စီးရီးအေ ကလပ် အေစီမီလန် ကတော့ ဒီနွေရာသီမှာ ကစားသမား အပြောင်းအရွှေ့ များစွာ ပြုလုပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မီလန်က အသင်းရဲ့ အဓိက ကစားသမားတွေကို လက်လွတ်ထားခဲ့ရပေမယ့် ပြန်လည် ဖြည့်တင်းထားနိုင်တဲ့ ကစားသမားတွေထဲမှာ အထောင် တိုက်စစ်မှူး မပါဝင်သေးပါဘူး။
လက်ရှိ အေစီမီလန်ရဲ့ အထောင် တိုက်စစ် နေရာမှာတော့ ပြီးခဲ့တဲ့ ရာသီကမှ ခေါ်ယူထားခဲ့တဲ့ မက္ကဆီကို တိုက်စစ်မှူး ဆန်တီယာဂို ဟင်မီနက်ဇ် တစ်ဦးသာ ရှိနေပါတယ်။ အေစီမီလန်ဟာ လက်တလော တိုက်စစ်ပိုင်းမှာ ရာဖေးလ် လီယောင်၊ ခရစ္စတီယန် ပူလီဆစ်၊ အိုကာဖော၊ ချူကွီဇီနဲ့ ဆယ်လီမိတ်ကာစ် တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် တိုက်စစ်မှူးစစ်စစ်တွေ မဟုတ်တာကြောင့် နံပါတ် ၉ နေရာ အတွက် အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အေစီမီလန်က စီးရီးအေ ပြိုင်ဘက် ဂျုဗင်တပ်စ်ရဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ချဲလ်ဆီးက ဆီနီဂေါ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန် တို့ကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အေစီမီလန်က လက်ရှိမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။ ဒါ့အပြင် ဗလာဟိုဗစ်၊ ဂျက်ဆန်နဲ့ နူညက်ဇ်တို့ ၃ ဦးစလုံးဟာ ဒီနွေရာသီ ဈေးကွင်မှာ သက်ဆိုင်ရာ အသင်းတွေ ကနေ ထွက်ခွာဖို့ သေချာနေသူတွေ ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ဒါဝင် နူညက်ဇ် ကိုတော့ လတ်တလောမှာ အေစီမီလန်၊ နာပိုလီနဲ့ ဂျုဗင်တပ်စ် တို့လို စီးရီးအေ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရုဂွေးသားက ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလာနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသလို အဲလ်ဟီလာနဲ့ နူညက်ဇ်ရဲ့ အေးဂျင့် တို့ကပါ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်တွေ ကတော့ သူတို့သာ ကစားသမား တစ်ဦးကို အမှန်တကယ် ခေါ်ယူချင်တယ် ဆိုရင် ကလပ်နဲ့ ကစားသမား အတွက် လုံလောက်တဲ့ ပြောင်းရွှေ့ကြေးတွေ အပြင် မက်မောလောက်စရာ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းတတ်တဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် အေစီမီလန် အနေနဲ့ အဲလ်ဟီလာနဲ့ အပြိုင် ဒါဝင် နူနက်ဇ်ကို ကမ်းလှမ်းဖို့ ခက်ခဲနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် ငယ်သေးပြီး ဥရောပမှာ ကစားလိုတဲ့ ကစားသမားရဲ့ ဆန္ဒက အဓိကကျလာဖွယ် ရှိပြီး ဒါက အေစီမီလန် အတွက် အခွင့်အရေး ဖြစ်လာဖို့ ရှိပါတယ်။
တစ်ဖက် မှာလည်း လစ်ဗာပူးလ် ကတော့ နူညက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ပေါင် သန်း ၆၀ လောက် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဒါကလည်း လစ်ဗာပူးလ် အနေနဲ့ နူညက်ဇ် အတွက် သူတို့ ခေါ်ယူခဲ့စဉ်က သုံးစွဲခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ပြန်လည် ကာမိစေဖို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အေစိမီလန်က နူညက်ဇ်ကို အဲလ်ဟီလာနဲ့ အပြိုင် ကမ်းလှမ်းဖို့ထက် နူညက်ဇ်ထက် တန်ကြေး ပိုသက်သာနိုင်ပြီး စီးရီးအေ အတွေ့အကြုံရှိတဲ့ ဗလာဟိုဗစ် ကိုသာ ခေါ်ယူသွားနိုင်ခြေ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.