နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပိန်ကအနာဂတ်မှာပိုကောင်းလာနိုင်ကြောင်းပြောဆိုလိုက်တဲ့ လူးဝစ္စဒီလာဖျူအန်တေး | နေးရှင်းလိဂ်

စပိန်ကတော့ညကကစားခဲ့တဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲမှာပေါ်တူဂီကိုပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ဒုတိယနဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့်လည်းနည်းပြဖြစ်သူလူးဝစ္စဒီလာဖျူအန်တေးကတော့စပိန်ဟာနေးရှင်းလိဂ်ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ရပေမယ့်လည်းအနာဂတ်မှာအခုထက်ပိုကောင်းလာလိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။

စပိန်ဟာမာတင်ဇူဘီမန်ဒီ၊အိုရာဇာဘယ်တို့ရဲ့သွင်းဂိုးတွေနဲ့ပေါ်တူဂီကိုနှစ်ကြိမ်တိုင်တိုင်ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်းနူနိုမန်ဒက်စ်နဲ့ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့ချေပဂိုးတွေကိုပြန်လည်ခွင့်ပြုပေးခဲ့ရပြီးသာမန်ပွဲချိန်အတွင်း၂-၂ရလဒ်ထွက်ပေါ်ခဲ့ကာပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်စပိန်ဟာပင်နယ်တီမှာအဲလ်ဗားရိုးမိုရာတာရဲ့လွဲချော်မှုနဲ့အတူ၅-၃ရလဒ်နဲ့ပေါ်တူဂီကိုရှုံးနိမ့်ခဲ့ပြီးတော့နေးရှင်းလိဂ်ချန်ပီယံဆုနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။

]စပိန်ဟာ၂၀၂၄-၂၀၂၅ဘောလုံးရာသီနေးရှင်းလိဂ်မှာ၁၀ပွဲကစားပြီး၂၅ဂိုးသွင်းယူကာဒီပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။လက်ရှိယူရိုချန်ပီယံစပိန်ဟာပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးခြေစွမ်းကိုပြသနိုင်ခဲ့ပေမယ့်လည်းပေါ်တူဂီနဲ့ရင်ဆိုင်ရချိန်မှာတော့သူတို့မျှော်လင့်ထားတဲ့အတိုင်းမကစားနိုင်ခဲ့တာတွေ့ရပါတယ်။ဒါပေမယ့်လည်းနည်းပြဒီလာဖျူအန်တေးကတော့စပိန်ဟာနောက်နှစ်ကမ္ဘာ့ဖလားမတိုင်ခင်အပြုသဘောဆောင်တဲ့အခြေအနေတွေအများကြီးရှိနေတယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။

စပိန်ဟာ၂၀၂၄-၂၀၂၅ဘောလုံးရာသီနေးရှင်းလိဂ်မှာ၁၀ပွဲကစားပြီး၂၅ဂိုးသွင်းယူကာဒီပြိုင်ပွဲရဲ့ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။
လာမယ့် ကမ္ဘာ့ဖလားမှာအောင်မြင်မှုရဖို့ ပစ်မှတ်ထားနေတဲ့ စပိန်

လူးဝစ္စဒီလာဖျူအန်တေးက “ကျွန်တာ့်ရဲ့အမြင်အရတော့ဘယ်တော့မဆိုအနိုင်ရတဲ့သူကအမြဲတမ်းတရားမျှတတဲ့အနိုင်ရတဲ့သူပါပဲ။ပြီးတော့ကြီးကျယ်တဲ့ခမ်းနားတဲ့အသင်းတစ်သင်းကိုရှုံးခဲ့တာဖြစ်ပါတယ်။ဒီအချိန်ကစပြီး၊ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကျွန်တော်တို့စဉ်းစားထားပြီးပါပြီ။ကျွန်တော်တို့ရဲ့ချဉ်းကပ်တဲ့ပုံစံအရစပိန်ဟာအနာဂတ်မှာပိုကောင်းလာနိုင်ပါတယ်။ကျွန်တော်တို့ရဲ့အသင်းကအမြဲတမ်းအနိုင်ရရှိနိုင်တဲ့အနေအထားမှာရှိပါတယ်။၊ကတိကဝတ်များစွာရှိသလို၊အရင်းအနှီးများစွာလည်းရှိပါတယ်။ကျွန်တော်တို့ဟာအမြဲတမ်းနိုင်ပွဲနဲ့နီးကပ်နေတဲ့အသင်းဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆုအတွက်ရေပန်းစားနေတဲ့လာမင်းယာမယ်ကတော့ဒီပြိုင်ပွဲမှာလည်းစပိန်အတွက်အကောင်းဆုံးခြေစွမ်းပြသွားနိုင်တဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့်လည်းဘာစီလိုနာကြယ်ပွင့်ကဗိုလ်လုပွဲရဲ့အချိန်ပို၁၀၆မိနစ်မှာလူစားလဲခံခဲ့ရပါတယ်။ဒီလိုလူစားလဲခဲ့ခြင်းနဲ့ပတ်သတ်လို့ဒီလာဖျူအန်တေးကအခုလိုပဲရှင်းပြသွားခဲ့ပါသေးတယ်။ “လာမင်းကကလပ်အသင်းနဲ့နိုင်ငံအသင်းအတွက်ရာသီတစ်လျှောက်လုံးအလုပ်အရမ်းများခဲ့ပါတယ်။လာမင်းပင်ပန်းတာကပုံမှန်ပါပဲ၊သူကအရမ်းငယ်သေးပြီးအရမ်းလည်းခက်ခဲတဲ့နှစ်တစ်နှစ်ကိုဖြတ်ကျော်ခဲ့ရတယ်။သူ့မှာအနားယူချိန်နည်းနည်းပဲရှိခဲ့တယ်၊သူက၁၇နှစ်သားပဲရှိပါသေးတယ်၊လိုအပ်ရင်သူ့ကိုအနားပေးရမှာပေါ့။”လို့ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်