နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်ကို နှလုံးသားထဲကနေ ကျေးဇူးတင်ကြောင်း ပြောခဲ့တဲ့ အဲလ်နာဆာ ကစားသမားသစ် ကင်စလေ ကိုမန် | ဆော်ဒီပရိုလိဂ်

ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုမန် ကတော့ သူ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ ဘေယန်မြူးနစ်ကို စွန့်ခွာပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ကိုမန်ဟာ အဲလ်နာဆာ အသင်းထံ ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး သူ့အနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကြောင့် အဲလ်နာဆာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ခရစ္စတီယာနို ရော်နယ်ဒိုက ကိုမန်ရဲ့ အပြောင်းအရွှေ့မှာ ပါဝင်ပတ်သတ်ခဲ့ပြီး ဆွဲဆောင် စည်းရုံးခဲ့တယ်လို့လည်း သိရပါတယ်။ ကိုမန်ဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အမြင့်ဆုံး အနေနဲ့တော့ ယူရို သန်း ၃၀ အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀နဲ့ ၂၅ သန်း အကြား ရရှိနိုင်ပါတယ်။

ပြင်သစ် လက်ရွေးစင် ကစားသမား ကတော့ ၂၀၁၅ ခုနှစ်မှာ ဂျူဗင်တပ်စ် ကနေ ကနဦး နှစ်နှစ် အငှားနဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၃၃၉ ပွဲ ကစားကာ ၇၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ကိုမန်က ဘေယန်မြူးနစ် အတွက် ၇၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး သူ့ရဲ့ အထင်ရှားဆုံး သွင်းဂိုးကတော့ ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ ဘက်ကို သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုး ဖြစ်ပါတယ်။

ကိုမန်ဟာ ရာသီသစ် မတိုင်ခင် အဲလ်နာဆာရဲ့ ပဉ္စမမြောက် ခေါ်ယူမှု ဖြစ်လာပြီး ဆော်ဒီပရိုလိဂ် ကလပ်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်မယ့်သူ အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
အဲလ်အစ်တီဟတ်နဲ့ ပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိနေတဲ့ ကင်စလေ ကိုမန်

အဲလ်နာဆာ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ယာအို ဖီးလစ်နဲ့ အင်နီဂို မာတီနက်ဇ် တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်နာဆာက ခရစ္စတီယာနို ရော်နယ်ဒိုကို ပြီးခဲ့တဲ့ ဇွန်လက ၂ နှစ် စာချုပ်သစ် ချုပ်ဆိုထားပါသေးတယ်။ ကိုမန်ဟာ ရာသီသစ် မတိုင်ခင် အဲလ်နာဆာရဲ့ ပဉ္စမမြောက် ခေါ်ယူမှု ဖြစ်လာပြီး ဆော်ဒီပရိုလိဂ် ကလပ်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်မယ့်သူ အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ကိုမန် အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က ဟောင်ကောင်ရှိ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ ဘယ်လွန်ဒေါဆု ၅ ကြိမ်ရ ကစားသမားနဲ့ ချက်ချင်းပဲ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

အဲဒီခရီးစဉ် မစတိုင်မှာ ကိုမန်က အင်စတာဂရမ် ကနေ တဆင့် ဘေယန်မြူးနစ်ကို နှုတ်ဆက် စကားတွေ ရေးသား ဖော်ပြခဲ့ပါတယ်။ ကိုမန်က “ကျွန်တော် ၁၉ နှစ်သား အရွယ်ကတည်းက မြူးနစ်ကို ပထမဆုံး အိမ် အဖြစ် ရောက်ရှိခဲ့တာပါ။ အခုတော့ ၁၀ နှစ်နီးပါး ကြာခဲ့ပြီ ဆိုတော့ ယုံရခက်ပါတယ်။ အဲဒီအချိန်တုန်းက ဒီမယုံကြည်နိုင်စရာကောင်းတဲ့ အသင်းနဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေ အောင်မြင်မှုတွေကို မျှဝေ ခံစားခွင့် ရခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ၉ ကြိမ်၊ စူပါဖလား ၆ ကြိမ်၊ ဂျာမန်ဖလား ၃ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရခဲ့ပါတယ်။ အားလုံးထက် ကျွန်တော့်ရဲ့ ဂုဏ်အယူရဆုံး အခိုက်အတန့်က လစ္စဘွန်း ၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါပဲ။ ဒီကလပ်က ကျွန်တော့်ရဲ့ ထာဝရ အစိတ်အပိုင်း တစ်ခု ဖြစ်မှာပါ၊ လာမယ့် ရာသီတွေမှာ ဘေယန်မြူးနစ် အနေနဲ့ ဆက်ပြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားထဲ ကနေ ကျေးဇူးတင်ပါတယ်။” လို့ ရေးသားခဲ့ပါတယ်။

အဲလ်နာဆာ ကတော့ လာမယ့် အင်္ဂါနေ့မှာ ဟောင်ကောင်မှာ ကျင်းပမယ့် ဆော်ဒီ စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ဆော်ဒီပရိုလိဂ် ချန်ပီယံ အဲလ် အစ်တီဟတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲ ပြီးရင်တော့ အဲလ်နာဆာက ဆော်ဒီပရိုလိဂ် အဖွင့် ပွဲစဉ် အဖြစ် အဲလ်တေးဝန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်