ဩဂုတ်လ ၂၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကိုတော့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်၊ အတ္တလန္တာ၊ အင်တာမီလန်၊ နာပိုလီ၊ ရိုးမား တို့က စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ဖူလ်ဟမ် ကလည်း ခီယေဇာကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ ပါဝင်လာကြောင်း သိရပါတယ်။ လစ်ဗာပူးလ် ကတော့ အိဆက်ဇ်ရဲ့ အပြောင်းအရွှေ့ ကမ်းလှမ်းမှု တစ်စိတ်တစ်ပိုင်း အဖြစ် ခီယေဇာကို အသုံးချချင်နေကြောင်းလည်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမား အန်ဒရီ အိုနာနာ ကတော့ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်နေရချိန်မှာ သူ့ရဲ့ စီးရီးအေ ကလပ်ဟောင်း အင်တာမီလန်က ပြန်လည် ခေါ်ယူလိုနေပါတယ်။ အိုနာနာ ကိုတော့ ယူနိုက်တက်က ရောင်းထုတ်လိုခြင်း မရှိပဲ အဲလ်တေး ဘေယင်ဒါ ကိုသာ အသင်းပြောင်းခွင့်ပေးသွားဖို့ ရှိနေပါတယ်။

နယူးကာဆယ် ကတော့ အင်တာမီလန် ကွင်းလယ် ကစားသမား ဒေးဗစ် ဖရာတက်ဆီ အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၆ သန်း၊ ဒေါ်လာ ၄၆ ဒသမ ၇ သန်း) နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။
ဘုန်းမောက်နဲ့ ဝုဗ် တို့ကတော့ နာပိုလီနဲ့ နယူးကာဆယ်ယူနိုက်တက် တို့က စောင့်ကြည့်နေတဲ့ ချဲလ်ဆီး နောက်ခံလူ အက်ဆဲလ် ဒီဆာဆီကို အပြင်းအထန် စိတ်ဝင်စားလာကြောင်း သိရပါတယ်။
ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ လိုအပ်နေကြောင်း လက်ခံထားပြီး နာပိုလီက အေစီမီလန်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဟွိုက်ဂျ်လန်း ကတော့ အသင်း ပြောင်းခဲ့မယ် ဆိုရင်တော့ စီးရီးအေ ကိုပဲ ပြန်လာဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
ဒဏ်ရာရသွားတဲ့ ကိုင် ဟာဗက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အာဆင်နယ်ဟာ နီကိုးလက်စ် ဂျက်ဆန်ကို အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ဆီနီဂေါ လက်ရွေးစင် ကစားသမားရဲ့ လက်ရှိ တန်ကြေးက ပေါင် သန်း ၆၀ ဖြစ်ပြီး ဖြစ်နိုင်ခြေ နည်းတဲ့ အပြောင်းအရွှေ့လို့ သတ်မှတ်နိုင်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်မားရဲ့ အပြောင်းအရွှေ့ အတွက် ပီအက်စ်ဂျီနဲ့ တရားဝင် ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ကစားသမားရဲ့ တန်ကြေးက ယူရို သန်း ၅၀ (ပေါင် ၄၃.၃ သန်း) ရှိနေပြီး မန်စီးတီး ဘက်က ပေးချေလိုတဲ့ ပမာဏထက် ကျော်လွန်နေတယ်လို့ ယူဆရပါတယ်။
အင်တာမီလန်နဲ့ ညှိနှိုင်းမှု ပျက်ခဲ့ပြီးနောက် ကလပ် အသစ် ရှာဖွေနေတဲ့ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်း ကတော့ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ မန်စီးတီး၊ တော့တင်ဟမ်ဟော့စပါး တို့နဲ့ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း စကားပြောဆိုကြောင်း သိရပါတယ်။
စီးရီးအေ ကလပ် ကိုမို ကတော့ အာဂျင်တီးနား ကွင်းလယ် တိုက်စစ် ကစားသမား နီကို ပက်ဇ် အတွက် စပါးရဲ့ ယူရို သန်း ၇၀ တန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ ကိုမိုဟာ အသက် ၂၀ အရွယ် နီကို ပက်ဇ်ကို ၂၀၂၄ ခုနှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ကနေ ယူရို ၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ နီကို ပက်ဇ်ဟာ ပထမဦးဆုံး ရာသီမှာပဲ ကိုမို အတွက် ခြေစွမ်းပြနိုင်ခဲ့သလို တနင်္ဂနွေနေ့က လာဇီယိုကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာလည်း ဖရီးကစ် ကနေ ၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စပါး ကလည်း နီကိုပက်ဇ်ကို ယူရို သန်း ၄၀နဲ့ စတင် ကမ်းလှမ်းခဲ့ပြီး တတိယအကြိမ်မှာ ယူရိုသန်း ၇၀ အထိ မြင့်တက်လာခဲ့ပေမယ့် ကိုမို ဘက်က ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်က နီကိုပက်ဇ်ကို ရောင်းထုတ်ခဲ့ချိန်မှာ ၂၀၂၆ ဒါမှမဟုတ် ၂၀၂၇ ခုနှစ် နွေရာသီမှာ ပြန်လည် ခေါ်ယူနိုင်မယ့် သဘောတူညီချက် ရှိထားကြောင်း သိရပြီး နီကို ပက်ဇ် ကလည်း ရီးရဲလ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.