နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကျိုးအမြတ် အတွက် တော့တင်ဟမ်ဟော့စပါး ဘက်မှာပဲ ဆက်ပြီး ရပ်တည်ရမယ် | မူရာ – တော့တင်ဟမ်ဟော့စပါး (ယူရိုပါကွန်ဖရင့်လိဂ် ပွဲကြိုသုံးသပ်ချက်)

မူရာ – တော့တင်ဟမ်ဟော့စပါး

ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု ပွဲစဉ်တွေ ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တွေ အဖြစ် ဆက်လက် မြင်တွေ့ရဖို့ ရှိပြီး အဲ့ထဲကမှ မူရာနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကစားမယ့် ပွဲကိုလည်း စောင့်ကြည့်ရပါမယ်။ အမှတ်ပေးဇယား ရပ်တည်မှုအရ အိမ်ရှင်အသင်းက မျှော်လင့်ချက် မရှိတော့ပေမယ့် စပါး ကတော့ နောက်တစ်ဆင့် အတွက် အနိုင်ရလဒ် ရဖို့ လိုအပ်နေဆဲပါ။ နိုင်ပွဲ လုံးဝမရှိသေးတဲ့ အသင်းဆီကနေ စပါးတို့ ရမှတ်အပြည့် ရယူနိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု ပွဲစဉ် ၄ ပွဲမှာ ၄ပွဲလုံး ရှုံးထားတဲ့ ဆလိုဗေးနီးယားကလပ်ရဲ့ အခြေအနေက အိမ်ဖြည့် အဆင့်ပဲ ရှိပါတယ်။ အထူးသဖြင့် ပြိုင်ပွဲအတွေ့အကြုံ လိုအပ်ချက်ကြောင့် ရလဒ်ကောင်းဖို့ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။ အုပ်စုတွင်း ၄ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ ရရှိထားပြီး ခံစစ်က ၁၀ ဂိုး ပေးထားရတာ ကတော့ လိုအပ်ချက်လို့ ဆိုရမှာပါ။ မူရာရဲ့ အခြေအနေက ဆလိုဗေးနီးယားလိဂ်မှာပါ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ မှာ နိုင်ပွဲ လုံးဝမရှိသလို ၃ ပွဲသရေ ၂ ပွဲရှုံး ရလဒ်က ရလဒ်ဆိုးနေတယ်လို့ပဲ ယူဆရမှာပါ။ တစ်ခု သတိထားရမှာက ပွဲတိုင်း ဂိုးပေးနေရတဲ့ အသင်းရဲ့ ခံစစ်ပိုင်းပါပဲ။ ဒဏ်ရာရ ကစားသမား မရှိတာက ဒီပွဲအတွက် မျှော်လင့်ချက်တစ်ခုလို ဖြစ်နေပါသေးတယ်။ ပထမအကျော့တုန်းက ဂိုးပြတ် အရေးနိမ့်ခဲ့တာကို အိမ်ကွင်းမှာ ဘယ်လို တုံ့ပြန်ပြမလဲ ဆိုတာကတော့ ပြိုင်ဘက် စပါးအသင်း အတွက်လည်း ပဟေဋိ ဖြစ်နေမှာပါ။ သေချာတာ တစ်ခုကတော့ အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်လာမှာပါ။

ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု ပွဲစဉ် ၄ ပွဲမှာ ၄ပွဲလုံး ရှုံးထားတဲ့ ဆလိုဗေးနီးယားကလပ်ရဲ့ အခြေအနေက အိမ်ဖြည့် အဆင့်ပဲ ရှိပါတယ်။
ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု ပွဲစဉ် အားလုံး ရှုံးနိမ့်ထားတဲ့ မူရာ

