၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ဥရောပ ရွှေဖိနပ်ဆု (ဂိုးသွင်း အများဆုံး ဘောလုံးသမားဆု) အတွက် ပြိုင်ဆိုင်မှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပြီးခဲ့တဲ့ရာသီက ဆွတ်ခူးခဲ့တဲ့ ကီလီယန် အမ်ဘာပေးရဲ့ နေရာကို ဆက်ခံဖို့ ဥရောပရဲ့ ဂိုးသွင်း အကောင်းဆုံး ဘောလုံးသမားတွေ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။
ဒီဆု ကိုတော့ ဥရောပ ပြည်တွင်းလိဂ် အားလုံးမှာ ဂိုးအများဆုံး သွင်းတဲ့သူကို ချီးမြှင့်တာ ဖြစ်ပေမယ့် အမှတ်ပေးစနစ်အရ အဆင့်မြင့်လိဂ်တွေမှာ ကစားနေတဲ့သူတွေက ပိုပြီး အခွင့်အလမ်းသာတာ တွေ့ရပါတယ်။ ၂၀၀၁-၂၀၀၂ ဘောလုံး ရာသီက စပို့တင်းလစ္စဘွန်း အသင်း အတွက် မာရီယို ဂျာဒဲလ် နောက်ဆုံး ရရှိခဲ့ပြီး နောက်ပိုင်း ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခု ပြင်ပက ဘယ်ကစားသမားကမှ ဒီဆုကို ထပ်မံရရှိခြင်း မရှိသေးပါဘူး။
လီယွန်နယ် မက်ဆီနဲ့ ရော်နယ်ဒို တို့ကတော့ သူတို့ရဲ့ အကောင်းဆုံးအချိန်တွေမှာ ဒီဆုကို အကြိမ်ကြိမ် သိမ်းပိုက်ခဲ့ကြပေမယ့် အခုအခါမှာတော့ သူတို့နှစ်ဦးလုံး ဥရောပ ကနေ ထွက်ခွာသွားကြပြီ ဖြစ်တာကြောင့် တခြားသော ဂိုးသွင်းရှင်တွေ အတွက် အခွင့်အရေးတွေ ပိုရှိလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နောက်ပိုင်း မှာတော့ ဆွာရက်ဇ်နဲ့ လီဝမ်ဒေါစကီး တို့ဟာ ဒီဆုကို အကြိမ်ကြိမ် ရရှိထားခဲ့ကြပါတယ်။
ဥရောပရွှေဖိနပ်ဆုကို ဘယ်လိုဆုံးဖြတ်သလဲ?
၁၉၉၇ ခုနှစ်က စပြီး ဥရောပ ရွှေဖိနပ်ဆုကို Weighted-points-based system လို့ ခေါ်တဲ့ အမှတ်ပေးစနစ် နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥရောပထိပ်တန်းလိဂ် ၅ ခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူးဝမ်း) မှာ သွင်းဂိုး ၁ ဂိုးလျှင် ၂ မှတ် သတ်မှတ်ပါတယ်။ အဆင့် ၆ ကနေ ၂၂ အတွင်းရှိ လိဂ်များ (ဥပမာ- ဟော်လန်ရဲ့ Eredivisie, ပေါ်တူဂီရဲ့ ပရီးမီးယားလီဂါ) မှာတေ့ သွင်းဂိုး ၁ ဂိုးလျှင် ၁.၅ မှတ် သတ်မှတ်ပါတယ်။ ကျန်ရှိတဲ့ လိဂ်တွေ မှာတော့ သွင်းဂိုး ၁ ဂိုးလျှင် ၁ မှတ် သတ်မှတ်ထားပြီး ရာသီကုန်ချိန်မှာ အမှတ် အများဆုံးရရှိတဲ့ ဘောလုံးသမားက ဒီဆုကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ ရေပန်းစားနေသည့် ဂိုးသွင်းရှင်များ

၁။ ဗန်ဂဲလစ် ပါဗလီဒစ် (ဘင်ဖီကာ)
• သွင်းဂိုး: – ၁၉ ဂိုး
• မြှောက်ဖော်ကိန်း – ၁.၅
• ရမှတ် – ၂၈.၅ မှတ်
ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီလိဂ်မှာ ဗစ်တာ ယောကရက်စ် ခြေစွမ်းပြခဲ့ပြီး ဒီရာသီ မှာတော့ ဂရိ တိုက်စစ်မှူး ဗန်ဂဲလစ် ပါဗလီဒစ်က ဇယားထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက သွင်းဂိုး အရေအတွက်ကို အခုကတည်းက အမှီလိုက်နိုင်နေပြီလည်း ဖြစ်ပါတယ်။
