ဂျူဗင်တပ်စ် အနေနဲ့ နောက်ဆုံး ၃ ပွဲစလုံး သရေကျခဲ့ပေမယ့်လည်း လည်း နည်းပြ လူစီယာနို စပယ်လက်တီ ကတော့ သူ့အသင်းရဲ့ အခြေအနေ အပေါ် စိုးရိမ်ပူပန်နေခြင်း မရှိဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ စီးရီးအေ ကလပ်ဟာ စပယ်လက်တီကို ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ စတင် ခန့်အပ်ခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ အသင်းက အားရစရာ အခြေအနေမျိုးနဲ့ မမြင်ရသေးပါဘူး။
စပယ်လက်တီဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ၄ ပွဲ ကိုင်တွယ် ထားရာမှာ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ ရလဒ် ရရှိအောင်သာ စွမ်းဆောင်ထားနိုင်ပါသေးတယ်။ ဂျူဗင်တပ်စ်က စီးရီးအေ နောက်ဆုံး ၃ ပွဲဆက် သရေကျထားခဲ့ပြီး ပြီးခဲ့တဲ့ ပွဲမှာဆိုရင် ဇယားအောက်မှာ ကြမ်းတိုက်နေရတဲ့ ဖီအိုရင်တီးနားကို သရေသာ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ စပယ်လက်တီက ဂျူဗင်တပ်စ် အသင်းနဲ့ ပတ်သတ်ပြီး လက်ရှိ အခြေအနေတွေကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ စပယ်လက်တီရဲ့ အဆိုအရ လက်ရှိမှာ ဂျူဗင်တပ်စ်က တည်ငြိမ် အေးချမ်းစွာ ကစားဖို့ လိုအပ်နေပြီး မကြာသေးမီက အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ အချိုးအစား မညီမျှ ဖြစ်နေကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဘိုဒို/ဂလင့်မ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် ဂျူဗင်တပ်စ်က နောက်ဆုံး ၃ ပွဲ စလုံး သရေကျခဲ့သလို အဲဒီ ၃ ပွဲမှာလည်း ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ် နောက်ဆုံး ၁၂ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ် (၅ ပွဲ သရေ၊ ၆ ပွဲ ရှုံး)။ အဲဒီ နိုင်ပွဲ ကလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဖြစ်ပြီး လိုက်ပ်ဇစ်ကို ၃-၂နဲ့ အနိုင်ရခဲ့တာပါ။ ဂျူဗင်တပ်စ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ၄ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရမှတ် ၃ မှတ်နဲ့ အဆင် ၂၆ နေရာမှာ ရှိနေပါတယ်။
ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် စပယ်လက်တီက သူ့အသင်းရဲ့ စွမ်းဆောင်ရည်ဟာ သတင်းတွေမှာ ဖော်ပြနေသလောက် မညံ့ဖျင်းကြောင်း ကွင်းနဲ့ ရာသီဥတု အားနည်းချက်တွေကြောင့်တော့ ဘိုဒို/ဂလင့်မ်ကို အနိုင်ယူဖို့ ဆိုရင် နိုင်လိုစိတ် ပြင်းပြကြောင်း ပြသဖို့ လိုအပ်တယ်လို့ ဆိုရပါတယ်။ “ကျွန်တော်တို့ ကပ်ဘေး တစ်ခု ကြုံခဲ့ရတယ် ဆိုတာ သိသာ ထင်ရှားတဲ့ အတွက် တစ်ခုချင်း စဉ်းစားကြည့်ရအောင်ပါ။
“ကစားသမားတွေက အားလုံး ထင်ထားသလောက် မဆိုးပါဘူး။ ကျွန်တော်တို့ ပိုလုပ်ရမယ် ဆိုတာနဲ့ ဒီအခြေအနေ ကနေ လွတ်မြောက်ဖို့ လိုအပ်တယ် ဆိုတာကို ပထမဆုံး ဝန်ခံတဲ့သူက ကျွန်တော်ပါ။ ကျွန်တော် တို့မှာ ရှိတဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး ကျွန်တော် တို့ရဲ့ အရည်အသွေးတွေကို အသုံးချရပါမယ်။ ဒီအသင်းရဲ့ ဆန္ဒကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။”“ကွင်းနဲ့ ရာသီဥတုက အားနည်းချက် တစ်ခုပါ။ ပြည်ပမှာ အလုပ်လုပ်ရတာ ကံကောင်းပါတယ်။ ဝင်လာတဲ့ လေက မတူဘူး။ အရမ်း အေးတယ်။ ကျွန်တော်တို့ မရင်းနှီးသေးဘူး။ ကျွန်တော် တို့ရဲ့ အလေ့အကျင့်နဲ့ မတူဘူး။ ကျွန်တော် တို့ရဲ့ ဆန္ဒက အသင်း နှစ်သင်း အကြားက ကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ သူတို့က ကစားသမားတွေကို ခွဲခြား သတ်မှတ်တဲ့ နေရာမှာ အရမ်း တော်ပါတယ်၊ ကွင်းနဲ့ အအေးဓာတ် တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ အရည်အသွေးတွေ အများကြီးရှိပြီး နိုင်ငံတကာ ပြိုင်ပွဲတွေ မှာလည်း ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ကြသူတွေပါ။” လို့ ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


