နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိုဒရစ်ဟာ ထူးခြားသလို နှိမ့်ချနေထိုင်တတ်သူလို့ ချီးကျူးလိုက်တဲ့ မက်စ် အယ်လီဂရီ | စီးရီးအေ

အေစီမီလန် ကတော့ ညက ယှဉ်ပြိုင်ကစားသွားတဲ့ စီးရီးအေ ပွဲစဉ် ၃ မှာ ဘိုလော့ဂ်နာကို လူကာ မိုဒရစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အေစီမီလန် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ လူကာ မိုဒရစ်က ပွဲချိန် ၆၁ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ခရိုအေးရှား ဝါရင့် ကွင်းလယ်လူ ကိုတော့ နည်းပြ ဖြစ်သူ မက်ဆီမီလီယာနို အယ်လီဂရီက ပွဲအပြီးမှာ “ထူးကဲပြီး နှိမ့်ချနေထိုင်တတ်သူ” လို့ ချီးကျူးခဲ့ပါတယ်။ အယ်လီဂရီက DAZN နဲ့ အင်တာဗျူးမှာ “လူကာက ထူးထူးခြားခြား ကစားသမား တစ်ယောက် ဖြစ်ပြီး သူ့ကို ကြည့်ရတာ စိတ်ချမ်းသာပါတယ်။ ဒါပေမယ့် သူက ကြီးမြတ်တဲ့ ချန်ပီယံ တစ်ယောက်လို ကိုယ့်ကိုယ်ကို နှိမ့်ချနေထိုင်တတ်သူလည်း ဖြစ်ပါတယ်။”

“သူက ဘောလုံး ဘယ်ကို သွားမယ် ဆိုတာ ကြိုသိနေပြီး နည်းစနစ်ကောင်းတွေ ရှိပါတယ်။ ဒီညပွဲမှာ ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယမြောက် ပေးဂိုး မရှိမှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ စည်းစည်းလုံးလုံး ရှိနေခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အတူတူ လက်တွဲပြီး ကျော်ဖြတ်ဖို့ စောင့်ရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မိုဒရစ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဆယ်လီမေကာစ် ကလည်း “ကျွန်တော် ငယ်ငယ်လေးထဲက မိုဒရစ်ကို ကြည့်ခဲ့တာပါ။ ဒါကြောင့် အခု သူ့အနားမှာ ရှိနေတာဟာ အိပ်မက် တစ်ခုလိုပါပဲ။ သူဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် ဒီထက်တောင် အံ့သြစရာ ကောင်းတဲ့ လူတစ်ယောက်ပါ။ သူက တကယ်ကို နှိမ့်ချနေထိုင်တတ်တဲ့သူပါ။ ဒါပေမယ့် သူက သွင်းဂိုး တစ်ဂိုး အတွက်တော့ အကုန်လုံး ပေးဆပ်တတ်သူပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီတပတ် အစောပိုင်းက အသက် ၄၀ ပြည့်ခဲ့တဲ့ ဘယ်လွန်ဒေါဆုရှင်ဟောင်းဟာ အေစီမီလန် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုး ရရှိသွားခဲ့တာ ဖြစ်ပြီး အလက်ဆစ် ဆယ်လီမေကာစ်ရဲ့ ဖန်တီးမှု ကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

မိုဒရစ်ဟာ လက်ချီနဲ့ စီးရီးအေ ပွဲစဉ် ၂ မှာလည်း လော့ဖ်တပ်စ်ချိခ်ရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့ပါသေးတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်

ဒါကြောင့် လူကာ မိုဒရစ်က နေးလ်စ် လိုင်းဟုမ်းရဲ့ ၆၄ နှစ်ကြာ ထိန်းသိမ်းထားခဲ့တဲ့ အီတလီ ထိပ်သီးလိဂ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကွင်းလယ် ကစားသမား စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ မိုဒရစ်ရဲ့ သွင်းဂိုးနဲ့ ဆန်စီရိုမှာ ၃ မှတ် အပြည့် ရခဲ့တဲ့ အေစီမီလန် ကလည်း နာပိုလီ၊ ဂျူဗင်တပ်စ် တို့နဲ့ ၃ မှတ် အကွာ၊ အူးဒီးနီးစ်နဲ့ ၁ မှတ် အကွာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ စီးရီးအေ အဖွင့်ပွဲစဉ်မှာ ခရီမွန်နိစ်ကို ရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်က ပွဲစဉ်  ၂ မှာ လက်ချီကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို ဘိုလော့ဂ်နာ ကိုလည်း ထပ်မံ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ဟာ လက်ချီနဲ့ စီးရီးအေ ပွဲစဉ် ၂ မှာလည်း လော့ဖ်တပ်စ်ချိခ်ရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့ပါသေးတယ်။

ဘိုလော့ဂ်နာနဲ့ ပွဲအပြီးမှာတော့ မိုဒရစ်က ကျွန်တော်ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။ ကျွန်တော်တို့ နိုင်ပွဲ ရခဲ့တယ်။ ဒါကတော့ အရေးကြီးဆုံး ဖြစ်ပြီး အခုတော့ နောက်လာမယ့် ပွဲတွေကိုပဲ အာရုံစိုက်ရမယ်။ ကျွန်တော့် အသက်အရွယ်ကို လူတွေ ထပ်ပြီး သတိမရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လှုပ်ရှားမှု တစ်ခုပါ၊ (ဆယ်လီမေကာစ်) က ကျွန်တော့်ကို ကောင်းမွန်စွာ ဘောလုံးပေးပို့ခဲ့တာကြောင့် ဂိုးသွင်းဖို့လည်း လွယ်ကူခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အဆုံးသတ်မှုထက် သူ့ရဲ့ ပေးပို့မှုက ပိုကောင်းခဲ့ပါတယ်။”

“ကျွန်တော်တို့ တစ်ပွဲပြီး တစ်ပွဲ ကောင်းကောင်းကစားခဲ့တယ်၊ တစ်ပွဲပြီး တစ်ပွဲ ကောင်းကောင်း ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ယုံကြည်မှု ပိုရှိလာမှာလည်း သေချာပါတယ်။ ကစားသမားတွေ ပြန်ရောက်လာတဲ့အခါ၊ တစ်ယောက်နဲ့ တစ်ယောက် ပိုသိလာတဲ့ အခါမှာ ပိုကောင်းလာပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်