နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီမံကိန်း အတိုင်း မဆောင်ရွက်ရင် နာပိုလီ ကနေ ထွက်ခွာနိုင်ကြောင်း ပြောဆိုလာတဲ့ ကွန်တီ | စီးရီးအေ

နာပိုလီ အသင်း တာဝန်ရှိသူတွေ အနေနဲ့ စီမံကိန်း အတိုင်း ဆောင်ရွက်ပေးခြင်း မရှိရင် ဒီရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာနိုင်ဖွယ် ရှိကြောင်း နည်းပြ အန်တိုနီယို ကွန်တီက သတိပေးစကား ပြောကြားလိုက်ပါတယ်။ ကွန်တီဟာ စီးရီးအေ ကလပ် တာဝန်ရှိသူတွေနဲ့ တင်းမာမှုတွေ ရှိနေပုံရပြီး အခုလိုပဲ အနာဂတ်နဲ့ ပတ်သတ်လို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်တာပါ။

အန်တိုနီယို ကွန်တီက “ကျွန်တော့် အနေနဲ့ အသင်းဥက္ကဋ္ဌ (ဒီလော်ရန်းတစ်)နဲ့ စကား ပြောရပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်သလို၊ ခါဗရာစခီလီယာကို ရောင်းချထားတာကြောင့်လည်း အသင်း အတွက် အများကြီး အထောက်အကူ ဖြစ်ထားပါတယ်။ ဒီတော့ အသင်း ဥက္ကဋ္ဌနဲ့ ရှင်းရှင်းလင်းလင်း စကား ပြောဖို့ လိုအပ်နေပြီ။ ဒီလော်ရန်းတစ်နဲ့ ဆက်ဆံရေး ကောင်းပေမယ့် ကျွန်တော့် အနေနဲ့ လေးစားမှု ခံရဖို့တော့ လိုအပ်ပါတယ်။ စီမံကိန်းကို လုယက်ခံရတာက အဆင်မပြေပါဘူး။ ကျွန်တော့် အနေနဲ့ စီမံကိန်းကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကောင်းကောင်း ရှေ့ဆက်နိုင်မှာပါ။ လို့ ဆိုပါတယ်။

ကလပ်နဲ့ နည်းပြရဲ့ သဘောတူညီချက် အရ ဆိုရင် ကွန်တီ အနေနဲ့ စီးရီးအေ ကလပ်နဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း စာချုပ်ဖျက်သိမ်းခွင့် ရှိနေကြောင်း သိရပါတယ်။
ကစားသမားသစ် မခေါ်ယူပေးနိုင်တာကြောင့် စိတ်ပျက်နေတဲ့ အန်တိုနီယို ကွန်တီ

အသက် ၅၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ လူမျိုး နာမည်ကျော် နည်းပြ အန်တိုနီဘို ကွန်တီ ကတော့ ဒီရာသီအစ ကမှ နာပိုလီ နည်းပြ အဖြစ် စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်တီဟာ နေပဲလ် ကလပ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းရှိနေသူ ဖြစ်ပေမယ့် အခုလိုမျိုး ပြတ်ပြတ်သားသား ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ကွန်တီဟာ နာပိုလီ နည်းပြ ဘဝ ပထမဦးဆုံး ရာသီမှာပဲ အသင်းကို စီးရီးအေ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးထားသူပါ။ ဒါပေမယ့်လည်း ကွန်တီ အနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီတွေ အပေါ် မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။ နာပိုလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်း အတွက် ခြေစွမ်းပြနေတဲ့ ဂျော်ဂျီယာ တောင်ပံ တိုက်စစ် ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ပီအက်စ်ဂျီထံသို့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့်လည်း နာပိုလီ တာဝန် ရှိသူတွေဟာ ခါဗရာစခီလီယာရဲ့ နေရာမှာ အစားထိုးဖို့ ထိပ်တန်း ကစားသမား ခေါ်ယူပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ကွန်တီ အနေနဲ့ သဘောမကျ ဖြစ်နေတာပါ။

နာပိုလီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်က အာဂျင်တီးနား တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် စီးရီးအေ ကလပ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလည်း ဂါနာချိုကို ဆက်လက် ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်ဟာ အပြောင်းအရွှေ့တွေမှာ လက်ပေါက်ကပ်တဲ့သူ အဖြစ် နာမည်ကြီးပြီး အမြတ်အစွန်းကို ကြည့်လွန်းတာကြောင့် မကြာခဏ ဆိုသလို နည်းပြတွေနဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ ဒီလော်ရန်းတစ်ရဲ့ နာပိုလီဟာ လာမယ့် အပြောင်းအရွှေ့ မရောက်ခင် ဘယ်ကစားသမားကို ခေါ်ယူမလဲ ဆိုတာ ပစ်မှတ် အဖြစ် မသတ်မှတ်နိုင်ရင်ကို ကွန်တီ အနေနဲ့ အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

ကလပ်နဲ့ နည်းပြရဲ့ သဘောတူညီချက် အရ ဆိုရင် ကွန်တီ အနေနဲ့ စီးရီးအေ ကလပ်နဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း စာချုပ်ဖျက်သိမ်းခွင့် ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်