နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အတ္တလန္တာကို ခက်ခက်ခဲခဲ ကစားရမယ့် အေစီမီလန် | စီးရီးအေ (ပွဲကြိုသုံးသပ်ချက်)

အတ္တလန္တာ – အေစီမီလန်

စီးရီးအေ ပွဲစဉ် ၉ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် အတ္တလန္တာနဲ့ အေစီမီလန်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ရှုံးပွဲမရှိတာ ကြာပြီ ဖြစ်တဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘယ်အသင်းက ရလဒ်ကောင်းတစ်ခု ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အတ္တလန္တာ ကတော့ ဒီရာသီ စီးရီးအေမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း နိုင်ပွဲ ကတော့ ၂ ပွဲသာ ရထားပြီး သရေ ၆ ပွဲအထိ ရှိလို့ ရမှတ် ၁၂ မှတ်နဲ့ အတူ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ပြီး အိုင်ဗန် ဂျူရစ်ရဲ့ အသင်းက ဒီရာသီ အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ စွမ်းဆောင်ရည် တူညီနေတာ တွေ့ရပါတယ်။ အတ္တလန္တာဟာ ဒီရာသီ စီးရီးအေရဲ့ ခံစစ် အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး ၈ ပွဲ ကစားပြီး ၁၂ ဂိုး ရထားတဲ့ တိုက်စစ် ကလည်း မဆိုးလှတာ တွေ့ရပါတယ်။

မက်စ် အယ်လီဂရီရဲ့ အေစီမီလန် ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လက ခရီမိုနိစ်ကို ရှုံးနိမ့်ပြီးခဲ့တည်းက လက်ရှိအချိန်ထိ ရှုံးပွဲ မရှိသေးပါဘူး။ အေစီမီလန်က ဒီရာသီ စီးရီးအေ မှာလည်း ရှုံးပွဲ ၁ ပွဲသာ ရှိထားသလို ၅ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က နာပိုလီကို ၁ မှတ် အကွာနဲ့ ဖိအားပေးနေပါတယ်။ အေစီမီလန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်လည်း ရှုံးပွဲ လုံးဝ မရှိသေးတာ တွေ့ရပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို အတ္တလန္တာ ဘက်က စကယ်ဗီနီနဲ့ ဘက်ကာ တို့ လွဲချော်မှာ ဖြစ်ပြီး အေစီမီလန် ဘက်မှာတော့ အက်စတူပီနန်၊ ရာဘီယော့တ်၊ ဂျာရှာရီ၊ လော့ဖ်တပ်စ်ချိခ်နဲ့ ပူလီဆစ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အတ္တလန္တာ – ကာနက်ဆက်ချီ၊ ဂျင်မ်စီတီ၊ ဟိန်း၊ ဟာနာ၊ ဘယ်လာနိုဗာ၊ အီဒါဆင်၊ ဒီရွန်၊ ဇာလက်စကီး၊ ဒီကတ်တယ်လာရီ၊ လွတ်ခ်မန်း၊ စကမ်မက်ကာ

အေစီမီလန် – မိုက်ဂ်နန်၊ တိုမိုရီ၊ ဂက်ဘီယာ၊ ပက်ဗ်လိုဗစ်၊ ဆယ်လီမေကာစ်၊ ဖိုဖာနာ၊ မိုဒရစ်၊ ရစ်ချီ၊ ဘာတက်စ်ဆာဂီ၊ အန်ကွန်ကူ၊ လီယောင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

အေစီမီလန်က ဒီရာသီ စီးရီးအေ မှာလည်း ရှုံးပွဲ ၁ ပွဲသာ ရှိထားသလို ၅ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်

နောက်ဆုံး ၂၉ ကြိမ် တွေ့ဆုံမှုမှာ အတ္တလန္တာက ၁ ကြိမ်နိုင်၊ အေစီမီလန်က ၁၀ ကြိမ်နိုင်ပြီး ၈ ကြိမ် သရေကျခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အတ္တလန္တာက ၃ ကြိမ် နိုင်ခဲ့ပြီး‌ အေစီမီလန်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ အတ္တလန္တာကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ၂ ကြိမ်စီ နိုင်ထားကြပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အတ္တလန္တာ နိုင်ရင် ၂.၄၉ ဆ၊ အေစီမီလန် နိုင်ရင် ၂.၅၇ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာတော့ ဒဲ့ကြေးပဲ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂.၇၅၊ ၂.၅၀ ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ အတ္တလန္တာက ကစားရခက်တဲ့ အသင်း ဖြစ်ပါတယ်။ နောက်ပြီး သူတို့က ဒီရာသီ ပြည်တွင်း ပြိုင်ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ အေစီမီလန်က အယ်လီဂရီ လက်ထက်မှာ ပုံစံကောင်း ပြန်ရလာပေမယ့် အားနည်းချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် အခုပွဲ ကိုတော့ သရေ ရလဒ်နဲ့ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။ ဂိုးလည်း နည်းနိုင်ပါတယ်။

ခန့်မှန်းရလဒ်

အေစီမီလန် ၁-၁ ရိုးမား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်