ဩဂုတ် ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ဆော်ဒီပရိုလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ အမည်မဖော်လိုတဲ့ ကလပ် တစ်ခုက ဗင်နီးစီးယပ်စ် ဂျူနီယာကို လွဲချော်ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းဖော် ကီလီယန် အမ်ဘာပေးကို ယူရို ၃၅၀ သန်းနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ အဆိုပါ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ပြင်သစ်သားကို ရောင်းချရန် မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဆော်ဒီအာရေဗျဆီ ကနေ ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက် ဘာစီလိုနာ ကလည်း ထွက်ခွာဖို့ တံခါးဖွင့်ထားကြောင်း El Nacional က ဖော်ပြပါတယ်။ ဘာစီလိုနာ ကတော့ ဝါရင့် တိုက်စစ်မှူး အတွက် ယူရို သန်း ၁၀၀ တန်ကြေး ရှိတဲ့ ပြောင်းရွှေ့ကြေး လိုချင်နေကြောင်း သိရပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ် ကတော့ ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုရဲ့ ‘သိသာ ထင်ရှားသော’ ချဉ်းကပ်မှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘရာဟင်မ် ဒီးယက်ဇ် အတွက် နယူးကာဆယ်ထံက ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း E-Notícies က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်ကို တော့တင်ဟမ်ဟော့စပါးက ချဉ်းကပ်ခဲ့သေးပေမယ့် မော်ရိုကိုသားဟာ ဆန်တီယာဂို ဘာနေဗျူး မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ကိုမို ကတော့ ဘာစီလိုနာ ဂိုးသမား အင်နာကီ ပီနာကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။ တခြားသော ကလပ်တွေ ကလည်း ခေါ်ယူချင်နေပေမယ့် ကိုမို ကတော့ ပီနာရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေတယ်လို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အယ်ဲနာဆာ ကတော့ ဘေယန်မြူးနစ်က ပြင်သစ် တောင်ပံကစားသမား ကင်စလေ ကိုမန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကိုမန်ဟာ နည်းပြ ကွန်ပနီ လက်ထက်မှာ ပွဲကစားခွင့် လျော့ကျလာခဲ့သလို၊ လက်ရှိအချိန်မှာ ဘေယန်မြူးနစ်က လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဲလ်နာဆာက ဘေယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကိုမန် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။ ကိုမန် ကိုတော့ တစ်နှစ်လစာ ယူရို သန်း ၂၀ နဲ့ ၂၅ သန်းကြား ပမာဏနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ချဲလ်ဆီး ကတော့ လိုက်ပ်ဇစ်ရဲ့ နယ်သာလန် တိုက်စစ် ကစားသမား ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေရာမှာ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူနဲ့ အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ချဲလ်ဆီးက အန်ကွန်ကူရဲ့ တန်ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ခဲ့ပြီး ဆိုင်မွန်စ် အတွက် လိုအပ်တဲ့ ငွေကြေး ပမာဏကို အလိုက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ယူနိုက်တက်က အာဂျင်တီးနား တိုက်စစ်ကစားသမား ဂါနာချိုကို ခေါ်ယူဖို့နဲ့ အသင်းက ဆီနီဂေါ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို ရောင်းထုတ်ဖို့လည်း နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ လိုင်ယွန်က ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား မာလစ်ခ် ဖိုဖာနာကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ မာလစ်ခ် ဖိုဖာနာကို အာဆင်နယ် အပြင် ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ဖူလ်ဟမ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကလည်း ချိန်ရွယ်နေကြသလို၊ ဘေယန်မြူးနစ်၊ လိုက်ပ်ဇစ်နဲ့ နာပိုလီ တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.