စီးရီးအေ ကလပ် ကိုမိုရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဒယ်လီ အယ်လီ ကတော့ အသက် ၂၉ နှစ် အရွယ်မှာပဲ ကစားသမား ဘဝ ကနေ အနားယူဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ တစ်ချိန်က PFA ရဲ့ လူငယ် ကားသမားဆုကို နှစ်နှစ်ဆက် ရရှိခဲ့ဖူးတဲ့ အယ်လီဟာ စိတ်မကောင်းစွာနဲ့ပဲ ဘောလုံးလောက ကနေ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်နေသူလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန် ကစားသမားဟောင်း အယ်လီဟာ ၂၀၂၅ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ စီးရီးအေ ကလပ်ကို ပြောင်းရွှေ့ခဲ့သူပါ။ သူဟာ ကိုမို ကို ၁၈ လ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်လို့ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီကုန် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက ပထမဦးဆုံး လူစားဝင် ကစားရတဲ့ ပွဲမှာပဲ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးတော့ ပြီးခဲ့တဲ့ တစ်ရာသီလုံးလည်း ကိုမို အတွက် ၁၀ မိနစ်သာ ကစားခွင့် ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒယ်လီ အယ်လီက ကစားသမား ဘဝ နောက်ဆုံး ၂ နှစ်ခွဲ ကာလ အတွင်း ၁၀ မိနစ်သာ ကစားခွင့်ရခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း နည်းပြ ဖာဘရီဂတ်စ်က အယ်လီကို လျစ်လျူရှုထားပါတယ်။ ဖာဘရီဂတ်စ်ဟာ ကိုမိုရဲ့ ရာသီကြို ကာလ မာဘယ်လာမှာ လေ့ကျင့်မှုတွေ ပြုလုပ်မယ့် အသင်းရဲ့ လူစာရင်း ကနေ အယ်လီကို ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အင်္ဂလန်သားက ကစားသမား စီးရီးအေ ကလပ်မှာ နောက်ဆုံး ကစားပြီး ပရော်ဖက်ရှင်နယ် အဖြစ် ကနေ စောစောစီးစီး အနားယူဖို့ စဉ်းစားလာခြင်း ဖြစ်ကြောင်း သိရပါတယ်။
အယ်လီဟာ တော့တင်ဟမ်ဟော့စပါးမှာ မော်ရီစီယို ပေါ်ချက်တီနိုရဲ့ လက်အောက်မှာ အကောင်းဆုံး တောက်ပခဲ့ပြီး အထူးသဖြင့် ၂ဝ၁၆-၂၀၁၇ ဘောလုံး ရာသီမှာ ပြိုင်ပွဲစုံ ၂၂ ဂိုး အထိ သွင်းယူကာ ဥ ရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ မှာ စပါးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ၃၇ ပွဲ ကစားကာ ၂၀၁၈ ကမ္ဘာ့ဖလား မှာလည်း ပါဝင်ဆင်နွှဲခွင့် ရခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆက်တိုက်ဆိုသလို ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ခြေစွမ်းကျဆင်းမှုတွေ အပြင် ကွင်းပြင်ပ ဘဝ အခက်အခဲတွေက သူ့ရဲ့ တိုးတက်မှု အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကလပ် အဲဗာတန်မှာ ကစားခဲ့တဲ့ ကာလ ကလည်း အောင်မြင်မှု မရခဲ့သလို ဘက်ဆစ်တပ်စ်မှာလည်း ဒဏ်ရာကြောင့်သာ အနားယူခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဆိုရင် အယ်လီက သူ့ရဲ့ ကြေကွဲဖွယ်ရာ ကလေးဘဝ အကြောင်းကို ရင်ဖွင့်ခဲ့ဖူးပါတယ်။ သူဟာ အသက် ၆ နှစ် အရွယ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသလို အသက် ၈ နှစ် အရွယ်မှာ ဆေးလိပ်သောက်ပြီး မူးယစ်ဆေး ရောင်းဝယ်ခဲ့ရတာတွေ အပြင် သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။ဒါ့ကြောင့် ဗြိတိန် မီဒီယာတွေ ကလည်း အယ်လီဟာ ကြံ့ခိုင်မှုပိုင်း အားနည်းနေတာကြောင့် အင်္ဂလန် အောက်တန်းလိဂ်တွေ မှာသာ ကစားနိုင်စွမ်း ရှိတော့ကြောင်းလည်း ဝေဖန် သုံးသပ်ကြပါတယ်။ အယ်လီဟာ တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံးနဲ့ အလားအလာ အရှိဆုံး ကွင်းလယ် ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ဒါပေမယ့်လည်း အခုတော့ အယ်လီက ကံကြမ္မာ အပြောင်းအလဲ များစွာကို ကျော်ဖြတ်ခဲ့ရပြီးနောက် သူ့ရဲ့ ကစားသမားဘဝ အနာဂတ်က ချုပ်ငြိမ်းသွားဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.