နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နေးရှင်းလိဂ်မှာ ဒုတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီ

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာတော့ ပေါ်တူဂီက စပိန်ကို ပင်နယ်တီ အဆုံးဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ဒုတိယ အကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပြီးတော့ ဂျာမနီနဲ့ ပြင်သစ် တို့ရဲ့ တတိယ နေရာလုပွဲ မှာတော့ ပြင်သစ်က ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာလည်း ပေါ်တူဂီ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်က ယာအို နီးဗက်စ်ကို ညာနောက်ခံလူ နေရာထား ကစားခဲ့ပြီး ဘာနာဒို ဆေးလ်ဗားကိုလည်း ကွင်းလယ် ခံစစ်နေရာမှာ ကစားစေခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီ ပွဲမှာ လူစားဝင်လာပြီး ချေပဂိုး သွင်းပေးခဲ့တဲ့ ကွန်ဆီကာအို ကိုလည်း ပွဲထွက်လူစာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ တခြားလူတွေ အနေနဲ့ ကတော့ ကော်စတာ၊ ဒီးရာ့စ်၊ အင်နာစီယို၊ မန်းဒက်စ်၊ ဗစ်တင်ညာ၊ ဘရူနို ဖာနန်ဒက်စ်၊ နီတိုနဲ့ ရော်နယ်ဒို တို့ပဲ ပွဲထွက်လာခဲ့ပါတယ်။ စပိန် ကတော့ မာရင်နို နေရာမှာ ရူအစ်ဇ်၊ ပေါ်ရို အစား မင်ကွဲဇား၊ ပက်ဒရီနဲ့ ဇူဘီမန်ဒီကို နေရာချိန်း ကစားစေခဲ့တာ ကလွဲရင် ပြင်သစ်နဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ အနည်းသာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ပြောရမယ် ဆိုရင် ဒီနေ့ပွဲမှာ ပေါ်တူဂီရော စပိန်ပါ ထိထိရောက်ရောက် ကစားသွားနိုင်တာ မတွေ့ရပါဘူး။ စပိန်က ပထမပိုင်းမှာ ခြေစွမ်း အနည်းငယ် သာခဲ့တယ် ဆိုပေမယ့် အရင်ပွဲတွေလောက်နီးနီး ခြေစွမ်းမရှိခဲ့ပါဘူး။ အဓိက ကတော့ အရမ်း မွှေနှောက်ပြီး အန္တရာယ်များပါတယ် ဆိုတဲ့ လာမင်း ယာမယ်ကို နူနို မန်းဒက်စ်က သာမန် စွမ်းဆောင်ရည်မျိုးတောင် မပြသနိုင်အောင် အိတ်ကပ်ထဲ ထည့်ပြခဲ့တာ ဖြစ်ပါတယ်။ စပိန် အတွက် ဦးဆောင်ဂိုး ကိုတော့ မာတင် ဇူဘီမန်ဒီက သွင်းယူပေးခဲ့ပြီး ၅ မိနစ် အကြာမှာတော့ နူနို မန်းဒက်စ်က ပေါ်တူဂီ အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်း ပွဲပြီးခါနီးမှာ စပိန်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး အိုရာဇာဘယ်က သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ပေါ်တူဂီက လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီးတော့ ဆီမီဒို၊ ရူဘင် နီးဗက်စ်၊ ဗိုင်ဂါ၊ ရာဖေးလ် လီယောင် တို့ ဝင်ရောက်လာချိန်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ပေါ်တူဂီ အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၆၁ မိနစ်မှာ ရော်နယ်ဒို ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူ့ အတွက် အပိုင်ကန်သွင်းခွင့် ရတဲ့ ၁ ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ ရော်နယ်ဒိုက နိုင်ငံတကာ သွင်းဂိုး ၁၃၈ ဂိုး အထိ ရရှိသွားခဲ့ပြီး ကစားသမား ဘဝ သွင်းဂိုး အရည်အတွက် ကလည်း ၉၃၈ ဂိုး အထိ ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ နေးရှင်းလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေမှာ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာရော၊ အချိန်ပို ဆက်ကစားရာမှာပါ နှစ်သင်းစလုံး ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခြင်း မရှိခဲ့လို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပဲ ပင်နယ်တီ အထိ ရောက်ခဲ့ပါတယ်။ ပင်နယ်တီ မှာတော့ ပေါ်တူဂီ ဘက်က အကုန်လုံး ဂိုးဝင်ခဲ့ပေမယ့် စပိန် ဘက်ကတော့ ထုံးစံအတိုင်း မိုရာတာ လွဲချော်ခဲ့လို့ ပင်နယ်တီ ရလဒ် ၅-၃ နဲ့ ပြီးဆုံးပြီး ပေါ်တူဂီတို့ နေးရှင်းလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပေါ်တူဂီ အတွက် နေးရှင်းလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ရရှိခဲ့တဲ့ ချန်ပီယံဆု ဖြစ်ပြီး ရော်နယ်ဒို အတွက်လည်း နိုင်ငံတကာ ဆုဖလား အောင်မြင်မှု တစ်ခု တိုးခဲ့ရတာ ဖြစ်ပါတယ်။
ခြေစွမ်းထက်မြတ်နေတဲ့ စပိန်ကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီ

ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အရင်ပွဲတွေလောက် မကောင်းခဲ့ပါဘူး။ လာမင်း ယာမယ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နူနို မန်းဒက်စ်ရဲ့ ထိန်းချုပ်မှုကြောင့် ဘာမှတော့ မတတ်နိုင်ခဲ့ပါဘူး။ မန်းဒက်စ်ဟာ ဘာကြောင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး ဖြစ်နေသလဲ ဆိုတာ သက်သေပြသွားခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ သူ့ထက် အသက်ထက်ဝက် နီးပါး ကွာဟနေတဲ့ ကစားသမားတွေနဲ့ ကစားခဲ့ရသည့် တိုင်အောင် ရရင် ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး သူ့ရဲ့ နိုင်ငံ အသင်း အတွက် နောက်ထပ် ဆုဖလား တစ်လုံး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီဟာ တစ်ပွဲလုံးမှ ဂိုးပေါက် ၂ ကြိမ် တည့်ပြီး သွင်းဂိုး ၂ ဂိုး ရခဲ့ပေမယ့် စပိန်လို အဘက်ဘက်မှာ အားကောင်းနေတဲ့ အသင်းကို ပါးပါးနပ်နပ် ကစားပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာက ချီးကျူးစရာပါ။

ပေါ်တူဂီ အတွက် နေးရှင်းလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ရရှိခဲ့တဲ့ ချန်ပီယံဆု ဖြစ်ပြီး ရော်နယ်ဒို အတွက်လည်း နိုင်ငံတကာ ဆုဖလား အောင်မြင်မှု တစ်ခု တိုးခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ တတိယနေရာလုပွဲ မှာတော့ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ်က အိမ်ရှင် ဂျာမနီကို အမ်ဘာပေး၊ အိုလီဆေး တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ရလဒ်နဲ့ အနိုင်ရကာ နေးရှင်းလိဂ် တတိယဆုကို ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးက အကောင်းဆုံး ကစားသမားဆု ရရှိသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်