ရာသီကြို ခြေစမ်းပွဲမှာ အင်္ဂလန် ချန်ပီယံရှစ် ကလပ် ကာဒစ်ဖ်စီးတီး အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဂျီယန် ပီယာရို ဂတ်စ်ပီရီနီက ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။ စီးရီးအေ ကလပ် ရိုးမားဟာ လာမယ့် ရာသီသစ် ပြင်ဆင်မှုတွေ ပြုလုပ်နေပေမယ့် အားရစရာ မရှိသေးတဲ့ အခြေအနေကို ဂတ်စ်ပီရီနီက စိတ်ပျက်နေတာ ဖြစ်ပါတယ်။
ဂျန် ပီယာရို ဂတ်စ်ပီရီနီဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ရိုးမား အသင်းရဲ့ အားနည်းလွန်းတဲ့ လှုပ်ရှားမှုတွေ အပေါ် ကြည့်ရုံနဲ့တင် သူ့ရဲ့ စိတ်ပျက် ဒေါသထွက်မှုကို အထင်းသား မြင်တွေ့ခဲ့ရပါတယ်။ ရိုးမား အသင်းဟာ ဒီနွေရာသီမှာ ကစားသမား (၃) ယောက် ခေါ်ယူထားပြီး ဖြစ်ပေမယ့် တကယ်တမ်း ကစားသမားသစ်ဆိုလို့ ဘိုလော့ဂ်ညာ ကနေ ယူရို ၃၅ သန်းနဲ့ ရောက်ရှိလာတဲ့ ဆန်တီယာဂို ကတ်စထရို တစ်ယောက်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ ဒွန်ရဲလ် မာလန်နဲ့ ဒန်နီယယ်လီ ဂီလာဒီတို့ ကတော့ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ လာရောက် ကစားခဲ့ကြသူတွေ ဖြစ်ပြီး ဒီအပြောင်းအရွှေ့မှာမှ အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ကြတာပါ။ ဒါကြောင့် ရိုးမား အသင်း အနေနဲ့ ကစားသမားသစ် ဖြည့်တင်းဖို့ အတွက် လုပ်ဆောင်စရာ အလုပ်တွေ အများကြီး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
ရိုးမားဟာ အူစီဘီယို ဒိုင် ဖရန်ချက်စကို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရာသီက ၇၇ မှတ် ရအပြီး ပထမဆုံးအကြိမ် အဖြစ် စီးရီးအေ ရာသီတစ်ခုမှာ စုစုပေါင်း ရမှတ် ၇၀ အထက် ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂတ်စ်ပီရီနီ ကတော့ ဒီနွေရာသီမှာ အနည်းဆုံး ကစားသမား (၄) ဦးလောက် ထပ်မံ ခေါ်ယူဖို့ လိုအပ်နေပြီး ဒါဟာ အသင်း တာဝန်ရှိသူတွေ အတွက် “မဖြစ်နိုင်တဲ့ ကိစ္စ” မဟုတ်ဘူးလို့ ထောက်ပြသွားခဲ့ပါတယ်။

“ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် အပြောင်းအရွှေ့ ဈေးကွက်က အခုမှ တကယ် အရှိန်ရလာတာပါ။ ဒါပေမယ့် အခုအချိန်ကစလို့ တစ်ခုခု ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဆီက ကစားသမား အများအပြား ထွက်ခွာသွားခဲ့လို့ ဒီအသင်းမှာ လိုအပ်ချက်တွေ ရှိနေတာ ဘယ်သူမဆို မြင်နိုင်ပါတယ်။ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အသင်း တစ်သင်း ဖြစ်လာဖို့ ဆိုရင် ကစားသမားသစ်တွေ မဖြစ်မနေ ထပ်မံ ဖြည့်တင်းဖို့ လိုအပ်ပါလိမ့်မယ်။”
လက်ရှိမှာ ကျွန်တော် တို့မှာ ကွင်းလယ် ကစားသမား ၃ ယောက်လောက် ဒဏ်ရာရနေပါတယ်။ အသစ် ရောက်လာတဲ့ ကစားသမား တချို့နဲ့ တခြားသူတွေ ကလည်း ကစားဖို့ အသင့်မဖြစ်သေးပါဘူး။ ပြီးခဲ့တဲ့ရာသီနဲ့ နှိုင်းယှဉ်ရင် ကျွန်တော် နောက်ခံလူ တစ်ယောက်၊ တောင်ပံ တစ်ယောက်နဲ့ တိုက်စစ်မှူး နှစ်ယောက် တောင်းဆိုထားတာပါ။ သဘာဝအတိုင်း ကစားသမား တစ်ယောက် ထွက်သွားရင်တော့ သူ့နေရာမှာ အစားထိုးဖို့ ပြန်ခေါ်ရမှာပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ ပန်းတိုင်ပါ။ ဒါက သိပ်ပြီး ခက်ခဲလွန်းတာ ဒါမှမဟုတ် မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။” လို့ ဂတ်စ်ပီရီနီက Tuttomercatoweb ကို ပြောကြားခဲ့ပါတယ်။
ဂတ်စ်ပီရီနီဟာ ရာသီကြို ခြေစမ်းပွဲမှာ ချန်ပီယံရှစ် ကလပ် ကာဒစ်ဖ်စီးတီး အသင်းကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး နောက်မှာ အခုလို မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရိုးမား ဖီအိုရင်တီးနားနဲ့ စီးရီးအေ ရာသီသစ် မစတင်မီ နယူးပို့တ် ကောင်တီ၊ ဘရိုက်တန်၊ ဒေါ့မန် တို့နဲ့ ရာသီကြို ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


