နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြင်သစ် အတွက် ကစားပေးရင်း ဒဏ်ရာရသွားတဲ့ အေစီမီလန် တိုက်စစ်မှူး (စီးရီးအေ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ပြင်သစ် အတွက် ကစားပေးရင်း ဒဏ်ရာရသွားတဲ့ အေစီမီလန် တိုက်စစ်မှူး

အေစီမီလန် တိုက်စစ်မှူးကြီး အိုလစ်ဗီယာ ဂျရူးဟာ ပြင်သစ်အတွက် ယူရို – ၂၀၂၄ ခြေစစ်ပွဲမှာ ပါဝင် ကစားပေးရင်း ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အသက် (၃၆) နှစ် အရွယ် အဆိုပါ ဝါရင့် တိုက်စစ်မှူးကြီးဟာ အိုင်ယာလန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစစ်ပွဲမှာ အသင်း အတွက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် (၂၅) မိနစ်မှာတင် ဂျရူးက ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျရူးဟာ သူ့ရဲ့ ဖိနပ်ကို ချွတ်ကာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပြီး ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘယ်လောက်ထိ အနားယူရမယ် ဆိုတာကို မသိရှိရသေးပါဘူး။ အေစီမီလန်ဟာ လာမယ့် အပတ်မှာ အင်တာမီလန်နဲ့ မီလန် ဒါဘီပွဲကို စီးရီးအေမှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဂျရူးရဲ့ ဒဏ်ရာ သတင်းက အေစီမီလန် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

စီးရီးအေ
အင်တာမီလန်
အေစီမီလန်
1X2 သရေ (Draw) @ 3.35
ဂိုးအောက် 2.50 @ 1.94
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ယူရို ယူ-၂၁ အတွက် မကစားပေးခဲ့တဲ့ အပေါ် နာပိုလီကို မေးဖို့ ခီလီရာ ပြော

နာပိုလီ ကြယ်ပွင့် ခဗီချာ ကေဗာရက်ခီလီရာက ပြီးခဲ့တဲ့ ယူရို ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂျော်ဂျီယာ အတွက် ပါဝင်ကစားပေးခြင်း မရှိတဲ့ အပေါ် နာပိုလီ ကိုသာ မေးမြန်းဖို့ မီဒီယာတွေကို တုံ့ပြန်သွားခဲ့ပါတယ်။ အဆိုပါ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နာပိုလီ အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး စီးရီးအေ ချန်ပီယံဆု ကိုလည်း အသင်းနဲ့ အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ခီလီရာက ဂျော်ဂျီယာ ယူ-၂၁ အတွက် ယူရို ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှ ပါဝင်ကစားခြင်း မရှိဘဲ ဒီအပေါ် မှာတော့ တုံ့ပြန်လာခဲ့တာပါ။ ခီလီရာက ဒီအကြောင်းကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ ဂျော်ဂျီယာ အနေနဲ့ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေတယ်လို့ ဘယ်သူမှမပြောဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံအသင်း အတွက် ကစားပေးတဲ့သူတိုင်းက ဂုဏ်ယူနေပြီး ဒါက ကျွန်တော်တို့ အတွက် အောင်မြင်တဲ့ ပြိုင်ပွဲ ဖြစ်ခဲ့ကြောင်း၊ ဂျော်ဂျီယာ အတွက် မကစားပေးခဲ့တဲ့ အပေါ် နာပိုလီ ကိုသာ မေးမြန်းနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

တူရကီလိဂ်က စီးရီးအေထက် ပိုအဆင့်မြင့်တယ် ဆိုတဲ့ ဘာလိုတယ်လီ

အဆိုပါ ကစားသမားကြီးဟာ စီးရီးအေ အတွေ့အကြုံရှိ ကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့ပြီး မီလန်မြို့ရဲ့ နာမည်ကြီး နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတာပါ။
လက်ရှိအချိန်ထိ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဘာလိုတယ်လီ

အေစီမီလန်နဲ့ အင်တာမီလန် တို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး မာရီယို ဘာလိုတယ်လီက တူရကီလိဂ်က အီတလီ စီးရီးအေထက် ပိုမို အဆင့်မြင့်မားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဘာလိုတယ်လီဟာ ဆီယွန် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် လက်ရှိအချိန်ထိ အသင်းသစ် ရှာဖွေနေရဆဲပါ။

အဆိုပါ ကစားသမားကြီးဟာ စီးရီးအေ အတွေ့အကြုံရှိ ကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့ပြီး မီလန်မြို့ရဲ့ နာမည်ကြီး နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတာပါ။

လက်ရှိအချိန်မှာတော့ ဘာလိုတယ်လီက မနှစ်က စီးရီးအေ ပွဲတွေကို ကြည့်ဖြစ်ခဲ့ကြောင်း၊ ဘာမှအငြိုးအတေးမှ မရှိပေမယ့် နှိုင်းယှဉ်ကြည့်တဲ့ အခါမှာ တူရကီလိဂ်က စီးရီးအေထက် ပိုမိုအဆင့်မြင့်ကြောင်း၊ စီးရီးအေက စိတ်ပျက်ဖို့ ကောင်းတာမျိုး မဟုတ်ပေမယ့် အခြားသောလိဂ်တွေက တိုးတက်လာတာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်