နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လိဂ်တူး ကလပ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခဲ့ရတဲ့ ယူနိုက်တက် | ခရာဘောင်ဖလား

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်က လိဂ်တူး ကလပ် ဂရင်းမ်စဘီတောင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီရာသီ ပြည်တွင်း ပြိုင်ပွဲ ၃ ခုသာ ကစားရဖို့ ရှိနေတဲ့ ယူနိုက်တက် အနေနဲ့ ဆိုးရွားလွန်းတဲ့ ခြေစွမ်းနဲ့ အတူ ခရာဘောင်ဖလား ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီပွဲမှာ ယူနိုက်တက်က တိုက်စစ်မှူး ၃ ဦး စလုံးကို အထောင်ထားပြီး မိန်းနူး၊ အူဂါတေး၊ ဟဲဗန်း၊ အိုနာနာ တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။ လူစာရင်း အရ ဆိုရင် ယူနိုက်တက်ဟာ ပြိုင်ဘက်ထက် များစွာ တောင့်တင်းနေခဲ့တာ တွေ့ရမှာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကစားချိန်မှာတော့ သူတို့နဲ့ လိဂ်အဆင့်ချင်း ကွာခြားလွန်းတဲ့ အသင်းရဲ့ ဖိအားပေးခြင်း ခံခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဂရင်းမ်စဘီတောင်းရဲ့ Pressing တွေ၊ Passing တွေက တော်တော်လေး ညက်ညောနေခဲ့သလို ယူနိုက်တက် ကတော့ Long Ball တွေ ပေးပြီးသာ ကစားနေခဲ့တာပါ။ ပထမပိုင်း ပွဲချိန် ၂၂ မိနစ်နဲ့ မိနစ် ၃၀ မှာတော့ အိမ်ရှင်တို့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက် ကတော့ ပထမပိုင်းမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု အနေနဲ့ ဆက်စ်ကိုရဲ့ ခေါင်းတိုက်ချက် တစ်ကြိမ်သာ လောက်လောက်လားလား ရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဂိုးတွေ ရရှိဖို့ တိုက်စစ်မြှင့်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်အထိ ရှိခဲ့ရာမှာ လိုအပ်နေတဲ့ ချေပဂိုး ၂ ဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ၇၅ မိနစ်မှာ ဘရိုင်ယန် အမ်ဘူမိုနဲ့ ၈၉ မိနစ်မှာ ဟယ်ရီ မက်ဂွိုင်းယားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ၁၃ ကြိမ် အထိ ကန်သွင်းခဲ့ကြရပြီး ဂရင်းမ်စဘီတောင်း ဘက်က အိုဒါ တစ်ဦးတည်း လွဲချော်ခဲ့ပေမယ့် ယူနိုက်တက် ဘက်က မားသီးယက်စ်၊ ကူညာနဲ့ အမ်ဘူမိုတို့ လွဲချော်ခဲ့ပါတယ်။ အမ်ဘူမို အနေနဲ့ ပထမအကြိမ် ကန်သွင်းမှုမှာ ဂိုးဝင်ခဲ့ပေမယ့် ဒုတိယ တစ်ကြိမ် မှာတော့ ဂိုးဘားတန်းထိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ ဂရင်းမ်စဘီတောင်းကို ပင်နယ်တီ ရလဒ် ၁၂-၁၁ နဲ့ ရှုံးနိမ့်ကာ ခရာဘောင်ဖလား ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

 

