ဗုဒ္ဓဟူးနေ့က ဖီအိုရင်တီးနားကို ၃-၀ နဲ့ အနိုင်ရပြီးနောက် အင်တာမီလန်ရဲ့ စိတ်ဓာတ်ရေးရာ အပေါ် သက်ရောက်မှုရှိခဲ့တဲ့ နည်းပြ ခရစ္စတီယန် ချီဗူးကို ဟာကန် ချလနောဂလူက ချီးကျူးခဲ့ပါတယ်။ တူရကီ ကွင်းလယ်လူဟာ အဲဒီ ပွဲစဉ်မှာ အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အင်တာမီလန်က စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အင်တာမီလန်ဟာ တနင်္ဂနွေနေ့က လက်ရှိချန်ပီယံနဲ့ လိဂ်ကို ဦးဆောင်နေသူ နာပိုလီကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အရေးပါတဲ့ နိုင်ပွဲကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချလနောဂလူဟာ အဲဒီပွဲမှာလည်း အင်တာမီလန် အတွက် ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ သူဟာ ဒီရာသီ စီးရီးအေ ပွဲစဉ် ၇ ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ရာသီက ၂၉ ပွဲ ကစားပြီးချိန်မှာ သူသွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်နဲ့ တူညီခဲ့ပါတယ်။ ချလနောဂလူက စီးရီးအေ ချန်ပီယံဆု အတွက် ပြိုင်ဘက်တွေကို ရှုံးနိမ့်ပြီးနောက် ချီဗူးဟာ သူတို့ကို ပြန်လည် ကောင်းမွန်လာစေဖို့ အရေးပါတဲ့ သက်ရောက်မှုရှိခဲ့တယ်လို့ အခုလိုပဲ ပြောကြားခဲ့တာပါ။
ချလနောဂလူက “ကျွန်တော်တို့ ချက်ချင်းပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ဘေးဖယ်ထားခဲ့ပြီး ဒီနေ့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။” လို့ DAZN ကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေရော၊ ပွဲစဉ်ကို အနိုင်ရဖို့ ဆာလောင်နေတဲ့ ရှုထောင့် ကနေပါ တစ်ခုခု ပေးစွမ်းနိုင်တဲ့ နည်းပြကို ကျေးဇူးတင်ပါတယ်။ အင်တာ အတွက် ကစားရင် အမြင့်ဆုံး ရည်မှန်းချက်တွေကို ရည်မှန်းရမယ် ဆိုတာ လူတိုင်း သိပါတယ်။ အသင်းက အဲဒါနဲ့ ထိုက်တန်ပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာ ခက်ခဲခဲ့ပေမယ့် နည်းပြက ကျွန်တော် တို့ကို စိတ်ပိုင်းဆိုင်ရာအရ တကယ်ကို အကူအညီပေးခဲ့ပါတယ်။ ဒါကြောင့် အရေးကြီးတာက စိတ်အားထက်သန်မှုထက် စည်းကမ်းရှိမှုပါ။”

အသက် ၂၂ နှစ် အရွယ် ဆူဆစ် ကတော့ ဒီနွေရာသီမှာ ဒိုင်နမို ဇာဂရက်ဘ် ကနေ ပြောင်းရွှေ့လာပြီးနောက် အင်တာမီလန် အတွက် သူ့ရဲ့ ပထမဦးဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဆူဆစ်က “ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်တာ ကောင်းပါတယ်။ ကျွန်တော် တကယ်ပျော်ပါတယ်။ ကျွန်တော် အရမ်းကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး ကတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ကစားပြီး အနိုင်ရခဲ့တာပါ။ ဂိုးအတွက် ကျွန်တော် ပျော်ပါတယ်။ ဒါပေမယ့် ရလဒ်က အရေးကြီးဆုံးပါပဲ။
“ အင်တာက အသင်းကြီး တစ်သင်း ဖြစ်ပြီး ကောင်းမွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ကစားရတဲ့အခါ ပျော်ရွှင်ပါတယ်။ မကစားရတဲ့အခါ ကျွန်တော် ကြိုးစားလေ့ကျင့်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ နည်းလမ်းလို့ ကျွန်တော် ထင်ပါတယ်။ စွမ်းဆောင်ရည် အပေါ် ကျွန်တော် ကျေနပ်မိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အင်တာမီလန် ကတော့ ဒီရာသီ စီးရီးအေမှာ ၉ ပွဲ ကစားပြီးချိန် အထိ ၆ ပွဲ အနိုင်ရကာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အင်တာက နည်းပြ ချီဗူး လက်အောက်မှာ ၁၆ ပွဲ ကစားရာမှာ ၁၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
 
					 
										 
										 
										 
										 
										 
										 
			 
							 
							 
							 
							 
									 
				 
		

