နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီမစခင်မှာပဲ ဖလား တစ်လုံး ဆုံးရှုံးလိုက်ရတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ | ဆော်ဒီစူပါဖလား

၂၀၂၅ ခုနှစ်ရဲ့ ဆော်ဒီစူပါဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ မှာတော့ အဲလ်အာလီက အဲလ်နာဆာကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဆုဖလားတွေ ဆာလောင်နေပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို အတွက် ကတော့ စိတ်ပျက်စရာကောင်းခဲ့ရသလို အဲလ်နာဆာနဲ့ ရော်နယ်ဒို ကံရောစပ်ရဲ့လား ဆိုပြီး သံသယဝင်စရာ ဖြစ်လာပါပြီ။

ဒီဗိုလ်လုပွဲက ဟောင်ကောင်မှာ ကစားခဲ့တာ ဖြစ်ပြီး ဆီမီးဖိုင်နယ်တွေမှာ အဲလ်နာဆာက အဲလ်အစ်တီဟတ်ကို ၂-၁၊ အဲလ်အာလီက အဲလ်ကတ်ဆီယာကို ၅-၁ နဲ့ အနိုင်ရခဲ့ကာ ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး ရာသီမစခင် ဆုဖလား တစ်လုံး ရရှိရေး အတွက် အပြည့်အဝ အားစိုက်ခဲ့ကြပါတယ်။ အဲလ်နာဆာ ဘက်မှာ မာနေး ကလွဲလို့ ရော်နယ်ဒို၊ ယာအို ဖီးလစ်၊ ကိုမန်၊ ဘရိုဇိုဗစ်၊ ဆီမာကန်၊ မာတီနက်ဇ်၊ ခရက်ပ်စကီး တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာတာပါ။ တစ်ဖက်က အဲလ်အာလီ ကလည်း တိုနေးကို အထောင်ထားပြီး မာရက်ဇ်၊ ကက်ဆီ၊ မီလော့တ်၊ အီဘာနက်ဇ်၊ ဒါမီရယ်၊ မန်ဒီ တို့နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

အဲလ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်ဒို (၄၁ မိနစ် ပယ်နယ်တီ)၊ ဘရိုဇိုဗစ် (၈၂ မိနစ်) တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း အဲလ်အာလီက ကက်ဆီ၊ အီဘာနက်ဇ် တို့ရဲ့ ဂိုးတွေနဲ့ ပြန်လည် ချေပနိုင်ခဲ့ပြီးတော့ ပင်နယ်တီ အရောက်မှာ ပြိုင်ဘက်ကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို၊ ဘရိုဇိုဗစ်၊ ယာအို ဖီးလစ်တို့ ခြေစွမ်းပြခဲ့ပေမယ့် ကိုမန် ကတော့ အသင်းနဲ့ သိပ်ပြီး အသားမကျသေးတာ တွေ့ရပါတယ်။ ပင်နယ်တီ မှာတော့ အဲလ်အာလီ ဘက်က ကန်သွင်းသူ အားလုံး ဂိုးဝင်ခဲ့ပေမယ့် အဲလ်နာဆာ ဘက်ကတော့ အက်ဘ်ဒူလာ အဲလ်ခိုင်ဘာရီ လွဲချော်ခဲ့တာကြောင့် ပင်နယ်တီ ရလဒ် ၃-၅ နဲ့ အဲလ်အာလီတို့ အနိုင်ရသွားခဲ့ပါတယ်။ အဲလ်အာလီဟာ ဆော်ဒီစူပါဖလား ကို ၂၀၁၆ ခုနှစ် ကလည်း တစ်ကြိမ် ချန်ပီယံ ဖြစ်ထားဖူးပြီး ဒါကတော့ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီစူပါဖလား မှာ ယခင်က ၂ ကြိမ် ဗိုလ်စွဲထားဖူးတဲ့ အဲလ်နာဆာ ကတော့ တတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ခွင့်နဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ မတူညီတဲ့ အသင်း ၄ သင်းနဲ့ အတူ သွင်းဂိုး ၁၀၀ ပြည့်တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဆုဖလား မရခဲ့တာကြောင့်တော့ မပျော်ရွှင်ခဲ့တာ တွေ့ရပါတယ်။

အဲလ်အာလီဟာ ဆော်ဒီစူပါဖလား ကို ၂၀၁၆ ခုနှစ် ကလည်း တစ်ကြိမ် ချန်ပီယံ ဖြစ်ထားဖူးပြီး ဒါကတော့ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကစားသမားကောင်းတွေ ခေါ်ယူထားပေမယ့် အောင်မြင်မှု မရသေးတဲ့ အဲလ်နာဆာ

ဒီတော့ ပြောစရာ ရှိတာက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အဲလ်နာဆာ ဘာတွေ မှားနေသလဲ ဆိုတာပါပဲ။ အဲလ်နာဆာက ဒီနွေရာသီမှာ နည်းပြ ဆိုရင် အဲလ်ဟီလာနဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့ ဂျော့ဂျ် ဂျီးဆပ်စ်ကို ခန့်အပ်ထားပါတယ်။ ကစားသမား ဆိုရင်လည်း အင်နီဂို မာတီနက်ဇ်၊ ယာအို ဖီးလစ်၊ ကင်စလေ ကိုမန် တို့လို ထိပ်တန်း ကစားသမားတွေနဲ့ ခေါ်ယူ အားဖြည့်ထားတာပါ။ အသင်းမှာ ရှိတဲ့ လူစာရင်းနဲ့ ပေါင်းလိုက်ရင် အဲလ်နာဆာက ဒီနှစ် အတွက် တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီလို့တောင် ပြောလို့ ရပါတယ်။ မြင်ရသလောက် ဆိုရင် ပြည်ပ ကနေ လာကစားတဲ့ ကစားသမားတွေနဲ့ ပြည်တွင်း ကစားသမားတွေရဲ့ ခြေစွမ်း ကွာဟချက် မြင့်မားနေသလို အရေးကြီးတဲ့ အချိန် ရောက်တိုင်း အမှားလုပ်တတ်တာက အဲလ်နာဆာရဲ့ ခေါက်ရိုးကျိုးနေတဲ့ ကိစ္စလို ဖြစ်လာပါပြီ။

ဒီပုံအတိုင်း ဆက်သွားနေဦးမယ် ဆိုရင်တော့ အဲလ်နာဆာ တို့ ဆုဖလားတွေနဲ့ လွဲချော်နေဦးမှာပါပဲ။ ဒီတော့ ရော်နယ်ဒို တစ်ယောက် အသင်း ပြောင်းလို့ ရရဲ့သားနဲ့ အဲလ်နာဆာ အတွက် အောင်မြင်မှုတွေ ရယူပေးချင်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ရဲ့လား ဆိုတာ ပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်