လာဇီယို – ရိုးမား
စီးရီးအေ ပွဲစဉ် ၄ ရဲ့ ရောမဒါဘီ ပွဲစဉ် အဖြစ် လာဇီယိုနဲ့ ရိုးမားတို့ အိုလံပီကိုကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ မှာ ရှုံးပွဲ ကိုယ်စီကြုံထားတာကြောင့် နှစ်သင်းစလုံး ရလဒ်ကောင်း တစ်ခု အတွက် အားထည့်လာကြမှာ ဖြစ်ပြီး ဒါဘီ ပွဲစဉ် ဖြစ်နေတာကြောင့်လည်း စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
လာဇီယိုက စီးရီးအေ ပွဲစဉ် ၃ အပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး ရမှတ် ၃ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။ လာဇီယိုက ဗီရိုနာကို အနိုင်ရခဲ့ပေမယ့် ကိုမို၊ ဆာဆူအိုလို တို့လို အသင်းတွေကို ရှုံးထားခဲ့တာ ဖြစ်ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့မှာ သိပ်ပြီး မလှုပ်ရှားခဲ့တဲ့ လာဇီယိုက လူစာရင်းအရလည်း သိပ်တော့ အပြောင်းအလဲ မရှိထားပါဘူး။ ရိုးမားရဲ့ တိုက်စစ်က ပြီးခဲ့တဲ့ ၃ ပွဲမှာ တစ်ပွဲ တစ်ဂိုးနှုန်း ရခဲ့ပေမယ့် ခံစစ် ကတော့ ၁ ပွဲ ၁ ဂိုးနှုန်း ပြန်ပေးထားရပါတယ်။ ထူးခြားတာက လာဇီယိုက ဒီရာသီမှာ နိုင်ရင် ပေးဂိုး မရှိနိုင်ပြီး ရှုံးရင်လည်း ဂိုးတောင် ပြန်မရပဲ ရှုံးနေတာ ဖြစ်ပါတယ်။
ဂတ်စ်ပီရီနီရဲ့ ရိုးမား ကတော့ စီးရီးအေ ပွဲစဉ် ၃ အပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ ရိုးမားက ပြီးခဲ့တဲ့ ပွဲမှာ တိုရီနိုက အိမ်ကွင်းမှာ ရှုံးပြီး ဇယားထိပ်က နာပိုလီ၊ ဂျူဗင်တပ်စ် တို့နဲ့ ၃ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။ စုဖွဲ့မှု အရ ကြည့်မယ် ဆိုရင် ရိုးမားက တောင့်တင်းနေတာ တွေ့ရပြီး နာမည်ကြီး ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဂတ်စ်ပီရီနီ လက်ထက်မှာ ရိုးမားက ခံစစ်ပိုင်း ကျစ်လျစ်လာပေမယ့် တိုက်စစ်ပိုင်း ကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ တိုရီနိုနဲ့ ပွဲမှာဆိုရင် ရိုးမား တိုက်စစ်က အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ လာဇီယို ဘက်က လက်ဇာရီ၊ ပက်ထရစ်၊ ဂီဂေါ့တ်၊ ဗက်စီနို တို့ လွဲချော်ဖို့ ရှိနေပါတယ်။ ရိုးမား ဘက်မှာတော့ ဘိုဗီ၊ ဒီဘားလား အပြင် လီယွန် ဘိုင်လီ ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
လာဇီယို – ပရိုဗီဒယ်၊ မာရူဆစ်၊ ဂီလာ၊ ရိုမက်ဂ်နိုလီ၊ တာဗာရက်စ်၊ ဂွမ်ဒိုဇီ၊ ကာတဲလ်ဒီ၊ ဒယ်လီ ဘာရှီရူ၊ ကန်ဆယ်လိုင်ရီ၊ ဒီယာ၊ ဇကာညီ
ရိုးမား – ဆဗီလာ၊ အန်ဒီကာ၊ မန်ချီနီ၊ ဆီလစ်ခ်၊ အိန်ဂျယ်လီနို၊ ကိုနေး၊ ခရစ္စတန်တီ၊ ဝက်စ်လေ၊ အဲလ်အေနာအူရီ၊ ဆူလေ၊ ဖာဂူဆန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး ၃၅ ကြိမ် တွေ့ဆုံမှုမှာ လာဇီယိုက ၁၂ ကြိမ်နိုင်၊ ရိုးမားက ၁၅ ကြိမ် နိုင်ပြီး ၈ ကြိမ် သရေကျခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ လာဇီယိုက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ရိုးမားက ၂ ကြိမ် နိုင်ကာ ၂ ကြိမ် သရေကျခဲ့ပါတယ်။ အိုလံပီကိုဟာ နှစ်သင်းစလုံး အတွက် အိမ်ကွင်း ဖြစ်နေတာကြောင့် အားသာချက်၊ အားနည်းချက် ကတော့ မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လာဇီယို နိုင်ရင် ၂.၇၉ ဆ၊ ရိုးမား နိုင်ရင် ၂.၄၃ ဆ၊ သရေ ဆိုရင်တော့ ၃.၀၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဒဲ့ကြေးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ဒီနှစ်သင်းက လက်ရှိ ခြေစွမ်းပိုင်းအရ သိပ်မကွာလှပေမယ့် ဂတ်စ်ပီရီနီရဲ့ ရိုးမားက အနည်းငယ် ခြေစွမ်း ပိုတည်ငြိမ်နေပါတယ်။ ရောမဒါဘီ ဖြစ်တာကြောင့်တော့ အကြိတ်အနယ် ကစားကြဦးမှာပါ။ ကျွန်တော် ကတော့ သရေ ရလဒ်နဲ့ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေတော့ မြင်တွေ့ရဦးမှာပါ။
ခန့်မှန်းရလဒ်
လာဇီယို ၁-၁ ရိုးမား
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.