နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ဇယားရဲ့ အခြေအနေကို အာရုံစိုက်မထားတဲ့ ချီဗူး

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အင်တာမီလန်ဟာ ဒီရာသီ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း နည်းပြ ခရစ္စတီယန် ချီဗူး ကတော့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ဇယားရဲ့ အခြေအနေကို အာရုံစိုက်မထားကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အင်တာမီလန်ဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ ဂျီနိုအာကို ၂-၁ နဲ့ အနိုင်ရပြီးနောက် စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အင်တာမီလန်က ဘစ်ဆက်ခ်၊ လော်တာရို မာတီနက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၆၈ မိနစ်မှာ ပြိုင်ဘက်ကို ၁ ဂိုး ပြန်ပေးခဲ့ရပေမယ့် အနိုင် ၃ မှတ် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အင်တာမီလန်ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ဂျီနိုအာကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့ပြီး အီတလီ ထိပ်တန်း လိဂ်မှာ ဂီရိုနာနဲ့ အဝေးကွင်း ၃ ပွဲ ဆက်တိုက် သရေကျမှု ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ အင်တာမီလန်ဟာ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အေစီမီလန် (သရေ)၊ နာပိုလီ (ရှုံး) တို့ နိုင်ပွဲ ပျောက်ခဲ့မှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမီလန်က အမှတ်ပေးဇယား ထိပ်ကနေ ၁ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဓိက ပြိုင်ဘက်တွေနဲ့ ရမှတ် ကွာဟချက် ကျဉ်းမြောင်းနေဆဲ ဖြစ်တာကြောင့်တော့ ဘာဆိုဘာမှ မသေချာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

Optaရဲ့ စူပါကွန်ပျူတာ ကတော့ အင်တာမီလန် အနေနဲ့ ဒီရာသီ စီးရီးအေ ချန်ပီယံ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်း ရှိနေကြောင်း တွက်ချက်ထားပါတယ်။ ဒါပေမယ့်လည်း ချီဗူး ကတော့ ကိုယ့်ကံကြမ္မာ ကိုယ်ရေးခွင့် အတွက် သေချာမယ့် အရာတွေ ကိုပဲ လုပ်ဆောင်ချင်ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ချီဗူးက “ကျွန်တော်က ပွဲအကြောင်းနဲ့ ကွင်းထဲမှာ မြင်တွေ့ခဲ့ရတာတွေ အကြောင်း ပြောချင်ပါတယ်။ ဒီညက ခက်ခဲတဲ့ပွဲ တစ်ပွဲ ဖြစ်ပြီး ဒီရော့ဆီ ရောက်လာပြီး ကတည်းက အားကောင်းနေတဲ့ အသင်းနဲ့ ရင်ဆိုင်ရတာပါ။ အရေးကြီးဆုံး အရာက အနိုင် ၃ မှတ် ကျွန်တော်တို့ ယူနိုင်ခဲ့တာပါ။ 

အင်တာမီလန်ဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ ဂျီနိုအာကို ၂-၁ နဲ့ အနိုင်ရပြီးနောက် စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ပွဲမှာ ဘိုလော့ဂ်နာနဲ့ အီတလီ စူပါဖလားလုရမယ့် အင်တာမီလန်

ဒီရာသီမှာ သူ့ရဲ့ အင်တာမီလန်ကို တစ်ခါတစ်ရံမှာ လျှော့တွက်ခံရတယ်လို့ ခံစားရလား ဆိုပြီး ချီဗူးကို မေးမြန်းရာမှာတော့ “လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော်တို့ ပြီးဆုံးသွားပြီလို့ ထင်ရလို့ အဆင့် ၈ ဒါမှမဟုတ် အဆင့် ၁၀ နေရာလောက်မှာ အဆုံးသတ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ တန်ဖိုးကို ပြသနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော့် အတွက် ကတော့ အရာအားလုံးမှာ တည်ငြိမ်မှု အနည်းငယ် လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်ရမယ် ဆိုတာ သိပါတယ်။” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ 

အင်တာမီလန်ဟာ သူတို့ရဲ့ စီးရီးအေ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် သူတို့ရဲ့ ပထမဆုံး အဝေးကွင်း လိဂ် ပွဲစဉ် ၇ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရထားပါတယ်။ ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်ခဲ့ပြီးနောက် အင်တာမီလန်ရဲ့ အာရုံစိုက်မှုက အီတလီ စူပါဖလား ဖြစ်ပြီး သူတို့ဟာ မနှစ်က ဗိုလ်လုပွဲမှာ ပြိုင်ဘက် မြို့ခံ ပြိုင်ဘက် အေစီမီလန်ကို ၃-၂ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။

သူတို့ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ရီယာ့ဒ်မှာ ကိုပါအီတလီယာဖလား လက်ရှိ ချန်ပီယံ ဘိုလော့ဂ်ညာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချီဗူး အနေနဲ့ အင်တာမီလန်ကို အီတလီ စူပါဖလားမှာ စံချိန်တင် အဖြစ် ချန်ပီယံဆုကို ၉ ကြိမ်မြောက် ရယူပေးခွင့် ရှိနေပြီး အေစီမီလန်ကို အသာရနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သတ်လို့ ချီဗူးက “ရီယာ့ဒ်မှာ အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲ စောင့်ကြိုနေပါတယ်။ ကျွန်တော်တို့ တခြား ဘာမှ မစဉ်းစားထားပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်