နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝါရင့် ကစားသမားတွေနဲ့ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်မယ့် အေစီမီလန် | စီးရီးအေ

စီးရီးအေ ထိပ်သီး အေစီမီလန် ကတော့ ဆိုးရွားလှတဲ့ ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပြီးနောက် မှာတော့ အသင်းကို ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အေစီမီလန်က အဓိကအားဖြင့် သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အသစ် ပြန်လည် တည်ဆောက်ဖို့ အတွက် အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ခရိုအေးရှင်း ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း နည်းပြ မက်စ် အယ်လီဂရီရဲ့ အေစီမီလန်က နောက်ထပ် ပစ်မှတ် အဖြစ် လေဗာကူဆင်ရဲ့ အဓိက ကွင်းလယ်လူ ဂရန်းနစ် ချာကာ ကိုပါ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ မကြာခင်မှာ ဆွစ်ဇာလန် အသင်းခေါင်းဆောင် အတွက် ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပြီးတော့ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့လည်း မျှော်လင့်လျက် ရှိနေပါတယ်။

အီတလီ နာမည်ကြီး သတင်းစာ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အေစီမီလန်က နည်းပြသစ် မက်စ် အယ်လီဂရီရဲ့ အစုအဖွဲ့ အတွက် ကွင်းလယ်ပိုင်း တောင့်တင်းစေဖို့ လိုလားလျက် ရှိပြီး စီမံကိန်းချကာ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒီလို အကြီးအကျယ် ပြုပြင် ပြင်ဆင်နေတဲ့ အခါမှာ ချာကာက အရေးပါသူ အဖြစ် သတ်မှတ်ထားပြီး လေဗာကူဆင်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂရန်းနစ် ချာကာဟာ ဂျာမန် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင်က အလွန်ဆိုနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် တချို့ ထွက်ခွာသွားပြီးနောက် အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ အပြောင်းအလဲတွေ ရှိနေသလို အသင်း ကလည်း လူစာရင်း အပြောင်းအလဲတွေ ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ချာကာ အနေနဲ့ အသင်းပြောင်းဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အေစီမီလန် ဘက်ကလည်း အနီးကပ် စောင့်ကြည့်နေခဲ့ပါတယ်။ 

ချာကာရဲ့ လက်ရှိ ပြောင်းရွှေ့ကြေး ကတော့ ယူရို ၁၂ သန်း ဝန်းကျင်သာ ရှိနေသလို ကစားသမားရဲ့ လုပ်ခလစာ အပိုင်း ကလည်း စီးရီးအေ ကလပ် အတွက် အဆင်ပြေကြောင်း သိရပါတယ်။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေးပိုင်း အင်အားတောင့်တင်းနေတဲ့ အေစီမီလန်

ချာကာ ကတော့ လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်နဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကြောင့် အေစီမီလန်က တော်တော်လေးကို သဘောကျနေတယ်လို့ သိရပါတယ်။ ချာကာ ကတော့ ပြီးခဲ့တဲ့ ၂ဝ၂၃-၂၀၂၄ ဘောလုံးရာသီမှာ လေဗာကူဆင်နဲ့ အတူ ဘွန်ဒက်စ်လီဂါဖလားနဲ့ ပိုကယ်ဖလား တို့ကို ရှုံးပွဲ မရှိပဲ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ချာကာက ဘွန်ဒက်စ်လီဂါမှာ ၃၃ ပွဲ ကစားပြီး ၂ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ချာကာရဲ့ လက်ရှိ ပြောင်းရွှေ့ကြေး ကတော့ ယူရို ၁၂ သန်း ဝန်းကျင်သာ ရှိနေသလို ကစားသမားရဲ့ လုပ်ခလစာ အပိုင်း ကလည်း စီးရီးအေ ကလပ် အတွက် အဆင်ပြေကြောင်း သိရပါတယ်။ 

စီးရီးအေ ကလပ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ နှုတ်ဆက်ခဲ့တဲ့ လူကာ မိုဒရစ်ကို တစ်နှစ် စာချုပ်နဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အေစီမီလန်က သူတို့ရဲ့ ခြေစွမ်းပြ ကွင်းလယ်လူ တီဂျန်နီ ရီအင်ဒါကို မန်ချက်စတာစီးတီး အသင်းထံ လက်လွှတ်ထားရတာကြောင့် အတွေ့အကြုံရင့် ကွင်းလယ် ကစားသမားတွေကို ဆက်တိုက် ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မီလန်က ယူနွတ် မူဆာ့ ကိုလည်း စီးရီးအေ ပြိုင်ဘက် နာပိုလီထံ ရောင်းချဖို့ သဘောတူညီမှု ရရှိထားပါတယ်။ ဒါကြောင့် အေစီမီလန်က ငွေကြေး အင်အား တောင့်တင်းနေပြီး စိတ်ကြိုက် ကစားသမား ခေါ်ယူနိုင်ဖို့လည်း အသင့် ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အေစီမီလန်က တခြားသော အပြောင်းအရွှေ့တွေ အဖြစ် လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဂျာဗီ ဂူအာရာနဲ့ ဂျာရှာရီ တို့ကိုလည်း စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ အရောင်းစာရင်းမှာ ပါဝင်နေသူ ယူကရိန်း ဘယ်နောက်ခံလူ အိုလက်ခ်ဆန်ဒါ ဇင်ချန် အတွက်လည်း ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်