ဂျူဗင်တပ်စ် ကတော့ အခုတစ်ပတ် စီးရီးအေမှာ လာဇီယိုကို ရှုံးနိမ့်ပြီးနောက် သူတို့ အသင်းရဲ့ နည်းပြ အီဂေါ တူဒေါကို ရာထူး ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ အတွက် တူဒေါကို ရာထူး ကနေ ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ စီးရီးအေ ပွဲစဉ် ၃ မှာ အင်တာမီလန်ကို ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ကတည်းက ဆက်တိုက် နိုင်ပွဲ ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒေါ့မန်၊ ဗီရိုနာ၊ အတ္တလန္တာ၊ ဗီလာရီးရဲလ်၊ အေစီမီလန် တို့နဲ့ သရေကျခဲ့ပြီး ကိုမို၊ ရီးရဲလ်မက်ဒရစ်နဲ့ လာဇီယို တို့ကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်က စီးရီးအေ မှာ ပွဲစဉ် ၈ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၃ ပွဲ၊ သရေ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေပါတယ်။ ဒါကြောင့် ဂျူဗီက ဇယားထိပ်က နာပိုလီနဲ့ ၆ မှတ် အထိ ကွာဟသွားခဲ့ပြီး ဖိအားတွေ အောက်မှာ အလူးအလဲ ရုန်းကန်နေရပါတယ်။
အသက် ၄၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခရိုအေးရှား နည်းပြ တူဒေါဟာ ဂျူဗင်တပ်စ်ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ကမှ ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ စီးရီးအေ ကလပ်ဟာ တူဒေါ လက်ထက်မှာ ၂၄ ပွဲ ကစားပြီး ၁၀ ပွဲ နိုင်ခဲ့ပေမယ့် ၈ ပွဲ သရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ် မှာလည်း လိဂ် အဆင့် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ လုံးဝ မရသေးပဲ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပြီး အဆင့် ၂၅ နေရာမှာ ရပ်တည်နေပါတယ်။
တကယ်တော့ တူရင် ကလပ်ဟာ တူဒေါကို ပြီးခဲ့တဲ့ နွေရာသီမှာ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးခဲ့ပေမယ့် အသင်းက ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ သက်တမ်း ၇ လ အကြာမှာပဲ ရာထူးက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ တူဒေါဟာ ရာသီအစမှာ ဂျူဗင်တပ်စ်ကို စီးရီးအေ ၃ ပွဲ ဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၅ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့တာကြောင့် အသင်း ဘက်က ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ ဂျူဗင်တပ်စ်က စီးရီးစီမှာ ယှဉ်ပြိုင်နေတဲ့ အရန် အသင်းရဲ့ နည်းပြ မက်ဆီမို ဘရမ်ဘီလာကို ယာယီ နည်းပြ အဖြစ် တာဝန်ပေးအပ်ထားခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဂျူဗင်တပ်စ်က နည်းပြသစ် အဖြစ် အစားထိုးဖို့ ကွင်းလယ်လူဟောင်း ဇနက်ဒင် ဇီဒန်း၊ မန်ချီနီ၊ စပယ်လက်တီတို လျာထားစာရင်းမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ် ကတော့ လာမယ့် ပွဲစဉ် ၅ ပွဲ မှာတော့ အူးဒီးနီးစ်၊ ခရီမိုနိစ်၊ စပို့တင်းလစ္စဘွန်း၊ တိုရီနို၊ ဖီအိုရင်တီးနား တို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