သုံးသပ်ချက်

အမှန်တိုင်း ဝန်ခံရရင် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သတ်ပြီး သုံးသပ်ရတာ တဖြည်းဖြည်း ခက်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမြဲတမ်းလိုလို အားနည်းချက်တွေချည်း ပြောနေရလို့ ပြောစရာ ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာ ကတော့ ဒီပွဲမှာ ကစားသမားတွေထက် နည်းပြ ကိုပဲ အပြစ်တင်ရပါလိမ့်မယ်။ ရူဘင် အမော်ရင် အနေနဲ့ “အသင်းရဲ့ ရလဒ် ဘယ်လိုပဲ ဖြစ်နေပါစေ။ ငါ့နည်း ငါ့ဟန် အတိုင်း ဆက်သွားမယ်” ဆိုတဲ့ ခေါင်းမာမှုမျိုးကို ပြင်ဆင့်သင့်ပြီလို့ ထင်ပါတယ်။ တကယ်ဆို နည်းပြတွေဟာ ဒီလို ပွဲမျိုးမှာ အရန် ကစားသမားတွေနဲ့ လူငယ်တွေကို အခွင့်အရေးပေးတတ်ကြပါတယ်။ ဒီလို အပြောင်းအလဲတွေ ပြုလုပ်ရင်း ကနေ အခန့်မသင့်လို့ ရှုံးနိမ့်သွားတယ် ဆိုတာမျိုးက ဖြစ်သင့်ပေမယ့် အခုလို တောင့်တင်းတဲ့ လူစာရင်းနဲ့ ကစားပြီးမှ ဆိုးရွားတဲ့ ကစားကွက်၊ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ရှုံးနိမ့်ခဲ့တာ ကတော့ မဖြစ်သင့်တဲ့ အခြေအနေပါ။ ဒီတော့ အသင်း အခြေအနေ မကောင်းတိုင်း နည်းပြလဲသင့်သလား ဆိုတဲ့ အချက်ကို ပြန်စဉ်းစားသင့်ပြီ ထင်ပါတယ်။ တစ်ကိုယ်ရည် မြင်ရသလောက်တော့ ယူနိုက်တက် အနေနဲ့ ကြီးမားတဲ့ အနာဂတ်တွေ အတွက် ဒီနည်းပြနဲ့ ရှေ့ဆက်ဖို့က တော်တော်လေး ရင်လေးစရာ ကောင်းနေပါတယ်။

ပိုဆိုးတာက ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းက ကလပ် ကိုတောင် မဟုတ်ပဲ ကြားမှ လိဂ် အဆင့် ၂ ဆင့် ကွာခြားတဲ့ လိဂ်တူးက ကလပ် အသင်းငယ်လေးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမား တန်ဖိုးက ယူရို ၈၈၇ သန်း ရှိခဲ့ပြီး ဂရင်းမ်စ်ဘီတောင်းရဲ့ ကစားသမား တန်ဖိုး ကတော့ ယူရို ၃.၆ သန်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်း တန်ဖိုးခြင်း နှိုင်းယှဉ်ချက်အရ ယူနိုက်တက် အသင်းရဲ့ စျေးကွက် တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁.၁၉၇ ဘီလီယံ ရှိပြီး ဂရင်းမ်စဘီတောင်း အသင်းရဲ့ စျေးကွက် တန်ဖိုး ကတော့ အမေရိကန် ဒေါ်လာ ၄.၈၅၉ သန်းပဲ ရှိပါတယ်။ ဒီအခြေအနေမှာ ဘောလုံးက လုံးနေတာပါ။ ဘာမဆို ဖြစ်သွားနိုင်တာပဲ။ ဆိုတဲ့ အကြောင်းပြချက်ဟာ လက်ခံပေးလို့ မရပါဘူး။ ဒါဟာ ယူနိုက်တက်ရဲ့ ဘောလုံးအဆင့်အတန်း ဘယ်လောက်အထိ နိမ့်ဆင်းနေပြီလဲ ဆိုတာ ပြသခဲ့တဲ့ ပွဲဖြစ်ပြီး ဒီအခြေအနေဟာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ဒီတော့ အရာရာ နိမ့်ကျနေပြီး နလံမထူနိုင်သေးတဲ့ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ပြောစရာ ကတော့ ကုန်နေပါပြီ။ အနာနဲ့ ဆေး ခပ်မြန်မြန် တွေ့ပြီး မဝေးတော့တဲ့ အနာဂတ်မှာ အမြန်ဆုံး ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးရုံက လွဲလို့ တခြား မရှိတော့ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်