၂။ အီဂေါ သီယာဂို (ဘရန့်ဖို့ဒ်)
• သွင်းဂိုး – ၁၆ ဂိုး
• မြှောက်ဖော်ကိန်း – ၂
• ရမှတ် – ၃၂ မှတ်
ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် ဘရာဇီးလ် တိုက်စစ်မှူး အီဂေါ သီယာဂိုက လက်ရှိမှာတော့ ဘရန့်ဖို့ဒ် အတွက် အားကိုးရတဲ့ ဂိုးသွင်းရှင် ဖြစ်လာပါတယ်။ အမ်ဘွေမိုနဲ့ ဝစ်ဆာတို့ ထွက်ခွာသွားပြီး နောက်ပိုင်း သူဟာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေသူ ဖြစ်ပါတယ်။
၃။ အာလင်း ဟာလန်း (မန်ချက်စတာစီးတီး)
• သွင်းဂိုး: ၂၀ ဂိုး
• မြှောက်ဖော်ကိန်း: ၂
• ရမှတ် – ၄၀ မှတ်
၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ဥရောပရွှေ့ဖိနပ်ဆုရှင် ဟာလန်းဟာ ဒီနှစ် မှာလည်း ဆုကို ပြန်လည် ရယူဖို့ အရှိန်အဟုန် ကောင်းနေပါတယ်။ မန်စီးတီး အတွက် ဂိုးစက် အဖြစ် ဆက်လက် အားကိုးနေရဆဲ ဖြစ်ပြီး ယခင်ရာသီကထက် ပိုမိုကောင်းမွန်တဲ့ ပုံစံကို ပြသနေပါတယ်။
၄။ ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်)
• သွင်းဂိုး – ၂၁ ဂိုး
• မြှောက်ဖော်ကိန်း – ၂
• ရမှတ် – ၄၂ မှတ်
လက်ရှိ ဥရောပ ရွှေဖိနပ်ဆုရှင် အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်မှာ ပထမဆုံးအကြိမ် ဒီဆုကို ကာကွယ်ဖို့ ကြိုးစားနေပါတယ်။ သူသာ ဒီနှစ် ထပ်ရရင်တော့ လီဝမ်ဒေါစကီး၊ ရော်နယ်ဒို၊ မက်ဆီနဲ့ အွန်နရီ တို့လိုပဲ ရွှေဖိနပ်ဆုကို နှစ်နှစ် ဆက်တိုက် ရယူနိုင်တဲ့ ကစားသမား စာရင်းထဲ ပါဝင်လာမှာ ဖြစ်ပါတယ်။
၅။ ဟယ်ရီကိန်း (ဘေယန်မြူးနစ်)
• သွင်းဂိုး – ၂၁ ဂိုး
• မြှောက်ဖော်ကိန်း – ၂
• ရမှတ် – ၄၂ မှတ်
၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ဘေယန်မြူးနစ်မှာ သွင်းဂိုး ၃၆ ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆု ရရှိခဲ့တဲ့ ဟယ်ရီကိန်းဟာ အခုရာသီမှာလည်း လီဝန်ဒေါစကီးရဲ့ တစ်ရာသီ အတွင်း ၄၁ ဂိုးသွင်းယူထားတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ပစ်မှတ်ထားနေပါတယ်။
သမိုင်းကြောင်းနှင့် စံချိန်များ
ဒီဆုကို ၁၉၆၇-၆၈ မှာ ပြင်သစ်သတင်းစာ L’Equipe က စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ပထမဆုံးဆုရှင် ကတော့ ပေါ်တူဂီဂန္ထဝင် ယူဆီဘီယို ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ ကတော့ ၆ ကြိမ်နဲ့ အများဆုံး ရရှိထားပြီး စီရော်နယ်ဒို က ၄ ကြိမ် ရရှိထားပါတယ်။ နိုင်ငံအလိုက် ကြည့်မယ်ဆိုရင် နယ်သာလန်သားတွေက ဒီဆုကို အများဆုံး (၄ ဦး) ရရှိထားဖူးပေမယ့် ၂၁ ရာစု အတွင်း မှာတော့ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီက ရွိုင်း မာကေး တစ်ဦးတည်းသာ ရရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


