နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်နာဆာက စိတ်ဝင်စားနေပေမယ့် ယူနိုက်တက် အတွက်ပဲ အာရုံစိုက်ထားတဲ့ ဘရူနို ဖာနန်ဒက်စ် | ဆော်ဒီပရိုလိဂ်

ပေါ်တူဂီ ဘရူနို ဖာနန်ဒက်စ် ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်နေဖို့ ကတိပြုထားကြောင်း သိရပါတယ်။ အဲလ်နာဆာဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်မှာ တတိယနေရာနဲ့ စိတ်ပျက်စရာ ပြီးဆုံးပြီးနောက် ဒီနွေရာသီမှာ အသင်းကို အင်အားဖြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆော်ဒီပရိုလိဂ် ကလပ်က ဂျွန် ဂျူရန်ကို ဖီနာဘာချီဆီ အငှားနဲ့ စေလွှတ်ခဲ့ပြီးနောက် ရော်နယ်ဒို ကိုတော့ ၂ နှစ် သက်တမ်းတိုးကာ ချဲလ်ဆီးက ယာအို ဖီးလစ်ကို ခေါ်ယူထားပါတယ်။ မကြာသေးခင်က ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်နာဆာ နည်းပြသစ် ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ဘရူနို ဖာနန်ဒက်စ်ကို ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ရော်နယ်ဒိုနဲ့ ပြန်လည် ပေါင်းစည်းစေဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ ဒါကြောင့် အဲလ်နာဆာက ဒီနွေရာသီမှာပဲ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အခုချိန်ထိတော့ အဲလ်နာဆာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ အကြား ဆွေးနွေးမှုတွေ မရှိသေးကြောင်း သိရပါတယ်။ ဖာနန်ဒက်စ်ဟာ ယခင်က အဲလ်ဟီလာ ထံမှ စိတ်ဝင်စားမှုကို ငြင်းပယ်ခဲ့ဖူးပြီး မန်ချက်စတာယူနိုက်တက် အတွက်ပဲ ဆက်လက် အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ဖာနန်ဒက်စ်ကို အိုးထရက်ဖို့ဒ် ကနေ ခေါ်ယူဖို့ ကြီးမားတဲ့ ရည်မှန်းချက်တွေထားပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။ အဲလ်ဟီလာဟာ ပေါ်တူဂီ လက်ရွေးစင် ကစားသမား အတွက် ပေါင် သန်း ၁၀၀ ဝန်းကျင် ပေးချေဖို့ ဆန္ဒရှိခဲ့ကြောင်း ESPN ကလည်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ဖာနန်ဒက်စ်ကို အိုးထရက်ဖို့ဒ် ကနေ ခေါ်ယူဖို့ ကြီးမားတဲ့ ရည်မှန်းချက်တွေထားပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။
ဆော်ဒီပရိုလိဂ် ထိပ်သီး အဲလ်ဟီလာရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ဖူးတဲ့ ဘရူနို ဖာနန်ဒက်စ်

အဲဒီ အချိန်တုန်းက ဘရူနို ဖာနန်ဒက်စ် ကိုယ်တိုင်က သူ့အတွက် ကမ်းလှမ်းမှုတွေနဲ့ ပတ်သတ်ပြီး အခုလိုပဲ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ ဖာနန်ဒက်စ်က “အဲဒါဖြစ်နိုင်ခြေ ရှိပါတယ်။ အဲလ်ဟီလာရဲ့ ဥက္ကဌက လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ကို ဖုန်းဆက်ခဲ့ပါတယ်။ အနာဂတ် အကြောင်း စဉ်းစားဖို့လည်း အချိန် တစ်ခု ယူခဲ့တယ်။ ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပဲ ယူနိုက်တက်က အဲဒီလို ဆုံးဖြတ်ခဲ့မယ် ဆိုရင် ကျွန်တော်လည်း ဆန္ဒရှိပါလိမ့်မယ်။ ဒီကာလ တစ်လျှောက်လုံး ကျွန်တော့်ကို ထွက်မသွားဖို့ တိုက်တွန်းခဲ့တဲ့ နည်းပြ ရူဘင် အမော်ရင်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ အသင်းက ငွေကြေး ပြဿနာ မရှိတာကြောင့် ကျွန်တော့်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိကြောင်း ကလပ်က ပြောထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ လက်ရှိ သဘောထား ကတော့ အဲလ်ဟီလာနဲ့တုန်းကလိုပဲ ပြောင်းလဲမယ့် သဘော မရှိပဲ ယူနိုက်တက်မှာပဲ ဆက်လက် ကစားသွားဖို့ ရှိနေပုံရပြီး ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ တွဲဖက် ကစားခွင့်ရမယ့် အခွင့်အရေး ကိုလည်း ပယ်ချသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက် ကတော့ ဒီနွေရာသီမှာ ဘရိုင်ယန် အမ်ဘူမိုနဲ့ မားသီးယက်စ် ကူညာ တို့ နှစ်ဦး ကိုသာ ခေါ်ယူထားရသေးပြီး အထောင် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိ ပစ်မှတ် စာရင်းမှာ လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကိုက ထိပ်ဆုံးက ရှိနေပေမယ့်လည်း ခေါ်ယူနိုင်ဖို့တော့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချို၊ အန်တိုနီ၊ ဂျေဒန် ဆန်ချို၊ ဟွိုက်ဂျ်လန်း၊ တိုင်ရဲလ် မလာစီယာ တို့ကို ရောင်းထုတ်ဖို့လည်း စီစဉ်နေရသေးပြီး အပြောင်းအရွှေ့ ကာလ လက်ကျန် တစ်လ အတွင်းမှာ ဘယ်လိုမျိုး ဆက်လက် လုပ်ဆောင်သွားမလဲ ဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်