ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ် မှာတော့ အဲလ်နာဆာက အဲလ်ခါလိဂျ်ကို အိမ်ကွင်းမှာ ၄-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် အဲလ်နာဆာက ရာသီ ဆော်ဒီပရိုလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ရှေ့ဆက်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ကနေ ရမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
အဲလ်ဟီလာ နည်းပြဟောင်း ဂျော့ဂျ် ဂျီးဆပ်စ် လက်ထက်မှာ အကောင်းဆုံး ပုံစံနဲ့ ရှေ့ဆက်နေတဲ့ အဲလ်နာဆာက ဒီနေ့ပွဲမှာ ရော်နယ်ဒို၊ ယာအို ဖီးလစ်၊ မာနေး၊ ဘရိုဇိုဗစ်၊ မာတီနက်ဇ်၊ ဆီမာကန် တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲ မရှိသေးတဲ့ အဲလ်ခါလိဂျ် ကလည်း Al Awwal Park ကနေ တတ်နိုင်သမျှ အမှတ်ယူပြီး ပြန်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရော်နယ်ဒို ဦးဆောင်တဲ့ အသင်းရဲ့ အမြင့်ပျံနေမှု ကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီပွဲမှာ အဲလ်နာဆာက တစ်ပွဲလုံးနီးပါး ပြိုင်ဘက်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်ချက်လည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲလ်နာဆာ အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ ယာအို ဖီးလစ်၊ ၄၂ မိနစ်မှာ ဝက်စ်လေ၊ ၇၇ မိနစ်မှာ မာနေးနဲ့ ၉၀+၆ မိနစ်မှာ ရော်နယ်ဒို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးတွေ ထဲမှာ မာနေးရဲ့ သွင်းဂိုးနဲ့ ရော်နယ်ဒိုရဲ့ ဂိုးတွေက တော်တော်လေး လှပခဲ့တာ တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ အဲလ်ဘူရှာအီလ်ရဲ့ ကန်တင်ပေးပို့မှုကို ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းခဲ့တာ ဖြစ်ပြီး ဒါကလည်း သူ့ရဲ့ Trademark သွင်းဂိုးတွေထဲက တစ်ဂိုး ဖြစ်ပါတယ်။ အဲလ်ခါလိဂျ် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပွဲချိန် ၄၇ မိနစ်မှာ အဲလ်ဟော်ဆာဝီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲလ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာ နောက်ဆုံး ၆၂ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ကလပ် အသင်း သမိုင်းမှာ အရှည်ကြာဆုံး ဂိုးသွင်းယူနိုင်မှု စံချိန် (၂၀၁၁-၂၀၁၂ ခုနှစ် နောက်ပိုင်း)လည်း ဖြစ်ပါတယ်။ ဂိုးမရှိသရေကျနေချိန်မှာ နှစ်သင်းစလုံး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး အဲလ်နာဆာဟာ ဂိုးကန်သွင်းမှု ၂၁ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အဲလ်နာဆာရဲ့ ပေါ်တူဂီ ကစားသမား နှစ်ဦးဟာ အိမ်ရှင် အသင်း အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ယာအို ဖီးလစ်ဟာ ဂိုးပေါက် ကန်ချက် ၂ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၂ ကြိမ် ရှိခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရခဲ့ပါတယ်။ ရော်နယ်ဒို ကတော့ ဂိုးပေါက် ကန်ချက် ၈ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ၄ ကြိမ် ဂိုးပေါက်တည့်ကာ Big Chances နှစ်ကြိမ် ဖန်တီးပေးခဲ့ပါတယ်။
နောက်ပြီး ဒီနေ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့တဲ့ GOAT ကြီး ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၅၄ ဂိုး အထိ ရှိလာပြီး သူ့ရဲ့ သွင်းဂိုး ၁၀၀၀ ရည်မှန်းချက် ပြည့်ဖို့ ၄၆ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုကို ရာသီကုန်အထိ ထိန်းထားနိုင်မယ် ဆိုရင်တော့ ရော်နယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ်နဲ့ အဓိက ဆုဖလား တစ်လုံးကို ပထမဦးဆုံး အကြိမ် ဆွတ်ခူးနိုင်ဖို့လည်း ရှိနေပါတယ်။
ဒီတော့ ရော်နယ်ဒို အနေနဲ့ မဝေးတော့တဲ့ ကာလတွေမှာ သူ့ရဲ့ အိမ်မက် ကွက်လပ်တွေ ဖြစ်တဲ့ သွင်းဂိုး စံချိန်၊ ကမ္ဘာ့ဖလား အောင်မြင်မှု၊ ကလပ် အသင်းတိုင်းနဲ့ ဆုဖလား အောင်မြင်မှု မှတ်တမ်းတွေကို ဖြည့်တင်းသွားနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


