ့ နောက်မှာတော့ ဘရာဇီးလ်နဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း ဒန်နီ အဲလ်ဗတ်စ်က ၄၃ လုံး၊ ဟော့ဆမ် အက်ရှာက ၃၉ လုံး၊ ဘာစီလိုနာ ကစားသမားတွေ ဖြစ်တဲ့ အင်နီယေစတာ၊ ဂျရတ် ပီကေး၊ ဆာဂျီယို ဘူးစကွက်စ် တိုက ၃၇ လုံးစီ ရရှိထားပါတယ်။

ဒါကြောင့် သမိုင်းတစ်လျှောက် ဆုဖလား အများဆုံး ရရှိထားတဲ့ ဘောလုံးသမားတွေကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ်။

• လီယွန်နယ် မက်ဆီ – ၄၆ လုံး

• ဒန်နီ အဲလ်ဗက်စ် – ၄၃ လုံး

• ဟူဆင် အက်ရှာ – ၃၉ လုံး

• အန်ဒရီယာစ် အင်နီယေစတာ – ၃၇ လုံး

• ဂျရတ် ပီကေး – ၃၇ လုံး

• ဆာဂျီယို ဘူးစကွက်စ် – ၃၇ လုံး

• ခရစ္စတီယာနို ရော်နယ်ဒို – ၃၄ လုံး

• ဒေးဗစ် အလာဘာ – ၃၆ လုံး

• ကင်နီ ဒဲဂလစ်ရှ် – ၃၅ လုံး• ရွိုင်ယန် ဂစ် – ၃၅ လုံး

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်