နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စကူဒက်တို ချန်ပီယံဆုက နာပိုလီရဲ့ လက်ထဲမှာ ရောက်နေပြီလို့ ကြုံးဝါးလိုက်တဲ့ ကွန်တီ | စီးရီးအေ

နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ ဒီရာသီ စီးရီးအေ ချန်ပီယံဆုဟာ သူတို့ အသင်းရဲ့ လက်ထဲကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ နာပိုလီဟာ စီးရီးအေ ပွဲစဉ် ၃၄ အပြီးမှာ ရမှတ် ၇၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီးတော့ ဒုတိယ နေရာက အင်တာမီလန်ကို ၃ မှတ် ဖြတ်ထားနိုင်ပါတယ်။

ဒါပေမယ့်လည်း ကွန်တီ ကတော့ သူ့ရဲ့ အသင်းအပေါ် ယုံကြည်မှု အပြည့် ရှိနေပြီးတော့ စီးရီးအေ (စကူဒက်တို) ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ နာပိုလီ အနေနဲ့ စီးရီးအေ လက်ကျန် ပွဲစဉ် ၄ ပွဲမှာ လက်ချီ၊ ဂျီနိုအာ၊ ပါးမား၊ ကက်ဂလီယာရီ တိုနဲ့ ကစားရမှာ ဖြစ်ပြီးတော့ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နာပိုလီ ရင်ဆိုင်ရမယ့် ၄ သင်း စလုံးက အမှတ်ပေးဇယား အောက်နားက အသင်းတွေ ဖြစ်နေတာကြောင့် ဘောလုံး သုံးသပ်သူ အများစုက ဒီနှစ် စီးရီးအေ ချန်ပီယံဆုကို အင်တာမီလန်ထက် နာပိုလီ တို့ ပိုင်ဆိုင်သွားဖို့ များနေကြောင်း သုံးသပ်နေကြတာ ဖြစ်ပါတယ်။

အကယ်၍ နာပိုလီသာ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့မယ် ဆိုရင်တော့ နောက်ဆုံး ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ချန်ပီယံ ဖြစ်လာမှာပါ။
စီးရီးအေ ထိပ်တန်း ကလပ်တွေနဲ့ အမှတ်ပေးချန်ပီယံဆု ရယူနိုင်သူ ဖြစ်လာတော့မယ့် ကွန်တီ

နာပိုလီရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ အင်တာမီလန် ကတော့ လက်ကျန် ပွဲစဉ် ၄ ပွဲမှာ ဗီရိုနာ၊ တိုရီနို၊ လာဇီယို၊ ကိုမို တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာက ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် ရောက်နေလို့ စီးရီးအေကို အာရုံစိုက်ဖို့ အနည်းငယ် ခက်ခဲနေပုံရပါတယ်။ နာပိုလီ ကတော့ စီးရီးအေ တစ်ခုတည်းကို အာရုံစိုက်ထားနိုင်မှာ ဖြစ်သလို လက်ကျန် ပွဲချောင်နေတာရယ်နဲ့ ၃ မှတ်လည်း အသာရထားလို့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေခဲ့တာပါ။

ဒါကြောင့် လက်ရှိမှာ ကွန်တီ ကိုယ်တိုင်က စီးရီးအေ ချန်ပီယံဆုဟာ သူတို့ရဲ့ လက်ထဲကို ရောက်ရှိနေပြီ ဖြစ်ကြောင်း တပ်အပ် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ကွန်တီက “လက်ကျန် ၄ ပွဲပဲ ကျန်တော့တာပါ။ ကျွန်တော်တို့ အနေနဲ့ တစ်ပွဲချင်းစီကို အာရုံစိုက်သွားပါမယ်။ ချန်ပီယံဆုက ကျွန်တော်တို့ လက်ထဲကို ရောက်နှင့်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ အခုအနေအထားရအောင် အများကြီး ကြိုးစားလာခဲ့ရတာပါ။ လက်ကျန် ပွဲစဉ်တိုင်းက ခက်ခဲမှာ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်။” လို့ ဆိုခဲ့ပါတယ်။

အကယ်၍ နာပိုလီသာ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့မယ် ဆိုရင်တော့ နောက်ဆုံး ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ချန်ပီယံ ဖြစ်လာမှာပါ။ ဒါ့အပြင် နာပိုလီ အနေနဲ့ သမိုင်းတစ်လျှောက် စီးရီးအေ ချန်ပီယံဆုကို စတုတ္ထအကြိမ်မြောက် ကိုင်မြှောက်နိုင်မှာလည်း ဖြစ်ပါတယ်။ စီးရီးအေ မှာတော့ အအောင်မြင်ဆုံး အသင်းက ဂျူဗင်တပ်စ် ဖြစ်ပြီးတော့ ၃၆ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ တူရင် ကလပ်ရဲ့ နောက်မှာတော့ အင်တာမီလန်က အကြိမ် ၂၀၊ အေစီမီလန်က ၁၉ ကြိမ်၊ ဂျီနိုအာက ၉ ကြိမ်၊ တိုရီနို၊ ဘိုလော့ဂ်နာ၊ ပရိုဗာဆယ်လီ (ယခု စီးရီးစီ ကလပ်) တို့က ၇ ကြိမ်စီ ရရှိထားပါတယ်။ နာပိုလီ ကတော့ ရိုးမား လိုပဲ ၃ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ လက်ရှိမှာ စီးရီးအေ ချန်ပီယံဆု ရရှိဖို့ နာပိုလီက ၁:၄ နဲ့ ရေပန်းအစားဆုံး ဖြစ်နေပြီးတော့ အင်တာမီလန် ကတော့ ၇:၂ သတ်မှတ်ခံထားရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်