ရိုးမား နည်းပြ ဂျီယန် ပီရို ဂတ်စ်ပီရီနီ ကတော့ သူ့ အနေနဲ့ တိုက်စစ်ပိုင်း အတွက် အီဗန် ဖာဂူဆန်ထက် ပေါ်လို ဒီဘားလား ကိုသာ အမြဲတမ်း ရွေးချယ်မှာ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ရိုးမားဟာ ဒီရာသီ စီးရီးအေမှာ ဂိုးရဖို့ ရုန်းကန်နေရပြီး ဂတ်စ်ပီရီနီက ဒီပြဿနာ အတွက် မကြာခင်မှာ ဖြေရှင်းချက် ရှာမယ်ဖို့ မျှော်လင့်နေပါတယ်။
အခုတစ်ပတ် စနေနေ့က ဂျူဗင်တပ်စ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဒီဘားလားကို ပွဲထွက် ကစားသမား အဖြစ် ရွေးချယ်ခဲ့ပြီး အီဗန် ဖာဂူဆန် ကိုတော့ ပွဲချိန် ၅၆ မိနစ်မှ ဝင်ရောက် ကစားစေခဲ့ပါတယ်။ ဒီဘားလားဟာ သူ့ရဲ့ အသင်းဟောင်း ဘက်ကို ဂိုးပေါက် ကန်သွင်းခွင့် ၃ ကြိမ်၊ ဂိုးပေါက် တည့်မှု ၁ ကြိမ်၊ မျှော်လင့်ထားတဲ့ ဂိုးအရေအတွက် ၀.၃ ဂိုး (xG) သာ ရှိခဲ့သလို ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ မှာလည်း ဘောလုံးထိချက် ၆ ကြိမ်သာ ရှိခဲ့ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ အီဗန် ဖာဂူဆန် ကတော့ ဂိုးပေါက် တည့်မှု ၂ ကြိမ် ရရှိခဲ့ပြီး ၀.၀၈ xG သာ ရှိခဲ့ပါတယ်။
ရိုးမားက စီးရီးအေ အမှတ်ပေးဇယား စတုတ္ထနေရာမှာ ရပ်တည်နေပေမယ့် ဒီရာသီမှာ ဂိုးရဖို့ တော်တော်လေး ရုန်းကန်နေရတာပါ။ ရောမ ကလပ်က ဒီရာသီ ဂိုးပေါက် ကန်သွင်းမှု ၂၁၂ ကြိမ်မှာ ၁၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးတော့ ဒါက ထိပ်ဆုံး ၁၀ သင်းထဲက အသင်းတိုင်းထက် နည်းပါးတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂတ်စ်ပီရီနီ ကတော့ ဖာဂူဆန်ကို သိပ်သဘောမကျပုံ မရပဲ အိုင်ယာလန်သားလောက် ခြေစွမ်းမပြနိုင်တဲ့ ဒီဘားလား ကိုသာ နေရာပေးနေပါတယ်။

ဂတ်စ်ပီရီနီက “ဒီဘားလားနဲ့ ဖာဂူဆန်ထဲက တစ်ယောက်ယောက်ကို ရွေးချယ်ရမယ် ဆိုရင် ဒီဘားလား ကိုပဲ အမြဲရွေးချယ်မှာပါ။ ဖာဂူဆန်နဲ့ မဆိုင်ပါဘူး။ ကျွန်တော် အရင်ကတည်း ရွေးချယ်ခဲ့ဖူးတဲ့ ရွေးချယ်မှုပါ။ တကယ်လို့ အဲဒီလို ရွေးချယ်မယ် ဆိုရင်လည်း ဒိုင်ဘာလာကို ရွေးချယ်ပါတယ်။ [အင်အားဖြည့်တင်းမှုတွေ] အပြောင်းအရွှေ့ ဈေးကွက်က ဘယ်လို လာမလဲ ဆိုတာတော့ မသိပေမယ့် အဲဒါက အခွင့်အရေး တစ်ခု ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၂ နှစ် အရွယ် အာဂျင်တီးနား လူငယ် တိုက်စစ် ကြယ်ပွင့်လေး မားတီးယက်စ် ဆူးလ် ကတော့ ဒီရာသီ ရိုးမား အတွက် ဂိုးအများဆုံး သွင်းပေးထားပါတယ်။ ဖာဂူဆန်နဲ့ ဒီဘားလား တို့တော့ လက်ရှိအချိန်ထိ သွင်းဂိုး ၁ ဂိုးစီသာ ရထားပြီး ရုန်းကန်နေရပါတယ်။ ဒါ့အပြင် တွမ်မာဆို ဘဲလ်ဒန်ဇီ ကလည်း ဂျူဗင်တပ်စ်နဲ့ ပွဲမှာ အရန်ခုံ ကနေ ထလာပြီးနောက် တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြ ဂတ်စပရီနီက လာမယ့် ဇန်နဝါရီမှာ အသင်းက အခုထက် ပိုပြီး အားကောင်းလာမယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ ဂတ်စ်ပီရီနီက “ကျွန်တော့် အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် အရမ်း ကျေနပ်မိပါတယ်။ စိတ်ဓာတ် ကလည်း ချီးကျူးဖို့ ကောင်းပါတယ်။ ဒါပေမယ့် အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီ တို့ကို ရှုံးနိမ့်ခဲ့တာက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျွန်တော်တို့ ခြေတစ်လှမ်း လွဲချော်နေတယ် ဆိုတဲ့ သဘောပါ။ အခြေအနေ တချို့မှာ ကျွန်တော်တို့ နီးစပ်နေပါတယ်။ ဒီအတွက်လည်း အရေးကြီးတဲ့ ပရိသတ်တွေနဲ့ အရေးကြီးတဲ့ ကလပ် အသင်း တစ်သင်းက ကျွန်တော် တို့ကို ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလက အဲဒါကို လုပ်နိုင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ လွယ်တော့ မလွယ်ပေမယ့် ကျွန်တော်တို့ ယုံကြည်မှု ရှိရမှာပေါ့။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


