ပေါ်တူဂီ ဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ အနာဂတ်ဟာ တော်တော်လေး မရေမရာ ဖြစ်နေပါတယ်။ အဲလ်နာဆာ အပါအဝင် အသင်းကြီး ၄ သင်းကို ထိန်းချုပ်ထားတဲ့ ဆော်ဒီအစိုးရရဲ့ (PIF) ရန်ပုံငွေ အဖွဲ့ဟာ သူ့အသင်း အပေါ် အပြောင်းအရွှေ့ ဈေးကွက်မှာ ထောက်ပံ့မှု အားနည်းတယ်လို့ ယူဆကာ ရော်နယ်ဒို တစ်ယောက် ဒေါသထွက်နေတာပါ။
ဒါကြောင့်လည်း တနင်္လာနေ့က အဲလ်ရီယတ်ကို ၁-၀ နဲ့ အနိုင်ရတဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ သူကိုယ်တိုင်ပဲ ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ဘက် အဲလ်ဟီလာက ကာရင်မ် ဘန်ဇီမာကို ခေါ်ယူလိုက်ချိန်မှာ သူ့အသင်းက ငြိမ်သက်နေတာကို မကျေမနပ် ဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
၁။ တခြားသော ဆော်ဒီပရိုလိဂ် ကလပ်များ
ရော်နယ်ဒို ရောက်ရှိလာပြီး ကတည်းက အဲလ်နာဆာဟာ ဆော်ဒီပရိုလိဂ် ချန်ပီယံဆု မရသေးတာကြောင့် သူက စိတ်ပျက်နေပါတယ်။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ကာရင်မ် ဘန်ဇီမာ လုပ်ခဲ့သလိုပဲ ဆော်ဒီပရိုလိဂ် အသင်းကြီး တစ်သင်း ကနေ တစ်သင်းကို ပြောင်းရွှေ့နိုင်ခြေ ရှိနေပါတယ်။

အဲလ်အစ်တီဟတ် ကတော့ ဘန်ဇီမာ ထွက်ခွာသွားတာကြောင့် သူတို့မှာ ကြယ်ပွင့်တိုက်စစ်မှူး လိုအပ်နေပါတယ်။ အဲလ်အာလီ ကလည်း ဖြစ်နိုင်ခြေ ရှိနေပေမယ့် သူတို့ မှာတော့ ဂိုးတွေ ဆက်တိုက် သွင်းယူနေတဲ့ အိုင်ဗန် တိုနေး ရှိနေပြီးသားပါ။ တခြား PIF ပိုင် အသင်းကို ပြောင်းရင်တော့ တစ်ပတ်ကို ဒေါ်လာ ၄.၅ သန်း (မြန်မာငွေ သိန်းပေါင်း သောင်းချီ) ရနေတဲ့ သူ့ရဲ့ မြင့်မားတဲ့ လစာငွေကို ဆက်လက် ရရှိနိုင်မှာ ဖြစ်ပါတယ်။
၂။ အမေရိကန် မေဂျာလိဂ်
ရော်နယ်ဒိုနဲ့ သူ့ရဲ့ ထာဝရ ပြိုင်ဘက် မက်ဆီတို့ အမေရိကန်မှာ ပြန်လည် ဆုံတွေ့မယ့် သတင်းဟာ အမြဲတမ်း ရေပန်းစားနေပါတယ်။ စီးပွားရေးအရ ကြည့်မယ် ဆိုရင်လည်း ဒါဟာ အလွန် အမြတ်အစွန်း များမယ့် အပြောင်းအရွှေ့ ဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ အမေရိကန်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ပါဝင်ကစားမှာ ဖြစ်လို့ အဲဒီမှာပဲ အခြေချဖို့ကလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အခက်အခဲ ကတော့ လစာငွေ ပြဿနာပါ။ မက်ဆီတောင် အင်တာမိုင်ယာမီမှာ တစ်ပတ်ကို ဒေါ်လာ ၄ သိန်းခွဲခန့်သာ ရနေတာ ဖြစ်လို့ ရော်နယ်ဒို အနေနဲ့ လက်ရှိလစာကို အများကြီး လျှော့ချရမှာ ဖြစ်ပါတယ်။
၃။ စပို့တင်းလစ္စဘွန်း
သူ့ရဲ့ ကစားသမားဘဝ စတင်ခဲ့ရာ အသင်းဟောင်းဆီ ပြန်သွားခြင်းဟာ အလွန်လှပတဲ့ ဇာတ်သိမ်းခန်း ဖြစ်လာပါလိမ့်မယ်။ ရော်နယ်ဒိုဟာ ၁၉၉၇ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းကို စတင် ရောက်ရှိခဲ့တာပါ။ ၂၀၂၃ တုန်း ကတော့ ရော်နယ်ဒိုက “ဥရောပ ဘောလုံးလောကကို ပြန်မသွားတော့ဘူး။ တံခါးပိတ်သွားပြီ။” လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် သံယောဇဉ်က သူ့စိတ်ကို ပြောင်းလဲစေမလား ဆိုတာ စောင့်ကြည့်ရမှာပါ။
၄။ ရီးရဲလ်မက်ဒရစ်
ဒါကတော့ မဖြစ်နိုင်ဆုံးလို့ ထင်ရပေမယ့် ဘောလုံးလောကမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ တစ်ခါတလေမှာ ထင်မှတ်မထားတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်သူပါ။ အကယ်၍သာ အမ်ဘာပေး၊ ရော်နယ်ဒိုနဲ့ ဗင်နီးစီးယပ်စ်တို့ တိုက်စစ် သုံးယောက်တွဲကို မြင်တွေ့ရမယ် ဆိုရင်တော့ သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုထက် “မာန်မာန” တွေကို ပိုမို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အဆင့်မြင့် ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာ ကြာပြီ ဖြစ်တဲ့ ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်က ပြန်ခေါ်ဖို့ ဆိုတာတော့ တော်တော်လေး ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်မှာပါ။
သေချာတာ ကတော့ လက်ရှိမှာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ ကတော့ ဆော်ဒီ ဘောလုံးလောကကိုတင်မကဘဲ ကမ္ဘာ့ဘောလုံးလောက ကိုပါ တစ်ကျော့ပြန် လှုပ်ခတ်ဦးမှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