စပါး ကတော့ ယူရိုပါကွန်ဖရင့်လိဂ် အုပ်စု အနေအထား အရ မျှော်လင့်ချက် ရှိနေသေးသလို ဖိအားတွေ ရှိနေပါသေးတယ်။ အုပ်စုပွဲစဉ် အနေအထား အရ လက်ကျန် ၂ ပွဲက အရေးပါဆုံး ဖြစ်နေခဲ့တာပါ။ နောက်တစ်ဆင့် တက်ဖို့အတွက် အဆင့် ၂ နေရာက စပါးနဲ့ အဆင့် ၃ နေရာက ဗီတက်ဆီနဲ့ ရမှတ် ၁ မှတ်ပဲ ကွာဟနေခဲ့တဲ့ အတွက် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ရရှိထားခြင်းက တည်ငြိမ်တယ်ပဲ ဆိုရမှာပါ။ တိုက်စစ်က ၆ ဂိုးသွင်းပြီး ၆ ဂိုး ပြန်ပေးထားရတဲ့ အခြေအနေကတော့ စိုးရိမ်စရာ ဖြစ်နေခဲ့ပါတယ်။ ရိုမီယို၊ ဆယ်လ်ဆိုတို့ နှစ်ဦးသာ ဒဏ်ရာပြဿနာ ရှိနေခဲ့ပြီး ကျန်ကစားသမား အားလုံး ကြံ့ခိုင်မှု အပြည့်ရှိနေခဲ့တာပါ။ နည်းပြ ကွန်တီ လက်ထက် အနည်းငယ် တည်ငြိမ်လာတဲ့ အခြေအနေမှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါပြီ။ နိုင်ပွဲ လိုအပ်နေတဲ့ အသင်းဖြစ်လို့ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ လူးကပ်စ်မိုရာ၊ ဟယ်ရီဝင့်ခ်၊ အီမာဆန်၊ ရီဂူလီယန်တို့ကို ပွဲထုတ်လာနိုင်ပါတယ်။ ဘာမဆို ဖြစ်လာနိုင်ပေမယ့် ကိုယ့်အခြေအနေ ကိုယ် ဖန်တီးနိုင်ခွင့်တော့ စပါး ဘက်မှာ အပြည့် ရှိနေသေးတယ်လို့ ဆိုရမှာပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဥရောပအဆင့် ပွဲစဉ်တွေမှာ ထိပ်တိုက် တွေ့ဆုံဖူးခြင်းမရှိဘဲ ပထမအကျော့ ထိပ်တိုက် တွေ့ဆုံမှုမှာတော့ မူရာတို့ ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ ဒယ်လီအလီ၊ လိုဆယ်လို၊ ဟာရီကိန်းတို့ရဲ့ ဂိုးတွေနဲ့အတူ စပါးတို့ အိမ်ကွင်းမှာ ၅-၁ ဂိုးနဲ့ အနိုင် ရရှိထားတာလည်းဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၉.၀၀ ဆ၊ သရေ အတွက် ၆.၂၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၁၈ ဆ ကြေးဖွင့်ထားပါတယ်။ အိမ်ရှင် အတွက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုပေမယ့် စပါး အတွက်ကတော့ နောက်တစ်ဆင့် အတွက် မျှော်လင့်နိုင်တဲ့ အခြေအနေပါ။ ဘာမဆို ဖြစ်လာနိုင်တယ် ဆိုပေမယ့် အိမ်ကွင်း အားသာချက် ကတော့ ရှိနေနိုင်ပါသေးတယ်။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားစုဖွဲ့မှု အပိုင်းမှာတော့ စပါးက ပိုပြီးသာနေတာပါ။ သွင်းဂိုးများမယ့် ပွဲဖြစ်လာဖို့ များပါတယ်။ အိမ်ရှင် အသင်းဘက်ကလည်း ဂိုးရဖို့ မခက်တော့ အပြန်အလှန် သွင်းဂိုး ရှိလာနိုင်ပါတယ်။ ရွေးချယ်မှု တစ်ခုအဖြစ် အဝေးကွင်းမှာ လာကစားမယ့် စပါးကိုပဲ အကြိုက်တွေ့မိပါတယ်။ ဂိုးအများနဲ့ စပါးကို အားပေးတာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

 

ခန့်မှန်းရလဒ် (၁-၃)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်